So Sad My Fris

in #esteem6 years ago

imageအချစ်ဆိုတာ ကိုယ့်ရှေ့က ကော်ဖီခွက် ... တီးခွက်တွေလိုဘဲ ဘဝမှာ အချစ်တွေအများကြီးတွေ့နိုင်တယ်.
ခွက်တိုင်းဆီမှာ မတူညီတဲ့ ရသ နဲ့ အရောင်တွေရှိသလို ...
လူတိုင်းဆီမှာ မတူညီတဲ့ ချစ်ခြင်းပုံသဏ္ဍန်တွေ နဲ့ ကာရိုက်တာတွေရှိတယ်.

လက်ထပ်ခြင်းဆိုတာ ... ကိုယ့်ရှေ့ရှိတဲ့ ကော်ဖီခွက် ... တီးခွက်တွေထဲက ... အရသာကိုတစ်ခွက်ချင်းစီမြည်းပြီး အကြိုက်ဆုံးအရသာ ခွက်ကို လက်ကမချ ဖြစ်မိသလို ... အချစ်တွေအများကြီးထဲကမှ ကိုယ့်အကြိုက်ဆုံးတစ်ယောက်ကို လက်ထပ်ကြတယ်ပေါ့.

ခိုင်မြဲတဲ့ relationship ဆိုတာ ... ကိုယ့်လက်ထဲက ကော်ဖီခွက်လိုဘဲ ... ကိုယ်ရွေးချယ်လိုက်တဲ့ ကော်ဖီ or တီးရဲ့အရသာကို နေ့စဉ်ရိုးမသွားသလို ...
ကိုယ်ရွေးချယ်လိုက်သူ နဲ့ ဘဝတစ်လျှောက်လုံး သေတစ်ပန်သက်တစ်ဆုံး မပြောင်းမလဲ ချစ်ခြင်းမေတ္တာပေးနိုင်ခြင်းပေါ့ ( ခုခေတ်မှာတော့ သိပ်ရှားသွားပြီ )

