ချစ်ခဲ့သော်လည်း... ( ဇာတ်သိမ်း )
ရွှေရည်အတွက်တော့ သည်နေ့သည် အပျော်ဆုံးဖြစ်လေသည်။ ဖြူလွသော ဇာဂါဝန်ပေါ်တွင် ပုလဲလုံးလေးများက တွဲလဲခိုနေကာ လှပလွန်းသော သတို့သမီးဝတ်စုံလေးကို ကြည့်မဝဖြစ်နေသည်။ မိတ်ကပ်ဒီဇိုင်နာမှ စိတ်ကြိုက်ဖန်တီးထားသော မှုန်နေသည့် လှလွန်းသည့် မျက်နှာလေးနှင့် သူမကို သူမ ကျေနပ်နေမိသည်။ ရွှေရည်၏ မေမေသည်လည်း သမီးချောလေးကိုကြည့်ရင်း တစိမ့်စိမ့် ချစ်မဝဖြစ်နေရရှာလေသည်။
'' ကဲ မင်္ဂလာချိန်နီးပြီ သမီးရေ သွားကျရအောင် မောင်နေဇော်တို့ကော မင်္ဂလာခန်းမကို ရောက်နေလောက်ပြီ''
မင်္ဂလာမောင်နှံ စုံတွဲရုပ်လေးဖြင့် လှပစွာ ပြင်ဆင်ထားသော မင်္ဂလာကားလေးပေါ်သို့ သတို့သမီးလေးသည် ကျော့ရှင်းစွာ တက်လာပါသည်။ ထို့နောက်ဖြေးညှင်းစွာမောင်းထွက်သွားသော ကားလေးကို ကြည့်ရင်း ရွှေရည့် မိဘများသည် ချစ်သမီးလေးအတွက် ဂုဏ်ယူနေမိလေသည်။
မင်္ဂလာခန်းမရှေ့ရောက်သည်နှင့် အသင့်စောင့်ဆိုင်းနေကျသော ရွှေရည့် သူငယ်ချင်းများက အပြေးလေး လာကြိုကျသည်။
'' လှလိုက်တာ ရွှေရည်ရယ် နတ်သမီးလေး ကိုယ်ထင်ပြသလိုဘဲ''
'' အမယ် မြှောက်နေပြန်ပြီ ငါ့ မင်္ဂလာဆောင်မှာ အဝစားကျသိလား''
'' ဒီလောက်နဲ့ မရဘူးနော် ရွှေရည် ငါတို့ အတွက် သီးသန့် တစ်ဝိုင်း ဒီညနော်''
ပြောပြီး ဝိုင်းရယ်မောကျလေသည်။ ရွှေရည်လည်း ရှက်ရယ်လေး လိုက်ရယ်နေလေသည်။ ထိုအချိန် နေဇော့် မိဘများရောက်လာကာ
'' နေဇော်ကော သမီး ''
'' ရှင် သမီးနဲ့ မတွေ့ဘူး အန်တီ''
'' သမီး နောက်ကျနေလို့ဆိုပြီး ထွက်သွားတယ်လေ ၁၅မိနစ်လောက်တော့ရှိပြီ မတွေ့ကျဘူးလား''
'' မတွေ့ဘူး အန်တီ မေမေတို့တော့ အနောက်က ကားနဲ့ လိုက်လာကျတယ် မေမေတို့နဲ့များ တွေ့မလားဘဲ သမီး ဖုန်းဆက်ကြည့်လိုက်မယ်''
'' ဟဲလို မေမေ နေဇော်နဲ့တွေ့လား သမီးကို ကြိုဖို့ ထွက်သွားတယ်တဲ့ မတွေ့ဘူးလား ဟုတ် မေမေ''
'' ဟာ ဒီကော ဘိတ်သိတ်ချိန်က နီးနေပြီ ဧည့်သည်တစ်ချို့တောင် ရောက်လာကျပြီ အမေကြီး နင့် သားကို ဖုန်းဆက်စမ်း အခု ရောက်ရာနေရာကနေ အမြန်ပြန်လာလို့''
'' စက်ပိတ်ထားတယ်တဲ့ အဖေကြီး''
'' ဟာ ဒုက္ခပါဘဲကွာ မောင်ကျော်ဇင်ရေ နေဇော့်ကို လိုက်ရှာစမ်းကွာ အရှက်တွေတော့ ကွဲကုန်တော့မှာဘဲ''
ရွှေရည်သည် အရုပ်တစ်ရုပ်လို နေရာတွင် ရပ်ကာ ငိုင်နေမိလေသည်။ ပါးပြင်ပေါ်သို့ မျက်ရည်ပေါက် ကြီးငယ်တို့သည် တစ်လိမ့်လိမ့်ကျဆင်းနေလေသည်။ အသံတော့မထွက်။ ဝမ်းနည်းခြင်း ရှက်ခြင်းတို့ကြောင့် နုလုံးသားတစ်ခုလုံး တင်းကျပ်စွာ ဆွဲစုတ်ထားသည်နှယ်။ နေဇော့် မိဘများ၏ တောင်းပန်တိုးရှိုးသံများ ရွှေရည် မိဘများ၏ ရှက်ခြင်းနဲ့အတူ ပေါက်ကွဲထွက်လာသော ဒေါသများ မင်္ဂလာပွဲလာကျသော ဧည့်သည်များ၏ တီးတိုး စကားသံများ။ ရွှေရည်သည် နားနှစ်ဖက်ကို ပိတ်ကာ လမ်းတစ်လျှောက်ပြေးထွက်သွားမိလေသည်။
