Myanmar Interesting Ghost Short Story

in #esteem6 years ago (edited)

တစ္ဆေ့ရန်ငြိုး(အပိုင်း ၆)
ဒါပေမဲ့ နှစ်လလောက် ဇွဲနဲ့ဖမ်းစားတော့ မိရောဗျို့ သူတို့နှစ်ယောက်ရဲ့ စိတ်တွေကို သိပ်ထားလိုက်နိုင်ပြီဗျ
ကျုပ်နဲ့ ကိုသရဲ လုပ်ထားလိုက်တာ ဒီလင်မယား တစ်ခါတစ်ခါမှာ လူစိတ်ပျောက်ပြီး လင်မယားချင်းတောင် မမှတ်မိကြဘူးဗျ ရွာထဲက လူတွေကိုလည်း မမှတ်မိကြဘူး
သူတို့လင်မယားရဲ့သတင်းက ဘန့်ဘွေးကုန်းတို့ ထနောင်းကုန်းတို့အထိ ကျော်လို့ဗျာ
ဒါပေမဲ့ ကျုပ်တို့ ဖမ်းစားနေတာ သတ်လို့ရတဲ့အထိတော့မရောက်သေးဘူးဗျ ဒါပေမဲ့ နီးလာပြီလို့တော့ ကိုသရဲက ပြောတာပဲဗျာ
ဘာပဲဖြစ်ဖြစ် ကျုပ်ကတော့ ဒီသစ္စာမဲ့တဲ့ လင်မယားကို သတ်ရဖို့ဆိုရင် ဘယ်လောက်ကြာကြာ စောင့်ရစောင့်ရ စောင့်မယ့်ကောင်ပါဗျာ
နွေဦးပေါက်စအချိန် နှင်းကြွင်းနှင်းကျန်တွေ အကုန်ကျတဲ့ အချိန်ပေါ့ဗျာ တာတေဆိုတဲ့ ကျုပ်က အညာသားဆိုတော့ ဒီလိုအချိန်ဟာ ကျုပ်တို့ အညာဒေသဟာ အလှဆုံးဆိုတာ ကျုပ်သိတာပေါ့ဗျာ ဒီအချိန်ဆိုရင် ကျုပ်က စောစောအိပ်ရာထပြီးရွှေတောင်ဦးဘုရားကို စောစောသွားပြီး အညာရနံ့ကို ရှူရှိုက်နေကျဗျာ အခုလည်း ကျုပ် ရွှေတောင်ဦးဘုရားဘက်ကို လမ်းလျောက်ပြီး ပြန်လာတာဗျ
"ဟဲ့ တာတေ ဒီမှာ စံအေးက နင့်ကို စောင့်လို့ဟဲ့ မြန်မြန်လာ"
ဝိုင်းထဲဝင်လိုက်တာနဲ့ အမေက ကျုပ်ကို ဆီးပြောတာဗျ
"လာ လာ တာတေ စောစောစီးစီးထပြီး ဘယ်သွားတာတုံး ဘယ်ကောင်မလေးနဲ့ ချိန်းတွေ့တာတုံး မှန်မှန်ပြော"
ကိုကြီးစံအေးက ကျုပ်ကို ဆီးစတော့တာဗျ
"ကျုပ်မှာ ချိန်းတွေ့ဖို့ ဘယ်သူရှိသေးလို့တုံး ကိုကြီးစံအေးရာ လှယဉ် မရှိကတည်းက ကျုပ်မှာ ဘာမှမရှိတော့တာကိုကြီးစံအေး သိပါတယ်ဗျာ"
ကျုပ်က အိမ်ပေါ်တက်လာရင်း ကိုကြီးစံအေးကို ပြန်ပြောလိုက်တယ်ဗျ
"ခက်တာပဲ တာတေရာ မင်းကလည်း လှယဉ်တစ်ယောက်ကိုပဲ မိန်းမထင်နေတာကိုးကွ"
ကျုပ်က ဘာမှပြန်မပြောတော့ဘဲ ရယ်နေလိုက်တယ် ကိုစံအေးကို အမေက ဆေးလိပ်တွေ ဘာတွေ တည်ထားလို့သောက်နေပြီဗျ
"အမေ အဘရော ဘယ်သွားတုံး"
"နင့်အဘလည်း နင်နဲ့ ရှေ့ဆင့်နောက်ဆင့် ထွက်သွားတာပဲဟေ့ ရွှေတောင်ဦးဘုရားပွဲအတွက် အကြိုအစည်းအဝေးလုပ်မှာမို့လို့တဲ့ ရွာဦးကျောင်းကို သွားလေရဲ့"
"ကိုကြီးစံအေး စောစောစီးစီး ကိစ္စရှိလို့လားဗျာ"
"ကိစ္စရှိဆို ကိုသာဝတို့ မမြခင်တို့ စိတ်နောက်သလိုဖြစ်နေကြလို့ကွ"
"ဟင် ကားထောင်တဲ့ ကိုသာဝလား"
"အေးလေကွာ ကိုသာဝက မမြခင်ရဲ့ နောက်အိမ်ထောင်လေကွာ ပထမအိမ်ထောင်က ကိုမိုးညိုလေ ကိုမိုးညို ဆုံးတော့မမြခင်နဲ့ ကိုမိုးညို သူငယ်ချင်း ကိုသာဝတို့ ယူလိုက်ကြတယ် မမြခင်က ကိုမိုးညိုနဲ့ ကလေးတစ်ယောက်ရတယ် ကိုသာဝနဲ့ကလေးတစ်ယောက်ရတယ် အဲ့ဒီကလေးနှစ်ယောက်လုံး ကျန်ခဲ့တဲ့နှစ်နှစ်လောက်က ရှေ့ဆင့်နောက်ဆင့် သေသွားကြတာကွ"
"ဟင် ဟုတ်လား နှစ်ယောက်စလုံးလားဗျ"
"အေး နှစ်ယောက်စလုံးကွ တစ်ယောက်နဲ့တစ်ယောက် သုံးလေးလပဲ ခြားတယ် နှစ်ယောက်လုံး ဆုံးသွားရှာတာ"
"ဟင် ဟုတ်လား ဘာရောဂါတွေနဲ့ ဆုံးတာတုံးဗျ"
"ဘာရောဂါရယ်လို့ကို မယ်မယ်ရရ မရှိပါဘူးကွာ တပိန်ပိန် တလိန်လိန်ဖြစ်ပြီး သေကုန်ကြတာပဲကွ အခုလည်းမမြခင်နဲ့ ကိုသာဝတို့လည်း အကောင်းကြီးကနေပြီး စိတ်နောက်သလို ဖြစ်နေကြတယ်ကွ"
"ဟင် ဟုတ်လား အခြေအနေက တော်တော်ဆိုးနေလို့လားဗျ"
"ဟာ တာတေကလည်း တစ်ခါ တစ်ခါကျရင် လင်မယားချင်းတောင် မမှတ်မိကြဘူးကွ(ရှေ့ရက်ဆက်ရန်)

