FPL Week-1

in #esteem5 years ago

ဒီတစ်ပတ်မှာတော့ အမှတ် သိပ်မရလိုက်ပါဘူး။ ပွဲသုံးပွဲကျန်နေသေးပေမယ့် ရမှတ်ကတော့ ၃၈ မှတ်ပဲ ရှိနေပါသေးတယ်။ အဓိက မှားသွားတာကတော့ အဂွဲရိုးကို အသင်းခေါင်းဆောင် ခန့်လိုက်မိတာပါပဲ။ သူက ၅ မှတ်ပဲ ရတော့ triple captain နဲ့မှ ၁၅ မှတ်ပဲ ရပါတယ်။ ဒီနေရာမှာ Keane ကို သာ အသင်းခေါင်းဆောင် ခန့်လိုက်မိရင် ၃၉ မှတ် အထိ ရမှာ ဖြစ်ပါတယ်။ Steem Fantasy League က အခိျု့လူတွေ ဆိုရင် ၉၁ မှတ် အထိ ရပါတယ်။ ဒီပြိုင်ပွဲမှာ အနိုင်ရဖို့ကတော့ သိပ်မလွယ်လှပါဘူး။ မြန်မာက တစ်ယောက်ကတော့ ၁၀၁ မှတ်အထိ ရထားပါတယ်။ သူ့အသင်းမှာက ကိန်း၊ ဆာလက်နဲ့ စတာလင်တို့ ပါဝင်ပါတယ်။ ဆာလက်ကို အသင်းခေါင်းဆောင်ခန့်ထားပါတယ်။ ရသင့်ပါတယ်လေ။ နောက်ပွဲတွေကို တော့ ကြည့်ရဦးမှာ။ နောက် အပတ်ပွဲမှာကတော့ မန်စီးတီးနဲ့ စပါးနဲ့ တွေ့မှာ ဖြစ်ပါတယ်။ ဂိုးအပြိုင်သွင်းကြရင်တော့ ကျွန်တော့်အတွက် ကောင်းလာမှာ ဖြစ်ပါတယ်။

oap9fy3yf8.png
Image taken from https://fantasy.premierleague.com/entry/531913/event/1

ကျွန်တော့် အသင်းတော မဟုတ်ပါဘူး။ ၁၀၁ မှတ်ရထားတဲ့ သူရဲ့ အသင်းပဲ ဖြစ်ပါတယ်။

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ပထမ တစ်ပတ်တင် ၁၀၁ မှတ်ဆို ဘယ်နည်းမလဲဗျ။ မိုက်တယ်။ တစ်ချို့ အမှတ်နည်းနည်းပဲရမယ့် အကောင်တွေတော့ လဲရမယ် ထင်တယ်ဗျ။ ခုတော့ နည်းနည်း ပို သဘောပေါက်လာပြီ။

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 62837.82
ETH 3037.45
USDT 1.00
SBD 3.80