ပတ်​ဝန်းကျင်​ပျက်​ဆီးမှုအန္တရာယ်

in #esteem6 years ago (edited)

image

ယခု​ခေတ်​ကာလတွင်​ မြန်​မာနိုင်​ငံအပါအဝင်​ ကမ္ဘာ့​နေရာအနှံ့အပြား၌ ​ဂေဟစနစ်​များ ပျက်​စီးခြင်း၊ဇီဝမျိုးစုံမျိုးကွဲများ ​လျော့နည်းလာခြင်း၊​ရေအရင်းအမြစ်​များ ရှားပါးလာခြင်း၊​ရေထုနှင့်​​လေထုညစ်​ညမ်းမှုများ ဖြစ်​​ပေါ်လာခြင်း စသည့်​ ပတ်​ဝန်းကျင်​ယိုယွင်းပျက်​စီးမှု ပြသနာများကို ရင်​ဆိုင်​ကြုံ​တွေ့​နေကြရသည်​။ယင်းတွင်​ ပလတ်​စတစ်​စွန့်​ပစ်​ပစ္စည်းများ​ကြောင့်​ ပတ်​ဝန်းကျင်​ပျက်​စီးမှုသည်​ အ​ရေးကြီးအ​ကြောင်းကိစ္စတစ်​ခုဖြစ်​လာသည်​။လေ့လာဆန်းစစ်​​တွေ့ရှိမှုအရ စွန့်​ပစ်​ပစ္စည်းအားလုံး၏ ၁၀ရာခိုင်​နှုန်းသည်​ ပလတ်​စတစ်​ပစ္စည်းများဖြစ်​ပြီး ပင်​လယ်​သမုဒ္ဒရာအတွင်း နှစ်​စဉ်​အနည်းဆုံး တန်​ချိန်​ရှစ်​သန်းခန့်​ ​ရောက်​ရှိ​နေသည်​ဟု ​လေ့လာမှတ်​သားဖူးပါသည်​။
image
မကြာ​သေးမီရက်​ပိုင်းက ပင်​လယ်​ကမ်းစပ်​တွင်​ ​ဝေလငါးအ​သေတစ်​​ကောင်​၏ ဗိုက်​အတွင်းမှ ပလတ်​စတစ်​အ​မြောက်​အမြားကို ​တွေ့ရှိခဲ့သည်​။လူသားများအ​နေဖြင့်​ ပလတ်​စတစ်​ပစ္စည်းများကို အလွန်​အကျွံသုံးစွဲလာ​သော​ကြောင့်​ ပတ်​ဝန်းကျင်ညစ်​ညမ်းပျက်​စီးရမည့်​ အ​နေအထားသို့​ရောက်​လာခဲ့သည်​။ပလတ်​စတစ်​ပစ္စည်းများကို ထိန်းချုပ်​ခြင်းမရှိပါက ၂၀၅၀ပြည့်​နှစ်​တွင်​ သမုဒ္ဒရာထဲရှိ ​ရေ​နေသတ္တဝါများထက်​ ပလတ်​စတစ်​အပိုင်းအစများက ပိုမိုများပြားလာဖွယ်​ရှိ​ကြောင်း၊လက်​ရှိကာလပတ်​ဝန်းကျင်​ညစ်​ညမ်းမှုတွင်​ ပလတ်​စတစ်​​ကြောင့်​ညစ်​ညမ်းမှု၈၇ရာခိုင်​နှုန်းရှိသဖြင့်​ စိုးရိမ်​ဖွယ်​အ​ခြေအ​နေဖြစ်​​ကြောင်း သု​တေသနပညာရှင်​များက သုံးသပ်​ထားကြသည်​။

ယင်းအ​ခြေအ​နေများ​ကြောင့်​လည်း ယခုနှစ်​ကမ္ဘာ့ပတ်​ဝန်းကျင်​ထိန်းသိမ်း​ရေး​နေ့ ​ဆောင်​ပုဒ်​ကိုပင်​ "ပလတ်​စတစ်​ညစ်​ညမ်းမှုကို တိုက်​ဖျက်​ကြစို့" ဟု သတ်​မှတ်​ခဲ့သည်​။ရည်​ရွယ်​ချက်​မှာ တစ်​ခါသုံးပလတ်​စတစ်​ပစ္စည်းများ ထုတ်​လုပ်​သုံးစွဲမှုကို ​လျော့ချရန်​၊​ရေရှည်​စဉ်​ဆက်​မပြတ်​ ထိန်းသိမ်းတည်​တံ့​စေမည့်​ အခြားနည်းလမ်းများကို အချင်းချင်းမျှ​ဝေပြီး အတူတကွပူး​ပေါင်းရှာ​ဖွေ​ဖော်​ထုတ်​ကြရန်​အ​နေဖြင့်​ တိုက်​တွန်းထားသည်​ကို ကြားသိရသည်​။

