Ma Nyar Par Nge

in #esteem6 years ago

image
ကိုယ်ကလေ ငယ်ငယ်ကတည်းက
လူကြီးတွေက အပျိုကြီးလုပ်မလား စရင်
တန်းငြင်းတာ။
လုပ်ဖူး.... လင်ယူမှာ ဆိုတာချည်းပဲ။
တကယ်လည်း ယူတာပဲ။

အချို့သော အပျိုကြီးတွေပြောနေသလို ဘဝမှာရပ်တည်ဖို့ ယောက်ျားတစ်ယောက်မလိုဘူး ဘာညာလိုမျိုး
ဘဝမှာ တစ်ယောက်တည်း မရပ်တည်နိုင်လို့ ယောက်ျားယူတာလည်း မဟုတ်လှဘူး။
အချို့သော အပျိုကြီးနှိပ်ကွပ်ရေးသမားတွေ ပြောသလိုမျိုး လူ့လောကကို တာဝန်မကျေတဲ့ အပိုပစ္စည်း ဘာညာ ဖြစ်မှာစိုးလို့လည်း လင်ယူတာလည်း မဟုတ်ဘူး။ image

မနေ့က ဖေ့စ်ဘုတ်ပွတ်ရင်း ကောမန့်တစ်ခုဖတ်လိုက်ရတယ်။ LGBTနှစ်ယောက်ရဲ့ ပိုစ့်မှာ မန့်ထားတာ။
LGBTတွေက လူ့လောကကို သစ္စာဖောက်တာဆိုပဲ။
လောကမှာ မျိုးဆက်ပွားရမယ့်ကိစ္စကို ကမောက်ကမဖြစ်အောင်လုပ်တာတဲ့။
အောက်ကတစ်ယောက်က Reply တယ်။
ဒါဆို လူပျိုကြီး အပျိုကြီးတွေကရော ဆိုတော့ အတူတူပဲတဲ့။ လူ့ပတ်ဝန်းကျင်ကို တာဝန်မကျေတာဆိုပဲ။
အယ့်လယ်.... ကြမ်းထှာ

တစ်ခါတရံ အချို့သောလူတွေရဲ့ တွေးခေါ်ပုံကို ကိုယ်လည်း လိုက်မမှီတာအမှန်။
လူ့ဘဝရလာတာနဲ့ မျိုးဆက်ပွားကို ပွားရမယ်
ဒါအရေးကြီးဆုံးလို့ ဘယ့်နှယ် ခံယူနေရတာတုန်း။
သူတို့ဘာသာ သူတို့ပိုင်ပစ္စည်းနဲ့ ယူချင်မှ ယူမှာပေါ့။
မွေးချင်မှ မွေးမှာပေါ့။
ဘယ့်နှယ် ဝင်စီမံခန့်ခွဲနေရတာတုန်း။

လင်ယူသားမွေးလုပ်နေကြသူတွေထဲမှာရော
ဘယ်သူကများ လောကကြီးကို ပေးဆပ်ချင်လို့
တာဝန်ကျေချင်လို့ဆိုပြီး မယူချင်ဘဲယူ မမွေးချင်ဘဲမွေးနေကြတာကျနေ။
ကလေးမွေးပေးတာနဲ့ပဲ လောကကြီးအတွက် ပေးဆပ်အဖိုးတန်သွားတာကျနေ။
အံ့သြပ

အဲ့လိုများဆို ရပ်ကွက်ထဲမှာ အဝတ်လိုက်လျှော်တဲ့
လင်သုံးယောက်ယူ ကလေးကိုးယောက်မွေးထားတဲ့
မထွေးလှကိုပဲ စင်ပေါ်တင် ဦးညွှတ်ရတော့မလားပဲ။
လင်ယူပြီး ကလေးမမွေးရသေးတဲ့ ကိုယ်ကပဲ
လောကအကျိုး မသယ်ပိုးနိုင်သေးရှာတဲ့ လူပိုမကြီးလိုလို။

