သစ်ရွက်လိုင်းနဲ့ကျနေတယ်

in #esteem5 years ago (edited)

bbg2.2.2.jpg]()
ဒီနေ့အတွက် နေ့စဉ်ပွဲတွေမတိုက်ရသေးပါဘူး တစ်နေကုန် အလုပ်များနေသောကြောင့် အချိန်မရှိခါမှ သတိရနိုင်ပါတော့တယ် ဂိမ်းကလည်း နေ့စဉ် တာဝန် တစ်ခုလိုကို ဖြစ်နေပါတယ် မကစားလို့ကလည်း မဖြစ်ပါဘူး နေ့စဉ် ကဒ်လေးတွေ မရလိုက်မှာကို စိတ်ပူမိပါတယ် ဒါကြောင့် အခြား ဘာမှ မလုပ်သေးခင် နေ့စဉ် ပွဲလေး ကစားဖို့အတွက် ပြင်ဆင်ရပါတော့တယ် စာတွေကလည်း ရေးရဦးမယ် ပို့စ်တွေကလည်း တင်ရဦးမှာဖြစ်လို့ အချိန်မရှိတဲ့ကြားကနေဘဲ နေ့စဉ်ပွဲလေး ကစားဖို့ ကြည့်လိုက်ပါတယ် သစ်ရွက်လိုင်းနဲ့ဘဲ တိုးနေတော့ နည်းနည်း အမောဆို့သွားစေပါတယ် ကိုယ့်ရဲ့ သစ်ရွက်လိုင်းက အားနည်းလွန်းပါတယ် တော်တော်နဲ့ နိုင်ဖို့မလွယ်ပါဘူး အဲ့သလို အခက်အခဲဖြစ်မှာစိုးလို့ ဖလားတောင် မတင်ထားပါဘူး ယခုလက်ရှိ ဂိုးလိဒ် မှာ ကစားနေတာပါ ဖလားနှစ်ထောင့် နှစ်ရာ နား ကပ်ပြီး ကစားနေတာတောင် အခုလို အားနည်းတဲ့လိုင်းနဲ့ တိုက်ရတဲ့နေ့ဆိုရင် အဆင်မပြေတော့ပါဘူး ဘာဖြစ်ဖြစ် ကဒ်လေးတွေကိုတော့ ရသလောက်ယူထားရပါမယ် ကံကောင်းရင်လည်း တန်ဖိုးများတဲ့ကဒ်လေးတွေပါလာနိုင်ပါတယ်
ယခုဆိုရင် ရာသီလိဒ်ကလည်း ပြီးဆုံးတော့မှာပါ အချိန်လည်းသိပ်မကျန်တော့ပါဘူး လေးရက်လောက်လိုတော့တာ ဒီအချိန်ထိ ဂိုးလိဒ်မှာဘဲ ရောက်သေးတော့ တော်တော်လေးကို နောက်ကျနေပါတယ် မနက်ဖန်ကစပြီး ဖလားတင်ရပါတော့မယ် ဒိုင်းမွန်းလိဒ်ရောက်အောင် သွားမှ ဖြစ်ပါတော့မယ်

Photo Credit : https://steemmonsters.com/#
Author : @bobokyaw
@bobokyaw.jpg

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ကျေးဇူးတင်ပါသည်လို့

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.033
BTC 63945.57
ETH 3135.76
USDT 1.00
SBD 4.00