တွေ့သမျှကူးချ.၂၄.

in #esteem6 years ago

အခန်း.၃.၅.
ဟာ...ဒီလူနဲ့ ဒီလူတွေ ပြောနေရမယ့်သူတွေ မဟုတ်ပါဘူး ကိုစောအောင်ရာ..ခင်ဗျား ကောင်းမယ်ထင် သလိုသာ စီစဉ်စမ်းပါ..အဲ့ဒီနှစ်ကောင် စာမကျက်ဘဲ စ ကားကြီးများနေရင် တွယ်သာတွယ်..ကျွန်တော့်သားကို လည်း ခင်ဗျားကိုပဲ အပ်တယ်´´ ဖေဖေ့စကားကြောင့် ရန်ကော လင်းလင်းပါ ရယ်မိသည် လင်းလင်း၏ ဖခင် ဦးစောင်အောင်က ပြုံးရင်း...စကားများလို့  တွယ်ရရင် ရန့် ကို တွယ်ရမှာ မ
ဟုတ်ဘူး ကိုတက်နိုင်ထွန်း လင်းလင်းကိုပဲ တွယ်ရမှာ
ကျွန်တော့် သမီးအကြောင်း ကျွန်တော်သိတယ် ဒီနှစ်စိတ်
လိုလက်ရလေး ဒီလိုဖြစ်လာတာပဲ ကျေးဇူးတင်နေရ
သေးတာ´´
ရန့်  ဖေဖေက ရယ်ပီး...
သိပ်တော့ မထူးပါဘူးဗျာ...အဲ့ဒါထက် သူတို့  ဒီနှစ် ကျူရှင်လေးဘာလေး ပို့ ဖို့ ကော ဘယ်လိုစီစဉ်ထား လဲ..ကျွန်တော်ကတော့ ခုထိ ဘာမှ မစဉ်းစားရသေးဘူး´´ကိစ္စမရှိပါဘူး အဲ့ဒါလည်း မပူနဲ့ ကျွန်တော်
ကားတစီးသတ်သတ် စီစဉ်ထားတယ်..သူတို့  ကျူရှင်
တက်ဖို့ ချည်းပဲ..သမီးကလည်း ရန်တက်တဲ့ ကျူရှင်ပဲ
တက်မယ်ဆိုတော့ နှစ်ယောက်လုံးတွက် အခက်အခဲမရှိ
တော့ပါဘူးလေ´´
ကောင်းပါတယ်..ခင်ဗျားအိမ်မှာ စာကျက်ဖို့  စီစဉ်ထားတော့ သူတို့  နားမလည်တာရှိလည်း အကြီး တွေကို မေးလို့ ရတာပေါ့..ဒါ့ထက် ကိုစောအောင် သမီး အကြီးက နောက်ဆုံးနှစ်နော်´´ဟုတ်တယ် ကိုတက်နိုင်ထွန်း သူတို့ အတွက်
ကလည်း တာဝန်မသေးဘူး..ဘယ်တတ်နိုင်မလဲဗျာ သူ
တို့ ဘဝလေးတွေ အဆင်ပြေသွားဖို့ ပဲဟာ..ကဲ...ဒါဖြင့်
ကျွန်တော်တို့ ပြန်မယ်လေ..နက်ဖန်ညလောက်က စပြီး
စာကြည့်ကြအောင် စီစဉ်လိုက်မယ်လေနော်´´
ရန့် ဖေဖေက ခေါင်းညိတ်သည်...
လင်းလင်းတို့ သားအဖ ပြန်သွားပီးနောက် ဖေဖေက ရယ်
ရင်း...
မထူးပါဘူး ရန်ရာ စာကျက်ရင်းနဲ့ ကိုစော အောင်သမီးသာ မင်းရအောင် ပိုးထားလိုက်ပါတော့..ကို စောအောင် ကြည့်ရတာလည်း မင်းကို သဘောကျပုံ ပါပဲ ဟုတ်တယ်မလား အမေကြီး..ဟား...ဟား´´ ပြောရင်းနှင့် မေမေ့ဘက်ကိုပါ လှည့်ပီး စစ်ကူတောင်းသ လိုလှမ်းကြည့်သည်..ရန့် မေမေက မျက်စောင်းထိုးရင်း...ကလေးတွေ မဟုတ်ကဟုတ်ကတွေ ပြော
မနေစမ်းပါနဲ ကိုတက်..သူတို့ ဟာသူတို့  အေးဆေးနေပါ
စေ´´
ဖေဖေက တဟားဟားရယ်ရင်း...
အောင်မာ...သူတို့ ဟာသူတို့  အေးအေးနေ တယ်လို့  မင်း...ဘယ်သူပြောလဲ ငါထင်တာတော့ ငါပြော တာတောင် နောက်ကျနေပီထင်တာပဲ..ဟုတ်လား ရန်´´ ရန် မျက်နှာရဲသွားသည်..ရှက်ကိုးရှက်ကန်းဖြင့်...ဟာ...ဖေဖေကလည်း မဟုတ်ပါဘူး´´ဟု ပြန်ပြော၏...
သို့ သော် ရင်ထဲမှာတော့ နွေးတေးတေး ဟာတာတာနှင့်
ဘယ်လိုဖြစ်မှန်းရယ် မသိ ။

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64359.90
ETH 3105.50
USDT 1.00
SBD 3.87