မြင်ကြည့်ပေးပါ

in #esteem5 years ago

image
အ၀တ်အစားဆိုလဲအရင်ကဆို ခြေမျကိစိတောင်မပေါ်အောင်လုံချည်အရှည်ကြီးဝတ်ကြတယ်။အခုတော့ ဒါတွေမရှိတော့ ပါဘူး။ဒါလဲခေတ်မှိလာတာပါဘဲ။ဒါပေမဲ့တစ်ခုတော့ စဉ်းစားစရာပါ။ပညာရေးမှာခေတ်မှီတာကောင်းပါတယ်။အ၀တ်အစားတွေခေတ်မှိလာတာလဲကောင်းပါတယ်။နိုင်ငံအလိုက်တော့ ခေတ်မှိသင့် တယ်လို့ ထင်မိပါတယ်။မြန်မာနိုင်င့ဆိုတာယဉ်ကျေးမှုကိုမြတ်နိုးတဲ့နိုင်ငံ၊ကိုယ်ကျင့် သိက္ခာကိုတန်ဖိုးထားထိန်းသိမ်းတဲ့နိုင်ငံတစ်ခုပါ။သူများနိုင်ငံတွေဘယ်လိုဘဲဝတ်စားဆင်ယင်နေပါစေ ကိုယ့် ပတ်ဝန်းကျင်၊ကိုယ့် နိုင်ငံကိုတော့ ကြည့် သင့် တယ်ထင်ပါတယ်။နိုင်ငံခြားတွေမှာအတိုတွေခေတ်စားနေတဲ့အချိန်မြန်မာနိုင်ငံမှာယဉ်းကျေးမှုနဲ့သင့် လျော်တဲ့အ၀တ်တွေဝတ်နေချိန်အထူးအဆန်းလေးတောင်ဖြစ်နေမှာပါ။အတိုဝတ်မှလှမယ်ဆိုရင်အတိုဝတ်သင့် တာပေါ့။လူတိုင်းလှချင်ကြတာဘဲလေ။ဒါအပြစ်မှမဟုတ်တာ။တစ်ခုတော့ စဉ်းစားသင့် တာကတကယ်စစ်မှန်တဲ့အလှလား။ခဏတာအလှလားဆိုတာပါဘဲ။အလှတခုကြောင့် ဘ၀တခုပျက်စီးသွားမယ်ဆိုရင်မလှတာမှပိုကောင်းမယ်ထင်မိပါတယ်။ယောက်ျားလေးတွေအခုခေတ်ဝတ်ကြတာတချို့လဲကြည့် ကောင်းပါတယ်။တချို့ ကြတော့ လဲတည်ကြည်ခန့် ငြားမှုတွေဟာအ၀တ်အစားကြောင့် ရုပ်ဆိုးသွားတာလဲရှိပါတယ်။အလှတရားဟာလူတိုင်းမှာရှီပြီးသားပါ။အတုယူချင်တယ်ဆိုရင်တော့ ကိုယ့် အတွက်ကောင်းတာ၊ကိုယ့် အတွက်အကျိုးရှိတာဘဲအတုယူပြီး၊မကောင်းတာတွေကိုတော့ ဝေးဝေးကရှောင်သင့် ပါတယ်။.လူတိုင်းအတွက်အရေးကြီးဆုံးအရာဟာကိုယ့် အရည်အချင်းကိုယ်သိဖို့ နဲ့ကိုယ်မကျွမ်းကျင်တာကိုယ်မလုပ်သင့် တာကိုမလုပ်မိဖို့ ပါဘဲ။ ဖားတွေကိုတုပြီးခရုတွေလိုက်ခုန်နေရင်အိုင်ပျက်ရုံဘဲရှိသလိုမတူတာကိုမတုမိဖို့ နဲ့တုတိုင်းလဲမကောင်းနိုင်ဘူးဆိုတာကိုသတိထားဆင်ခြင်နိုင်တဲ့ခေတ်မှီတဲ့လူသားတွေဖြစ်နိုင်ကြပါစေ။
author:musethu
photo:google

Sort:  

This post has received a 3.13 % upvote from @drotto thanks to: @musethu.

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 63968.82
ETH 3136.80
USDT 1.00
SBD 4.28