အကြံအဖန်မဟုတ်အမှန်အကန်ရေးမည်

in #esteem5 years ago (edited)

image
အခြေအနေတွေကတော့ဝင်းကျော်အတွက်ကောင်းခြင်းတွေကဖိတ်ခေါ်လို့နေပြီ။အီးစတင်း၏စပေါ့ကိုရ ရှိနိုင်ရေးအတွက် နည်းမျိုးစုံဖြင့်ကြိုးစားခဲ့ဖူးသည်။အရင်တုန်းကတော့သူ့ရဲ့စပေါ့ရရှိခဲ့ပါသော်လည်း မရတချက်ရတစ်ချက်မဟုတ် ဆယ်ရက်ကိုတစ်ကြိမ်လောက်ရဖို့ရန်အလွန်ခက်ခဲခဲ့သည်။ဒီလိုနဲ့စိတ်ဓါတ်ကျပြီး စာရေးပို့စ်တင်သည့်အလုပ်ကိုဝင်းကျော်သည်ပစ်ထားခဲ့လိုက်တော့သည်။ယခုလိုဈေးကျချိန်သည်ဝင်းကျော်အတွက်ကံများကောင်းခဲ့သည်လား? ကံဇာတာတွေကတက်လိုနေခဲ့သည်ဟုသာမှတ်ချက်ချမိသည်။လေခဲ့တယ် ပေခဲ့တယ် တေခဲ့တယ်လေ။ယခုတော့အမှန်အကန်လုပ်တော့မယ်ဟုတွေးထားရင်းနဲ့ပါ။အီးစတင်းရဲ့စပေါ့သာနေ့စဉ်ရခဲ့မယ်ဆိုရင်ပေါ့ဗျာ။ပေးရင်ရေးမည် မပေးရင်နားမည့်သဘော တောင်းနေသူကခက်မာမာဖြစ်နေလို့ သဘာဝတော့မကျလှ သူ့စပေါ့ကိုရှိနိုင်ရေးအတွက် အချိန်များစွာပေးခဲ့ရဖူးတာတချိန်ကပေါ့။ယခုတော့ရေးတင်လိုက်တိုင်း အီးစတင်းကပေးခဲ့လေပြီ။ဒီအတွက် နေ့တိုင်းရေးနိုင်ဖို့အတွက် ကလောင်တံကို ခြောက်သွေ့မသွားရလေအောင် တစ်ရက်တစ်ပုဒ်ရေးတင်နေမိခဲ့လေသည်။အီစတင်းက ကျွန်တော်ရဲ့စာရေးအားကို တစ်ဖြေးဖြေးနဲ့တိုးတက်လာပေတော့မည်။ရေးချတင်ပြနိုင်ရေးအတွက် ကုန်ကြမ်းများစုဆောင်းထားရမည်မှာ ကျွန်တော်၏တာဝန်သာကျန်ပေတော့သည်။
author:@winkyaw
photo:credit google images

Sort:  

This post has received a 3.13 % upvote from @drotto thanks to: @winkyaw.

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63855.79
ETH 3113.00
USDT 1.00
SBD 4.04