'' သမီးလေး မပြေးနဲ့ သမီး သမီးလေး''
အရှုးတစ်ယောက်လို သူမ အထိန်းအကွပ်မဲ့စွာ ပြေးထွက်လာမိတော့သည်။ ထိုနောက် သူမ ပြန်သတိရလာတော့ သူမ အခန်းလေးထဲက ကုတင်ပေါ်ရောက်နေပြီ။ မင်္ဂလာ ဝတ်စုံအစား ချည်သား လက်ရှည်ဝတ်ဆင်ထားသည်။ ဆံနွယ်ခွေတွေ ဆံပင်ဖြောင့်ဖြောင့် စင်းစင်းလေးက ကုတ်ပေါ်ဝဲကျနေသည်။ မိတ်ကပ်တွေ မရှိတော့ နှုတ်ခမ်းနီတွေ မရှိတော့။ ထို့ အတူ နေဇော်လည်း မရှိတော့။ သူမ နားလည်လိုက်ပါသည်။ သူမ ကုတင်ခေါင်းရင်းတွင် တင်ထားသော မင်္ဂလာမဆောင်ခင် တစ်ရက်အလိုက နေဇော် ပို့ခိုင်းလိုက်သော သည်ပန်းစည်းနှင့် စာသားတစ်ချို့။ သူမ ကောင်းကောင်းနားလည်လိုက်ပါပြီ။
'' ငါ မငိုတော့ဘူး နေဇော် ပြီးတော့ နင့်ကိုလည်း ငါ မလွမ်းတော့ဘူး အရမ်း ချစ်ခဲ့ပေမဲ့ အခု နင့်ကို ငါ မုန်းနိုင်သွားပြီ ငါရဲ့ အလျော်အစားက ကြေးကြီးလွန်းပါတယ်ဟာ''
ပန်းတစ်ချို့ ဝေလျှက်။ တစ်ချို့ နွမ်းလျှက်။ အဖြုရောင် စက္ကူ ကတ်ပေါ်တွင် မင် အနီဖြင့် ရေးခြစ်ထားသောဟစာတန်းလေးကတော့ သစ်လွင်ဆဲဖြစ်ပါသည်။
'' ယောက်ျားတစ်ယောက်ရဲ့ လှပစွာ လက်စားခြေခြင်းဆိုတာ ဝိုင်နီ တစ်ခွက်တော့ မဟုတ်ဘူး ရွှေရည်''
ပြီးပါပြီ။
@suhlaing
msc 175
မိုက်တယ်ဟ လွန်းစုစု
Posted using Partiko Android
လိမ္မာပါတယ် ဦးမင်းရဲ့
စာပြန်ရေးတော့မှ မစုရဲ့ ဇာတ်သိမ်းပိုင်းနဲ့ ဆုံနေတယ် ... အသစ်တွေ ထပ်တွေ့ရဦးမှာပေါ့
ကိုစောရဲ့ နည်းပညာပိုလ့်တွေ မဖတ်ရတာ ကြာပြီနော့်
လက်စားခြေခြင်းတဲ့လား...
Posted using Partiko Android
ဟုတ်ပရှင်
ဒါက အချစ်ဝတ္ထုတိုမဟုတ်လားမစု
Posted using Partiko Android
အတိုတော့ မကဘူး ဝတ္တုရှည် ဖြစ်မယ်
ဟ ဟ မကျီးကိုးပင် သဲကိုးဖြာက ရက်စက်လွန်လှပါလားကွယ်ရို့
ယောက်ျားမာယာတွေ့တယ် မဟုတ်လား ဘထွေး
ရိုက်ချက်က ပြင်းလှချည်လားဗျာ။
ဒါကြောင့်ပြောကျတာ မကျည်းကိုးပင်လို့
ဟင်လုံးချင်းထုပ်ရအောင်ပါဆို
ဒါဆိုတိုသေးတယ် အဟီးး
ဝတ္တု ရှည်တော့ ရတယ်ဟုတ်
ဟာ..မိုက်တယ် စုရာ goodပဲ မယ်ကြည် အကြိုက်😊😊နောက်ထက်ရေးအူး
Posted using Partiko Android
steemရှိနေသရွှေ့တော့ ရေးနေရအုံးမှာပါ မယ်ကြည်ရေ
ဝိုင်နီတောင်သောက်ချင်လာပြီ
ဆုတောင်းလေး ပြည့်စေ
လက်စားချေတဲ့အချစ်ဖြစ်သွားတာပေါ့နော်အစ်မ။ကောင်းမွန်လှပါတယ်။
အချစ်ကနေ လက်စားချေကျတော့ အမုန်းဖက်သွားကျတဲ့ ဇာတ်လေးပါ ကျေးဇူးပါရှင့်