စာလေးတော့မှန်အောင်ရေးတယ်

in #esteem5 years ago

all3.jpg
ဂိမ်းတွေကစားတာကလည်း ခေါင်းတောင် မူးနေပြီ ပြန်ရတာတွေကလည်း မက်လောက်စရာဆိုတော့လေ မကစားလို့မဖြစ်ဘူး သူများတွေက ရပြီး ကိုယ်မရလိုက်ဖြစ်မှာစိုးလို့ များများကစားပြီး အမှီလိုက်နေတယ် စစ်တိုက်တာတော့ သိပ် ၀ါသနာမပါပေမယ့် အခုဂိမ်းတွေက စစ်ရေးအမြင်ရှိရမယ်ဆိုလို့ စစ်ရေး အတက်တွေတောင် လေ့လာထားသေးတယ်ဗျာ
ဟုတ်သော်ရှိ မဟုတ်သော်ရှီ ခံစစ်တို့ တိုက်စစ်တို့လောက်တော့ သိထားရမယ်လေ အခုလေ့လာလိုက်တော့ ပိုသိလာရတယ်
စစ်အသုံးစရိတ်တဲ့ ဟိုတုန်းကတော့ ဒါကို နားမလည်ဘူး အပိုအလုပ်တွေလို့ထင်တာ အခုနားလည်တက်ပြီ မှန်တယ်ဗျ
စစ်အသုံးစရိတ်ဆိုတာ အရမ်းအရေးကြီးပါတယ် ကိုယ့်တပ်အင်အား တောင့်တင်းအောင် စစ်အသုံးစရိတ်ကိုများများ သုံးပေးနိုင်ရတယ်ဒါမှ သူများနဲ့ ယှဉ်တိုက်ရင် ကိုယ်ကနိုင်မယ် နောက်ပြီး ကိုယ်က စစ်အင်အား တောင့်တင်းနေရင် ကိုယ့်ထက် အင်အားနည်းသူက ကိုယ့်ကို ရန်မစရဲဘူး ရိုသေသမှုတောင် ပြုရတယ် ကိုယ်နဲ့ မတိမ်းမယိမ်း စစ်အင်အားတွေကလည်း ကိုယ့်ကို လေးစားရတယ် ဟုတ်တယ်လေ မတိမ်းမယိမ်းပါဆို ကိုယ့်ကို ပမာမခန့် လုပ်လို့ဘယ်ရမလဲ ကိုယ်က အမြင်ကပ်လို့ ၀င်တိုက်ပလိုက်ရင် သူလည်း အကုန်ဆုံးရှုံး ကိုယ်လဲ အကုန်ဆုံးရှုံး ဒါကတော့ ညစ်တွန်းတွန်းတယ် ခေါ်တာပေါ့ မလုပ်သင့်ပေမယ့် လိုအပ်ရင် လုပ်လိုက်လို့ရတယ် အင်အားနည်းရင်တော့ ဆရာသာ ပါတ်ခေါ်တော့ ထောင် ထောင် မလုပ်နဲ့ အတွယ်ခံရနိုင်တယ်
အရေးကြီးဆုံးကတော့ စစ်အင်အား တောင့်တင်းနေဖို့ လိုအပ်တယ် စစ်ရေးအမြင်နည်းတာကိုတောင်စစ်အင်အားတောင့်တင်းနေရင် ချေဖျက်ပြစ်နိုင်တယ် ဒါကြောင့် နေ့တိုင်းထွက်သမျှ အကုန် လုံးကို စစ်အင်အားဖြည့်တဲ့ဘက်မှာဘဲ သုံးနေတယ်
ဂိမ်းကစားရတာလည်း လွယ်တော့မလွယ်ဘူး အကုန် တွေးတောနေရတယ်

Photo Credit : https://steemmonsters.com/#
Author : @mm7

Sort:  

@mm7, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.033
BTC 63036.79
ETH 3067.42
USDT 1.00
SBD 3.82