သုံးရက်တစ်ကြိမ်မှန်မှန်ဆွဲ

in #esteem5 years ago

Screenshot_2018-11-30-23-10-23.png
သုံးရက်တစ်ခါဆိုတဲ့ စံချိန်ကိုတော့ လေးကြိမ်မြောက် ဆက်လက် ထိန်းသိမ်းထားပါတယ် အဲ့........
ဟုတ်ပါတယ်လီဂန်း ကဒ်လေးကို သုံးရက်တစ်ခါ ပုံမှန်လေးရနေတာ လေးကြိမ်တိတိရှိပါပြီ အရင်ကတော့ မရလို့စိတ်မပျော်
ဘူး အခုတော့ ရလည်း သိပ်မပျော်ဘူးရယ် ဟုတ်တယ် အခုကရလည်း ဈေးကသိပ်မကောင်းတော့ဘူး ဈေးကျတာမဟုတ်ဘူး
ဈေးကို ချရောင်းကြတာလေ ရတဲ့ကဒ်မှန်သမျှ ခွက်ဈေးနဲ့ ချရောင်းတော့ သူ့ထက်ငါ အပြိုင်ချရင်း နောက်ဆုံး ဘာမှကိုမတန်တော့တာဘဲ အခုဒိည ရတဲ့ကဒ်လေးက လက်ရှိယနေ့ ပေါက်ဈေး သုံးဒေါ်လာတန်ပါတယ်
ဈေးက အင်မတန်နည်းပါတယ် မရောင်းတော့ပါဘူး သုံးလိုက်ပါတော့မယ်
အခုဆိုရင် တိုက်ပွဲလိုအပ်ချက်တွေက များနေပါပြီ ဟီးရိုးမရှိဘဲ ဖလားတက်ဖို့ မဖြစ်နိုင်တော့ပါဘူး ယောင်ပေပေလုပ်ပြီး
ဖလားတက်တဲ့ ခေတ်က ဒီရာသီမှာ အဆုံးသက်သွားပြီဖြစ်ပါတယ် တကယ်ဘဲ တိုက်ရည်ခိုက်ရည် ရှိတဲ့သူ
စစ်အင်အား တောင့်တင်းသူများသာ ထိပ်ပိုင်း ဖလားအမြင့်ပိုင်းကို သွားနိင်ပါတော့မယ်။
တိုက်ပွဲတွေ က တစ်နေ့တစ်ခြား ခက်ခဲလာပါတယ် ပြင်းထန်လာပါတယ် စိန်ခေါ်မှုတွေ ပြင်းထန်လာတဲ့နဲ့အမျှ တိုက်ပွဲတွေ
ကလည်း တဖြည်းဖြည်းခက်ခဲလာပါတယ် တစ်ပွဲတစ်ပွဲ နိုင်ဘို့ အတော်ကို ရုန်းကန်နေရပါတယ်
အခုဆို ရာဒီလက်ကျန်က ဆယ်ရက်သာကျန်ပါတယ် ဒီဆယ်ရက်မှာ ဂိုးကိုတောင် အရောက်သွားနိုင်ပါ့မလားဆိုတာ
မေးခွန်းထုတ်စရာဖြစ်နေပါပြီ အချိန်မပေးနိုင်ရင်တော့ ရောက်ဘို့မလွယ်တဲ့ အခြေအနေပါ
ဒါကြောင့် ရသမျှ ဟီးရိုးတွေကို စုဆောင်းထားသင့်ပါတယ်ဆိုတာလေး သတိပေးလိုက်ပါရစေ
များမကြာခင် ဟီးရိုးအစုံနဲ့ လေဘယ်အမြင့် ပြိုင်ဘက်တွေနဲ့သာ တွေ့ဆုံရတော့မှာဖြစ်လို့ပါဘဲ
Photo Credit : https://steemmonsters.com/#
Author : @bobokyaw
@bobokyaw.jpg

Sort:  

စစ်အင်အား တောင့်တင်းသူများသာ

အဲ့ hero ကြီး မိုက်တယ်နော် ဘဒို

Posted using Partiko Android

လန်းတော့လန်းတယ် အရင်က ကိုယ်တွေ အဆော်ခံနေရတဲ့ ဟီးရိုးကြီးပေါ့
ကိုယ်လည်း ရရော ပေးမသုံးသေးဘူးလေ့

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64014.44
ETH 3064.06
USDT 1.00
SBD 3.86