ခပ်ပျင်းပျင်း အလွမ်းမင်းသားဘဝ ဆိုတာ

in #esteem6 years ago

image

အာရုံတွေမှာအကြားအမြင်မရတော့လည်း အဆင်ပြေ
ရာကို အဆင်ပြေသလိုကြိုးစားနေရတဲ့ ဘဝမျိုးကို
သာလွန်မက်မောတောင့်တနေသတဲ့လား
အဲသလိုမဟုတ်ရပါဘူးဗျာ ဘဝဆိုတာ ကိုဖြစ်ချင်သလို
ဖြစ်ချင်မှဖြစ်မှာကိုးဗျ ဟုတ်တော့လည်းဟုတ်သား
ဘဝဆိုတာ ခါးသက်သက်ကော်ဖီတစ်ခွက်လို
အချိုကနည်းသကိုး သောက်သာသောက်ရတယ်
အခါးအရသာကို တယ်အကြိုက်မတွေ့လှဘူး
မနူးမနပ်နဲ့ ဘဝကိုရုန်းကန်ရင်းက ပိုပီးဆိုးရွားတဲ့
အခြေနေကိုမရောက်ဖို့ မနည်းထိန်းသိမ်းနေရတာကို
အလွန်ပဲဟုတ်နေပါပီလေ တသသလိုလဲ
လွမ်းဆွေးနေချင်တဲ့ အခြေကိုမရောက်ချင်ဘူး
ခက်တာကလဲ ကိုယ့်ရဲ့ဘဝကိုက အဲသည်လို
ကျင်လည်ရမဲ့ ကုသိုလ်ကံများ ပါလာသလား
မှတ်ရတယ်လေ ကောင်းကိုမကောင်းတဲ့ကံပဲ
အကြံကြီးသလောက် အောင်မြင်မှုက
ဇီးရွက်လောက်တောင် မဖြစ်မြောက်သေး
အဲသလိုဘဝမျိုးကို ကိုယ်ကျင်လည်ရာဘဝတဲ့လား
အဖြေလဲမကောင်း အနေလဲမပြောင်းတဲ့
လူ့လောက ကိုယ့်ရဲ့ဘဝကလည်း
ခပ်ဆိုးဆိုး ခပ်နုံနုံ သေးသိမ်တဲ့ ရိပ်မြုံထဲက
မိသားစုမရှိတဲ့ တစ်ကောင်ကြွက်တစ်မျက်နှာဘဝ
ဒီလိုဆိုတော့လည်း ကိုယ့်ဘာသာကို
ဘယ်လိုဖြတ်သန်းရမယ်ဆိုတာ တွေးတောရင်း...။

image

ခပ်ပျင်းပျင်း အလွမ်းမင်းသားဘဝ ဆိုတာ

အာ႐ုံေတြမွာအၾကားအျမင္မရေတာ့လည္း အဆင္ေျပ
ရာကို အဆင္ေျပသလိုႀကိဳးစားေနရတဲ့ ဘဝမ်ိဳးကို
သာလြန္မက္ေမာေတာင့္တေနသတဲ့လား
အဲသလိုမဟုတ္ရပါဘူးဗ်ာ ဘဝဆိုတာ ကိုျဖစ္ခ်င္သလို
ျဖစ္ခ်င္မွျဖစ္မွာကိုးဗ် ဟုတ္ေတာ့လည္းဟုတ္သား
ဘဝဆိုတာ ခါးသက္သက္ေကာ္ဖီတစ္ခြက္လို
အခ်ိဳကနည္းသကိုး ေသာက္သာေသာက္ရတယ္
အခါးအရသာကို တယ္အႀကိဳက္မေတြ႕လွဘူး
မႏူးမနပ္နဲ႕ ဘဝကို႐ုန္းကန္ရင္းက ပိုပီးဆိုး႐ြားတဲ့
အေျခေနကိုမေရာက္ဖို႔ မနည္းထိန္းသိမ္းေနရတာကို
အလြန္ပဲဟုတ္ေနပါပီေလ တသသလိုလဲ
လြမ္းေဆြးေနခ်င္တဲ့ အေျခကိုမေရာက္ခ်င္ဘူး
ခက္တာကလဲ ကိုယ့္ရဲ႕ဘဝကိုက အဲသည္လို
က်င္လည္ရမဲ့ ကုသိုလ္ကံမ်ား ပါလာသလား
မွတ္ရတယ္ေလ ေကာင္းကိုမေကာင္းတဲ့ကံပဲ
အႀကံႀကီးသေလာက္ ေအာင္ျမင္မႈက
ဇီး႐ြက္ေလာက္ေတာင္ မျဖစ္ေျမာက္ေသး
အဲသလိုဘဝမ်ိဳးကို ကိုယ္က်င္လည္ရာဘဝတဲ့လား
အေျဖလဲမေကာင္း အေနလဲမေျပာင္းတဲ့
လူ႕ေလာက ကိုယ့္ရဲ႕ဘဝကလည္း
ခပ္ဆိုးဆိုး ခပ္ႏုံႏုံ ေသးသိမ္တဲ့ ရိပ္ၿမဳံထဲက
မိသားစုမရွိတဲ့ တစ္ေကာင္ႂကြက္တစ္မ်က္ႏွာဘဝ
ဒီလိုဆိုေတာ့လည္း ကိုယ့္ဘာသာကို
ဘယ္လိုျဖတ္သန္းရမယ္ဆိုတာ ေတြးေတာရင္း...။

Poem Writer @julybrave

Image By google.com

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by julybrave from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 63994.25
ETH 3062.19
USDT 1.00
SBD 3.94