တစ်ယောက်တည်း နေဖြစ်ခြင်းဆိုတာ ကိုယ့်ရှေ့က ကော်ဖီခွက် ... တီးခွက်တွေကို ကြည့်ပြီး ဘယ် ကော်ဖီ or တီးခွက်ကိုမှ မရွေးချယ်ခြင်းပေါ့.
ကော်ဖီ or တီး များများသောက်ရင် ရင်တုန်တတ်တယ်.
ရင်မတုန်ချင်ရင် ဘာကိုမှ မရွေးချယ် ...
တစ်ယောက်တည်းနေကြတယ်ပေါ့.
image
နှစ်ယောက်နေနေ ...
တစ်ယောက်တည်းနေနေ ...
အဓိက စိတ်အေးချမ်းဖို့လေ ...
န်တော်တို့လူ့လောကနယ်ပယ်တွင် လူပုဂ္ဂိုလ်တစ်စုံတစ်ယောက်၊အရာဝတ္ထုပစ္စည်းတစ်စုံတစ်ရာအတွက် နေရာ သည်အလွန်အရေးပါသည်။ထိုနေရာကပင် လူတစ်ဦးတစ်ယောက်အောင်မြင်ခြင်း၊ကျရှုံးခြင်း စိတ်ဓာတ်ခွန်အားအတွက် အဓိကသော့ချက်မဟုတ်ပါလား။ ယဉ်ကျေးလိမ္မာခြင်း၊ရိုင်းစိုင်းခြင်း၊တော်ခြင်း၊ညံ့ခြင်းစသည်တို့ဟာ မိမိလက်ရှိပိုင်ဆိုင်ထားတဲ့နေရာနှင့် တိုက်ရိုက်အချိုးကျနေခြင်းသာ။ မူလတန်းဖတ်စာအုပ်တွင်ပြဋ္ဌာန်းထားသော ကျေးညီနောင် ပုံပြင်ကိုသာဓကယူ၍ရနိုင်သည်။ လိမ္မာအောင်ကျင့်ကြံရမည့်နေရာရောက်တော့ ကျေးလိမ္မာဖြစ်တယ်။ ပယင်းသည် စင်စစ်အားဖြင့် ကျောက်မဟုတ်ပါ။ အဆီထွက်သော အပင်တစ်မျိုး(ထင်းရူးပင်တစ်မျိုးဟု ဆို)၏ အဆီမှ ခဲ၍ ကျောက်သားသဖွယ် ဖြစ်လာခြင်းဖြစ်သည်။ ရံဖန်ရံခါ ပယင်းထဲ၌ အင်းဆက်ပိုးမွှားများကို ပုံစံမပျက် တွေ့ရှိရတတ်ပါသည်။ နှစ်သန်းပေါင်း အနည်းဆုံး ၂၅ သန်းမှ သန်း ၅၀ အတွင်း ကြာခဲ့ပြီး ကျောက်ဖြစ်လာခဲ့သော သစ်စေးမျိုးဖြစ်သည်။ရှားပါးအနေဖြင့် နှစ်သန်း ၃၂၀ ရှိသော ပယင်းကိုလည်း မှတ်တမ်းတင်းထားကြသည်။ ပယင်းဟာ ကျောက်မျက်ရတနာ၉ပါးထဲမှာ အပေါ့ပါးဆုံးဖြစ်ပြီး မာခြင်းအဆင့် (၂.၅)သာရှိကာ သိပ်သည်းဆလည်း ၁.၀၇သာ ရှိသောကြောင့် အပူချိန်ကို ခံနိုင်ရည်မရှိပဲ ကြွေကွဲပျက်ဆီးလွယ်ပါသည်။ မီးရှိုလျှင် အလွယ်တကူ လောင်ကျွမ်းနိုင်ပါသည်။
ပယင်းအစစ်ဟာ အလင်းပေါက်ပြီး ပေါ့ပါးတာကြောင့် ဆားငံရည်မှာ ရေပေါ်ပေါ်နေနိုင်ပါသည်ည အခြားသော ကျောက်မျက်ရတနာတွေဖြစ်တဲ့ ကျောက်စိမ်း တာကွိုက်ဇ်တို့လို ကျောက်မျက်တွေဟာ အခန်းတွင်း အပူချိန်ထက် အနည်းငယ်အေးသော ဂုဏ်သတ္တိကိုရှိသော်လည်း ပယင်းမှာ လူ့အရေပြားနှင့် ထိတွေ့ပါက အနည်းငယ် ပူနွေးနေပါသည်။
အရက်ရဲ့ အရောင်ဖြစ်တဲ့ ဝါရွှေရွှေ အကြည်ရောင်ကို ပယင်းရောင်ရယ်လို့ တင်စားကြာတာ ကြားဖူးကြပေမယ့် ပယင်းမှာ နီညိုရောင် ၊ လိမ္မော်ရောင် ၊ အစိမ်း ၊ နှင်းဆီရောင် ၊ အဝါရောင် ၊ ခရမ်းရောင် ၊ အဖြူရောင်အထိ ရှိပြီး ရှားရှားပါးပါး ခရမ်းပြာရောင်အထိ တွေ့ရတတ်ပါသည်။
ဘောလ်တစ် ပင်လယ် ကမ်းခြေတစ်လျှောက်မှာ ပေါ့ပါးသော ပယင်းတွေကို ပင်လယ်ရေလှိုင်းများနှင့် ကမ်းခြေကိုရောက်ရှိလာတတ်ကာ ကမ်းစပ်တစ်လျောက်မှာ၎င်း ရေတိမ်းပိုင်းမှာ ရေငုတ်ပြီးသော၎င်း အလွယ်ရှာတွေ့နိုင်သည်။ ကမ်းခြေတစ်လျှောက် ပုံစံအမျိုးစုံ အရောင်မျိုးစုံနှင့် ပယင်းများကို အများအပြားတွေရတတ်ပြီး အပြာရောင် ပယင်းကို အထူးအရောင်းအဝယ်လုပ်ကြသော်လည်း ၎င်းအပြာရောင်မှာ ဘောလ်တစ်ဒေသထွက် မဟုတ်ဘဲ ဒိုမီနီကန်ုက ထွက်သော ပယင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ကချင်ပြည်နယ် ဟူးကောင်း တောင်ကြား တနိုင်းနယ် နှင့် စစ်ကိုင်းတိုင်း ခန္တင်္ိးနယ်တို့တွင် ထွက်ရှိသည်။ မြန်မာအပြင် ပယင်းထွက်ရှိသော အခြားနိုင်ငံများမှာ ပိုလန် ရိုမေးနီးယား ကနေဒါနှင့် အမေရိကန်တို့ ဖြစ်သည်။
မြန်မာပြည်တွင် ထွက်ရှိသော ပယင်းမှာ အရည်အသွေးကောင်းပါက တစ်ကျပ်သားလျှင် တစ်သိန်းအထိ ဈေးရနိုင်ပြီး အထက်တွင် ဖော်ပြသကဲ့သို့ သစ်ကိုင်းများ အကောင်ပလောင်များ ပါဝင်ပါက ဈေးပိုရကြောင်း သိရသည်။ တစ်ချို့ကို ကျပ်သိန်း ၅၀ အထိ ပေးကြောင်းသိရသည်။ ရွှေရောင်ပယင်းမှာ ဈေးကွက်အတွင်း လူကြိုက်များပြီး တိုင်းရင်းသား အချို့မှာ ပယင်းကို ဝတ်ဆင်လေ့ရှိကြပါသည်။ တရုတ်လူမျိုးများဟာ သွေးလည်ပတ်မှု ကောင်းစေရန်၎င်း ကံကောင်းစေရန်၎င်း ပယင်းကို အဆောင်ကျောက်အဖြစ် ဝတ်ဆင်ကြသည်။ ပွဲလမ်းသဘင်များတွင် ချမ်းသာကြွယ်ဝသူများက ဂုဏ်သိက္ခာတစ်ရပ်အဖြစ် ပယင်းကို မီးရှိုတတ်ကြသည်။မြန်မာနိုင်ငံ၏ အဓိက ဝယ်လက်မှာ တရုတ် ထိုင်းနှင့် တိဘက် နိုင်ငံတို့ဖြစ်သည်။သူခိုးထံရောက်တော့ ကျေးရိုင်းဖြစ်သွားခဲ့တယ်။တံငါနားနီးတံငါ၊မုဆိုးနားနီးမုဆိုး ဆိုတာရှေးလူကြီးတွေရဲ့ဆိုရိုးစကား အလကားထားခဲ့တယ်တော့မထင်ဘူး။မိမိပတ်ဝန်းကျင်းနှင့်အသားကျအောင်နေထိုင်ကျက်စားကြရမည်သာ။ image

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.032
BTC 61482.47
ETH 2990.09
USDT 1.00
SBD 3.67