မျောက်လေးတွေဈေးကောင်းသည်

in #esteem5 years ago

monkey.jpg

အခုတလော စတင်းမွန်းစတား ဂိမ်းကစားသူ အတော်နည်းသွားတယ်ထင်ပါတယ် ဟိုဘက်က ဆေးဝါးထုတ်လုပ်ရေးဂိမ်းရဲ့
တိုက်ပွဲတွေ ဖွင့်ပေးလိုက်တဲ့ အရှိန်ကြောင့် ဒီဘက်ကို မလှည့်နိုင်ကြတော့ပါဘူး အချိန်တွေက မလောက်တော့တာဖြစ်ပါတယ် ဟိုဘက်က အခုဆိုရင် အချိန်အားတိုင်း ၀င်ကြည့်ပေးနေရတယ် ဒီအတိုင်းထားလို့မရဘူး ထားလိုက်ရင် ဟိုလူက ၀င်သမ ဒီလူက ၀င်သမနဲ့ ကိုယ်ကလည်း ဟိုအိမ်ဝင်ချောင်းလိုက် ဒီအိမ်ဝင်ချောင်းလိုက် အခြေအနေကောင်းမယ်ထင်လို့ ၀င်တိုက်လိုက် ရလာတော့ နည်းနည်းလေး တိုက်လို့ ကုန်သွားတဲ့ စစ်သားဖိုးတောင် ပြန်မလာတာတွေ ရှိသေးတယ် ဒါကြောင့် ထွက်လာသမျှ တွေကို အကုန် သုံးပြစ်ရတယ် ဈေးကွက်ကို ပို့သင့်တာလည်းပို့ အပ်ဒိတ်တင်စရာရှိတာလည်းတင် လက်ထဲ များများ ထားလို့ မကောင်းဘူး လေ ဒါကြောင့် ဒီဘက်မှာ လူနည်းသွားတာ အမြဲကစားသူတွေတော့ တွေ့တယ် သူတို့ကတော့ သူတို့ စစ်အင်အားနဲ့ ပြိုင်ပွဲတွေ ၀င်ပြိုင်ကြတော့ ကစားဖြစ်တယ်လေ ကိုယ်တွေကတော့ နေ့စဉ်ရတာလေးတွေ မျှော်ရတာဆိုတော့ ကဒ်ကောင်းတာလေးတွေ မရရင် ကစားရတာ အချိန်ကုန်တယ် အခုပေးနေတာကတော့ ရိုးရိုးလေးတွေဘဲ တစ်ရက်မှ နှစ်ကဒ် သုံးကဒ်ဆိုတော့ ဈေးကောင်းတာလေးတွေရဖို့က အခွင့်အရေး အတော်နည်းသွားပြီ အခုဈေးကောင်းတာကတော့ မျောက် နှစ်ကောင်ဘဲ သူတို့ကတော့ အပေးလည်းများတယ် ရတဲ့သူလည်းများတယ် သုံးရတာလည်း ကောင်းတော့ ဒီကောင်လေးတွေက ဈေးကွက်မှာ အရောင်းအ၀ယ်လိုက်တယ် ခက်တာက ကိုယ်တွေ အဲ့မျောက်နှစ်ကောင်ကို မမြင်ရတာကြာပြီ သိပ်မကစားဖြစ်လို့ဘဲ မရတာလား နေ့စဉ်ကဒ်ယူနိုင်တာ နည်းလို့ဘဲ မရတာလားမသိဘူး ကံမကောင်းလို့လည်းဖြစ်ပါမယ် ပြောသာပြောရတယ် ဒီရာသီ တစ်ပွဲမှ မကစားသေးဘူး နောက်သုံးရက်လောက်မှ ဖြည်းဖြည်းပြန်ကစားရမယ် ဒီကောင် အခုတလော ငြိမ်ချက်သားကောင်းနေတယ် ဘယ်အချိန် ထသောင်းကျန်းမလဲမသိဘူး ကိုယ်တွေက အဆင်သင့်လုပ်ထားရမယ် ကဒ်များများရနိုင်အောင် ဖလားတွေတင်ဖို့ အစီအစဉ် ချရတော့မယ် မေ့တော့မပြစ်ကြနဲ့ဦး ဒီကောင် ပြန်ခေါင်းထောင်လာနိုင်တယ် အားရင်တော့ ကစားထားကြဗျာ ရာသီလိဒ်ပြီးရင် ဘာတွေရမယ်မသိသေးဘူး တစ်ခုခုတော့ ထူးလာနိုင်တယ်

Photo Credit : https://steemmonsters.com/#
Author : @bobokyaw

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Magic Dice has rewarded your post with a 35% upvote. Thanks for playing Magic Dice.

Magic dice မှာ ဘယ်လောက်ရှုံးသွားလဲ ဘရို

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64107.21
ETH 3073.84
USDT 1.00
SBD 3.88