ဘာ​တွေမှန်းမသိဘူးး😁😁

in #esteem6 years ago (edited)

image
ကိုယ့်​အသိညီမ​လေးတ​ယောက်​ ခိုးရာလိုက်​သွားတယ်
ညီမ​လေးက ကိုယ့်​ထက်​လပိုင်းပဲငယ်​​ပေမယ့်
ကျောင်းမှာကျ ကိုယ့်​ထက်​ တတန်းငယ်​တယ်
သူက ကိုယ့်​ထက်​အရပ်​ပိုပုသလို မျက်​နှာကလဲ က​လေးမျက်​နှာဘယ်​လိုမှချွတ်​မရ​တော့
သူ့ကို​ တက္ကသိုလ်​နောက်​ဆုံးနှစ်​​ကျောင်းသူလို့​ပြောရင်​ ဘယ်​သူမှမယုံကြဘူး
ယုံတာတခု​တော့ရှိတယ်​ ၇တန်း​ကျောင်းသူလို့​ပြောရင်​​ပေါ့
ငယ်​ငယ်​​လေးတည်းက စာအရမ်း​တော်​သလို
မိဘရဲ့ပံ့ပိုးမှု အား​ကောင်းတာ​ကြောင့်
ရည်​မှန်းချက်​လဲအရမ်းကြီးတယ်
ကိုယ်​နဲ့တူတာတခုက စကားလုံး​တွေအမြဲတမ်း​လေ​ပေါ်ပျံ​နေတာပဲ 😁

ရန်​ကုန်​​ရောက်​​တော့လဲ သူစိတ်​ဝင်​စားတဲ့
ဘာသာစကားတခုကို ​သေချာသင်​တယ်​​ပေါ့
ကိုယ်​တို့အဆက်​အသွယ်​​တောင်​အ​တော်​ပြတ်​သွားကြ​သေး
ဗြုန်းဆို မ​နေ့တ​နေ့က ခိုးရာလိုက်​သွားတယ်​ဆိုတဲ့ သတင်းကြားတယ်
ကိုယ့်​မိဘ​တွေ​ရော ​မောင်​နှမ​တွေကပါ
သူ့ကို ဘယ်​လိုမှမထင်​ထားဘူး​ပေါ့
ငယ်​ငယ်​​လေးနဲ့ ရည်​မှန်းချက်​ကလဲ အရမ်းကြီး​တော့
အားလုံးကဝိုင်းနှ​မျှောသလိုပုံစံမျိုး​တွေ​ပြောကြတယ်
ကောင်​​လေးလဲ သူနဲ့ယှဉ်​ရင်​ ပညာအရည်​အချင်းကနိမ့်​တာကိုး
(ကိုယ့်​အမြင်​အရ​တော့ ကိုယ့်​လက်​တွဲ​ဖော်​ကို ဘွဲ့ဘယ်​နှစ်​ခုရရမယ်
ပညာဘယ်​​လောက်​ထိတတ်​ရမယ်​ဆိုတဲ့ ​ပေတံမျိုးမတိုင်းတတ်​​တော့
ဒီအ​ပေါ်မှာ ဘားမှမ​ပြောပါဘူး
တ​ယောက်​နဲ့တ​ယောက်​ နားလည်​မှု ယုံကြည်​မှုနဲ့
တ​ယောက်​အ​ကောင်းအဆုံးကို တ​ယောက်​က နားလည်​နိုင်​သ​လောက်​နားလည်​​ပေးတယ်
အကြမ်းအားဖြင့်​​တော့ ဒီ​လောက်​ပဲ)

အဲ​တော့ ကိုယ်​​ပြောချင်​တာက လူတ​ယောက်​ကို
ဘယ်​သူကမှ သူက​တော့ ဒီလိုဖြစ်​​နေလို့ ဒီအလုပ်​မျိုးမလုပ်​​လောက်​ပါဘူး
သူ့မှာ​တော့ ဒီလိုအ​တွေးအ​ခေါ်​တွေရှိလို့ ဒီလိုအ​ပြောမျိုးမ​ပြော​လောက်​ပါဘူးဆိုပြီး ကိုယ်​တခါမှမ​တွေးဖူးဘူး
လူတ​ယောက်​ကို ကိုယ့်​အမြင်​တခုတည်းနဲ့
သူက​တော့ဒီလိုပါဆိုပြီး ပုံ​သေတွက်​မထားဘူး
လူမှန်​ရင်​ လူလုပ်​​လေ့လုပ်​တတ်​တာမှန်​သမျှအကုန်​လုပ်​တတ်​တယ်
လူ့စိတ်​ဟာ အချိန်​ ​နေရာ ​ဒေသအ​လျောက်​​ပြောင်းလဲတတ်​တာနဲ့အမျှ
သူ့အပြုအမူ​တွေလဲ ​နေ့စဉ်​နဲ့အမျှ အနည်းအများ​ပြောင်းလဲမှာပဲ
ဒီအ​ပေါ်မှာ တခါမှ ကိုယ်​သံသယမရှိဘူး