FB_IMG_1528798832122.jpg
Photo Credit

Written by msu 020
Eposoid 6

Sort:  

Bro ဝထ္ထူဇာတ်​လမ်းကိုကျွန်​​တော်​ဖတ်​​နေတာကြာပါပြီ။
Cmt မ​ပေးဖြစ်​တာပါ။ ကျွန်​​တော်​​ဝေခွဲးမရဖြစ်​​နေလို့ပါ။
ဒီအပိုင်း​တွေက ကိုယ်​တိုင်ဖန်​တီး​​ရေးသားထားတာလား?မှီးငြမ်း​ရေးသားထားတာမျိုးလား?....
စာသာ အထားအသို အ​တွေး ဇာတ်​ကွက်​​တွေက တကယ့်
စာ​ရေးဆရာ​တစ်​​ယောက်​လို professional ဆန်​​နေလို့ပါ။
ခုလို ​ပြေားလို့ စိတ်​မရှိပါနဲ့။ အရမ်း​ကောင်းလွန်း​နေလို့ ​​မေးတာပါ။

ဖတ်​ရတာပြုံပင်​​လေးအတိုင်းပဲ ဖတ်​လို့​ကောင်းတယ်

Congratulations @myatminkhant! You received a personal award!

Happy Birthday! - You are on the Steem blockchain for 1 year!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64207.05
ETH 3065.15
USDT 1.00
SBD 3.87