နှစ်နာရီတစ်ကြိမ်ကံကောင်းခြင်း

in #esteem5 years ago

ကျွန်တော် နေထိုင်ရာ ဖြစ်တဲ့ တရုတ်မြန်မာ နယ်ုစပ်မြို့လေးကတော့ အခုတလော နှစ်နာရီတစ်ကြိမ် ကံကောင်းခြင်းတွေ ပေးဝေလို့နေပါတယ် အရင်တုန်းကတော့ မူဆယ်မြို့လေးက နှစ်ဆယ့်လေးနာရီ မီး မပြတ်သော မြို့လေး ဖြစ်ခဲ့ဖူးပါတယ် မီးပျက်တယ်ဆိုတာ အလွန်ကြားရခဲသော စကားလုံးပါဘဲ အဲ့ဒါကတော့ ဟိုတုန်းကပါ အခုတော့ အရင်လို မဟုတ်တော့ပါဘူး
မကြာခဏ မီးပျက်လို့နေပါတယ် အခြား နယ်မြေ ဒေသတွေမှာ မီး အလှည့်ကျ ပေးဝေတယ်ဆိုတာကို သတင်းများကနေ တစ်ဆင့် ကြားဖူးခဲ့ပါတယ် ဘယ်လို အရသာ ရှိတယ် ဘယ်လို ခံစားရတယ် ဘယ်လို ဘယ်လို ဆိုတာမျိုးကို ကိုယ်ချင်းမစာနာတက်ခဲ့ပါဘူး ကိုယ်မှ မကြုံတွေ့ဖူးတာဘဲလေ အခုတော့ ထပ်တူ ထပ်မျှ ကိုယ်ချင်းစာ တက်လေပြီ
အဘယ်ကြောင့်ဆိုသော် အခုလို နွေရာသီ ရေအားနည်းသော ကာလမှာ ရေအားလျှပ်စစ်တို့ ထုံုးတမ်းစဉ်လာအတိုင်း မီးအားအပြည့် မထုတ်လုပ်နိုငတော့ဘူး လို့သိရပါတယ် ဒါကြောင့် မျှ ဝေသုံးစွဲရေး မူဝါဒအရ ဆိုရမယ်ထင်တယ် မီးကို အလှည့်ကျပေးဝေလျှက်ရှိပါတယ် ပေးပုံပေးနည်းကလည်း အနည်းငယ်တော့ ဆန့် တငင်င်နိုင်ပါတယ် နှစ်နာရီတစ်ကြိမ် အလှည့်ကျစနစ်လို့ ပြောပါတယ် နှစ်နာရီ မီးလာမယ် နှစ်နာရီ မီးပျက်မယ် တစ်ရက်မှာ ခြောက်ကြိမ် မီးလာပြီး ခြောက်ကြိမ် မီးပျက်ပါတယ်
အဲ့ဒါက မျှတတကယ်လို့တော့ ထင်စရာ ရှိပါတယ် တကယ်က ဒါဟာ အလွန် ဂွကျတဲ့ အခြေအနေပါ နှစ်နာရီမီးလာတုန်း ချက်ကြပြုတ်ကြ သုံးကြပေါ့ နောက်နှစ်နာရီကတော့ မှောင်နဲ့ မည်းမည်း သို့မဟုတ် မီးနဲ့ လုပ်တာ ဘာမှ လုပ်မရ ဘယ့်နှယ် အဲ့သလိုဆိုတော့ အဆင်ပြေတယ်မှတ်သလား ဘယ်လိုမှ အဆင်မပြေပါ အလုပ်လုပ်ရတာလည်း ဆန့်တငင်ငင် အင်တာနက်သုံးရတာလည်း ဆန့်တငင်ငင်ပေါ့ ချိန်သား ကိုက် လုပ်နိုင်ရင်တော့ မဆိုး အံလွဲလုပ်မိရင်တော့ ထမင်းဟင်းလည်း ချက်မရ စားမရဖြစ်နိုင်ပါတယ် လာမယ်ဆိုလည်း လာပါတော့လား တစ်ရက် ပျက်မယ်ဆိုလည်း ပျက်ပါတော့လား တစ်ရက် အဲပသလို ပြတ်ပြတ်သားသားသဘောကျပါတယ် အခုလာပြန်ပြီ အခုပြတ်ပြန်ပြီဆိုတာက အတော် ဂွကျပါတယ်ဗျာ

Author : @bobokyaw
@bobokyaw.jpg

Sort:  

တစ်ရက်ပျက် တစ်ရက်လာရင် အိမ်ထောင်ရှင်မတွေက
လျှပ်စစ်မီးနဲ့ ထမင်းချက်တာဆိုတော့ ထမင်းငတ်မယ်ဗျ

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.032
BTC 62482.14
ETH 3044.68
USDT 1.00
SBD 3.76