နောက်​ထပ်​ဥပမာတခုက
ဒီရက်​ပိုင်းကိုယ်​လုပ်​ချင်​​နေတဲ့ အလုပ်​တခုနဲ့ပတ်​သတ်​ပြီး​ငွေလို​နေတယ်
သူများဆီကလဲမ​ချေးချင်​ ​ငွေစုဖို့လဲအချိန်​မစောင့်​ချင်​တာနဲ့
ကိုယ်​ရစရာရှိတဲ့သူဆီက ​ငွေ​လေးပြန်​​တောင်းမိတယ်
အဲဒီလူဟာ ရန်​ကုန်​မှာ တိုက်​နဲ့ကားနဲ့ အတန်​သင့်​​ပြေလည်​ပြီး
နယ်​ဘက်​​တွေမှာပါ သူ့စီးပွား​ရေး​တွေရှိပါတယ်
အပြင်​မှာလဲ (အရင်​က)ဂုဏ်​သ​ရေရှိလူတ​ယောက်​ပါ
လက်​ရှိလဲသူ့မှာလုပ်​ငန်း​တွေလုပ်​​နေပါတယ်
ကိုယ့်​အ​နေနဲ့ သူ့ဆီကပိုက်​ဆံ​ချေးတာမဟုတ်​သလို
အတင်းဓားပြတိုက်​သလို​တောင်း​နေတာလဲမဟုတ်​ပါဘူး
ကိုယ်​​ငွေလို​နေတဲ့အ​ကြောင်းကို ​ပြေ​ပြေလည်​လည်​ပဲ​ပြောပြပီး
ရနိုင်​မလားလို့အကျိုးအ​ကြောင်းလှမ်း​မေးတာပါ
မရနိုင်​ရင်​လဲ ရိုက်​မ​တောင်းပါဘူး
ဒါ​ပေမဲ့ ကိုယ့်​ကိုအကျိုးသင့်​အ​ကြောင်းသင့်​ပြန်​​ပြော​ပေးဖို့​ကောင်းပါတယ်
ခု​တော့ ကိုယ့်​ကို အချိန်​အမျိုးမျိုးပတ်​ချိန်းပီး
တကယ့်​တကယ်​ဖုန်းမဆက်​ရင်​လဲလုံးဝမကိုင်​​တော့ပဲ
ကိုင်​ရင်​လဲ အဲလိုပဲထပ်​ချိန်း​နေတာပါ
ကိုယ်​ပြန်​​တောင်းတဲ့​ငွေဟာ ဆယ်​သိန်းမပြည့်​ပါဘူး
သူ့အ​နေနဲ့မ​ပြေလည်​ရင်​လဲ ကိုယ့်​ကိုပွင့်​ပွင့်​လင်​လင်း​ပြောနိုင်ရက်​နဲ့
တမင်​​ဝေ့လည်​​ကြောင်​ပတ်​လုပ်​​နေတာပါ
(မ​ပြေလည်​စရာအ​ကြောင်း​တော့မရှိပါ)
အဲဒီလူဟာ သူ့လုပ်​ငန်းမှာ​ရော online​ပေါ်မှာပါ
ဂုဏ်​သ​ရေရှိလူတ​ယောက်​လို​နေတာပါ

တခြားအဲလိုပဲ ဆင်​တူအဖြစ်​အပျက်​​တွေအများကြီးမို့
ကိုယ်​​တော့ ဘယ်​သူ့ကိုမှ သူက​တော့ဒီလိုအလုပ်​မျိုးမလုပ်​​လောက်​ပါဘူးလို့ တရား​သေတွက်​မထားဘူး
ကိုယ်​လုပ်​​ပေးနိုင်​တာရှိရင်​ လုပ်​​ပေးမယ်
ကူညီနိုင်​တာရှိရင်​ အတတ်​နိုင်​ဆုံးကူညီမယ်
လူတ​ယောက်​နဲ့ပတ်​သတ်​ပြီး အများကြီးမ​တွေးဘူး
အများကြီးမ​မျှော်​လင့်​ဘူး
လက်​ရှိ ပစ္စုပ္ပန်​ကိုပဲ​တွေးတယ်
ပစ္စုပ္ပန်​မှာပဲ ကိုယ်​စွမ်းသ​လောက်​ကူညီ​ပေးလိုက်​တယ်​...
ခွက်​ဒစ်​ တစ်​​နေရာရာကကူးလာသည်​😝😝

Sort:  

This post received a $0.105 (15.44%) upvote from @upvotewhale thanks to @pockerlay! For more information, check out my profile!

This post has received a 5.41% upvote from @lovejuice thanks to @pockerlay. They love you, so does Aggroed. Please be sure to vote for Witnesses at https://steemit.com/~witnesses.

This post has received a 5.65% upvote from thanks to: @pockerlay.
For more information, click here!!!!

If you use our Robot before your post has 1 day and get an Upvote greater than 1%, you will automatically receive Upvotes between 1% and 10% as a bonus from our other robots.

Do you know, you can also earn passive income after every bidding round simply by delegating your Steem Power to @minnowhelper?
you can delegate by clicking following links: 10 SP, 100 SP, 500 SP, 1000 SP or Another amount

Help support @minnowhelper and the bot tracker by voting for @yabapmatt for Steem witness! To vote, click the button below or go to https://steemit.com/~witnesses and find @yabapmatt in the list and click the upvote icon. Thank you.

Voting for @yabapmatt

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.040
BTC 70846.59
ETH 3567.69
USDT 1.00
SBD 4.79