စကားစပ်မိရင်း ပြောရဦးမယ်... လူမှုအဖွဲ့အစည်းရဲ့ အစာမကြေစရာကောင်းလှစွာသော သောက်တလွဲအချို့။ "အမြုံမ"တဲ့။
ကလေးမမွေးနိုင်တဲ့ မိန်းမတွေကို အမြုံမလို့ ခေါ်ကြတယ်။ ရှေးတုန်းကဆို ကြမ်းတပြေးတည်းတောင် မထိုင်ရဘူးတဲ့။ နှိမ်တာလေ။

လွန်ခဲ့တဲ့ရက်က ကိုယ့်တောင်လာပြီး စွတ်စွဲသွားသေးတယ်။ ကလေးမွေးစားတယ်ဆိုတော့ ကလေးမမွေးနိုင်ဘဲ မြုံနေလို့ ဖြစ်မှာပေါ့တဲ့။
ဪ... လို့ပဲ ရေရွတ်မိတော့တယ်။
မြုံနေလား ပွင့်နေလား သိချင်ရင် ...
ငါပြောလိုက်ရ မကောင်းပါဘူးလေဆိုပြီး ထွက်လုဆဲဆဲစကားကြမ်းကြမ်းတွေ ပြန်မျိုချထားလိုက်ရတယ်။
image
ကိုယ့်အမြင်ကတော့ ရှင်းရှင်းပဲ။
လူတစ်ယောက်ရဲ့ ကိုယ့်ရဲ့တစ်ကိုယ်ရည်ပိုင်ဆိုင်တဲ့ ခန္ဓာ၊ တစ်ကိုယ်ရည်ပိုင်ဆိုင်တဲ့ ဘဝကို
ကိုယ့်ဘာသာ စီမံဆုံးဖြတ်ခွင့်ရှိတယ်။
လောကအတွက် ဘာညာသာရကာတွေ လာရောင်းမနေနဲ့။ အလကား။ ကလေးယူတဲ့ ဘယ်သူကမှလည်း
လောကကြီးအတွက် ပေးဆပ်ချင်လို့ဆိုပြီး ယူတာမဟုတ်ဘူး။ စောင်ပိုတွေ။
ကိုယ့်ဘာသာ မရလို့ပဲ မယူ မယူ
မလိုချင်လို့ပဲ မယူမယူ ဘယ်သူ့အပူမှ မပါသလို
ဘယ်သူကမှ မေးငေါ့နှိမ်ချခွင့်မရှိဘူး။

LGBT တွေ အပျိုကြီး လူပျိုကြီးတွေအနေနဲ့လည်း
သူတို့ကိုယ်ပိုင်ပစ္စည်းနဲ့ သူတို့ဘာသာ
ဘာတာ မဘာတာ၊ ယူတာ မယူတာ သူတို့ကိစ္စ။
ကြားထဲက ဝင်ဖင်နာပြီး စီမံခန့်ခွဲချင်နေရအောင်
ယူတို့က အောက်ပါပစ္စည်း စီမံခန့်ခွဲရေးကော်မတီကလား။

ကိုယ့်အခွင့်အရေး ကိုယ်မသိတဲ့လူတွေဟာ
သူတပါးအခွင့်အရေးကိုလည်း နားမလည်တော့ဘူး။
လူသားတိုင်းရဲ့ အခြေခံလူ့အခွင့်အရေးလေးတွေကိုတောင်မှ နားမလည်တော့ဘူး။
ဒါနဲ့များတောင် ကြီးကြီးကျယ်ကျယ် လောကအတွက် ဘာညာသာရကာတွေ လာရောင်းနေသေးတယ်။
ပေါတောတောနဲ့။

ပါလာတာမှန်သမျှ သုံးကို သုံးရမယ်ထင်ရင်လေ
ဗိုက်ထဲက သုံးစားမရတဲ့ အူအတက်လေး ဖြတ်ပြီး
ဖျင်ထဲသာ ထိုးထည့်ထားလိုက်.. ဟုတ်ပြီလား
😝

Sort:  

Congratulations @linnthu! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.039
BTC 70112.96
ETH 3549.99
USDT 1.00
SBD 4.71