လူသားအားလုံးအ​နေဖြင့်​ တစ်​ဦးချင်း တာဝန်​သိစိတ်​များဖြင့်​ ပလတ်​စတစ်​စွန့်​ပစ်​ပစ္စည်းများ​ကြောင့်​ ပတ်​ဝန်းကျင်​ညစ်​ညမ်းမှုမဖြစ်​​စေရန်​ ဝိုင်းဝန်းထမ်း​ရွက်​​ပေးရန်​လည်း လိုအပ်​လှ​ပေသည်​။ပတ်​ဝန်းကျင်​​ဂေဟစနစ်​ ပျကိစီးမှု​လျော့ကျ​စေရန်​ ပလတ်​စတစ်​ထွက်​ရှိမှု​လျှော့ချခြင်း၊ပြန်​လည်​သုံးစွဲခြင်း၊ပြန်​လည်​ပြု ပြင်​သုံးစွဲခြင်းစသည့်​ နည်းလမ်းများအ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​ရန်​လိုအပ်​​ပေသည်​။
image
စွန့်​ပစ်​ပစ္စည်းများ၊သုံးစွဲပြီးပလတ်​စတစ်​ပစ္စည်းများနှင့်​ပတ်​သက်​၍ ဆင်​ခြင်​သုံးစွဲရန်​အတွက်​အထူးအ​ရေးကြီး​သော အ​နေအထားသို့ ​ရောက်​ရှိ​နေပြီဖြစ်​သဖြင့်​ ထုတ်​လုပ်​သူများ​ရော သုံးစွဲသူများပါ အသိတရားရှိရှိ ချင့်​ချိန်​ကြရန်​လိုအပ်​​ပေသည်​။သုံးစွဲသူများအ​နေဖြင့်​ မိမိတို့ကျန်းမာ​ရေးအတွက်​ ပူ​ပေါင်းပါဝင်​ရန်​လည်းလိုအပ်​ပါသည်​။မိမိတို့၏ ​ရှေးမူမပျက်​ ကျန်းမာ​ရေးနှင့်​ညီညွတ်​​သော ရိုးရာအစဉ်​အလာ အ​လေ့အကျင့်​​ကောင်းများကို မပစ်​ပယ်​ဘဲ ဆက်​လက်​ကျင့်​သုံးခြင်းဖြင့်​ သူံးစွဲမှု​လျှော့ချခြင်း လုပ်​ငန်းစဉ်​များတွင်​ အ​ထောက်​အကူပြုနိုင်​​အောင်​ ​ဆောင်​ရွက်​ကြရမည်​ဖြစ်​သည်​။သို့မှသာ ပတ်​ဝန်းကျင်​နှင့်​သက်​ရှိများအား ခြိမ်း​ခြောက်​လာနိုင်​​သော စွန့်​ပစ်​ပစ္စည်းပလတ်​စတစ်​အန္တရာယ်​မှ ကင်း​ဝေးပြီး ​ကောင်းမွန်​သာယာ​သော ပတ်​ဝန်းကျင်​​ကောင်းတစ်​ခုကို ​အကောင်​အထည်​​ဖော်​နိုင်​မည်​မှာ မုချဧကန်​ပင်​ဖြစ်​​ပေသည်​။
MSU-035

@htoohan

Sort:  

This post has received a 0.52 % upvote from @drotto thanks to: @htoohan.

This post has received a 2.50 % upvote from @speedvoter thanks to: @htoohan.

လူ​တွေရဲ့စည်းကမ်းမဲ့ မှုမှသည်​...

ဟုတ်​ပ

Try bro.i really like you post.
စာအ​ရေးအသာညပ်​တာ​လေး.....
ဖတ်​လို့​ကောင်းပါတယ်​လို့.....။

Xo thanks,​ကျေးဇူးတင်​ပါတယ်​ဗျ

Coin Marketplace

STEEM 0.32
TRX 0.12
JST 0.034
BTC 64647.93
ETH 3160.25
USDT 1.00
SBD 4.09