ရတာယူထားမမှားပါ

in #esteem5 years ago

all2.jpg
ရတာတွေက ကောင်းတာလား မကောင်းတာလားဆိုတာတောင် မပြောတက်တော့ဘူး ဒါကြောင့် ရတာအကုန်မျက်စိမှိတ်ယူထားလိုက်တော့တယ် နောက်မှ ကြည့်လုပ်ရမယ်နော
မနေ့ကတော့ ဒီဟာလေးတွေ ရလာတယ် စုပေါင်းစပ်ပေါင်း ပြားသုံးလေးဆယ်လောက်ဆိုတော့ ၀မ်းစတင်းလောက် ရတာပေါ့ဗျာ အရင်တုန်းကလို တစ်ရက်တစ်ရက် လေးငါးဒေါ်လာတန် မပေးတော့ပေမယ့်လည်း အခုလို နည်းနည်းချင်းတော့ ရနေသည့်အတွက် ဆက်ကစားနေမိပါတယ် ကစားနေသူ အတော်များများ နားနေကြပေမယ့် ကိုယ်တိုင်က မနားချင်ခဲ့ဘူးဗျာ
အခုလို နည်းနည်းချင်းရတာလေးတွေကို ရေအကျင်သလို ကျင်ပြီး စုထားတယ် အကောင်ကြီးကြိးတွေတော့ မထားရဲတော့ဘူး ရောင်းလိုက်တယ်လေ မနေ့ကဘဲ နဂါး အစိမ်း တစ်ကောင်ရောင်းလိုက်တာ တော်တော်ရလိုက်တယ် စတင်း သုံးဆယ်လောက်ရတယ် အသေးတွေတော့ ကိုယ်လည်း သုံးဦးမယ်ဆိုတော့ ချန်ထားတယ် နောက်တစ်ခါ ပြိုင်ပွဲ အသစ်မှာ အပြောင်းအလဲ တွေ လုပ်မယ်ကြားတယ် ဒါကြောင့် ကစားတာကို မရပ်ရဲသေးဘူး ကောင်းတာလေးတွေ ပေးမယ်လည်း ကြားတယ် စောင့်ရင်း ကစားတာပေါ့ဗျာ အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းတလည်လည်ဆိုတော့ အခြေအနေကောင်းတယ်ဆိုရင် ပြန်လာကြမယ်ထင်တယ် အလုပ်အားရင် အားသလို ကစားလိုက်တယ်ဗျာ အခြားလည်း သိပ် လုပ်တက်တာမဟုတ်တော့ ဒီထဲက ရတာလေးတွေ ဖြေးဖြေးချင် စုပြီး ယူလိုက်ဦးမယ် အလကားရတာကို နည်းတယ် များတယ် သိပ်မပြောရဲဘူး ရတာလေး ယူ များရင်လည်း ပျော် မများလည်း စိတ်မပျက်ကြေးပေါ့လေ တကယ်လည်း စိတ်မပျက်သေးပါဘူး ဆက်ကစားမယ်
စတင်းမွန်းစတားကတော့ ကိုယ်နဲ့ ထိုက်တန်သမှ်ျကို နေ့စဉ် ပြန်ပေးနေတဲ့ စစ်မှန်သော လုပ်ငန်း တစ်ခုအဖြစ် ရှိနေတုန်းပါဘဲ
ဒီထက် ကောင်းလာဖို့လည်း ရှိတယ်လို့တော့ ပြောကြတာဘဲ ကောင်းလာရင်တော့ အဆင်ပြေမှာပေါ့ အခုတော့ အားတုန်းဝင်ကစားတာလောက်ဘဲ လုပ်ဖြစ်တယ် အရင်တုန်းကလို အချိန်မပေးနိုင်တော့ဘူး ဒါကတော့ လက်ရှိအနေအထားပေါ့
Photo Credit : https://steemmonsters.com/#
Author : @mm7

Sort:  

@mm7, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 61041.41
ETH 2947.17
USDT 1.00
SBD 3.85