လေဖြန်းခြင်း

in #health5 years ago


ကျွန်တော်ပါးတစ်ဖက် ရွဲ့သွားတယ် မြန်မာလိုဆို လေဖြန်းတာပေါ့။ ဖြစ်သွားရတဲ့အကြောင်း ဖုန်းတစ်လုံး လုပ်အားခမရပဲ သုံးညလောက် အိပ်ရေးပျက်ပြီး ကြိုးစားလိုက်တာ နေ့စဉ် pc ရှေ့ထိုင်တာတွေ့ရော အာရုံကြောအားနည်းတာတွေရော ဇတ်ကြောတက်တာတွေရော စုံပြီး သွေးတိုးလာတယ် အဲအချိန်မှာဖြစ်သွား ဆေးသောက်တယ်။ နောက်နှစ်ရက်ရှိတော့ တိုင်းရင်းဆေးခန်းမှာ နှစ်ရက်ကူတယ်။ လေးရက်မြောက်တဲ့အထိ မကောင်းသေးဘူး။ လေးရက်မြောက်နေ့မှာ ဘာဆေးမှလဲမသောက်တော့ ဆေးခန်းလည်းမပြတော့ သောက်ခဲ့တဲ့ ဆေးအရှိန်တွေရယ် စက်နဲ့ဆွဲထားတာတွေရယ်နဲ့ တော်တော်နားနေတယ်။ ခုတော့ ခန္ဓာကိုယ်က ဆေးအစွမ်းတွေရယ် အာရုံကြောအားဆေးတွေကြောင့် အလိုလို recover လုပ်နေပါတယ်။ ဟိုနားကတုန်းလိုက် ဒီနားကလှုပ်လိုက်နဲ့ auto repair လုပ်နေပါပြီ။ လုံးဝကြီးမပျောက်သေးပေမဲ့ ကောင်းနေပါပြီ။ ဘာကြောက်ဖြစ်တာလဲ? ဦးနှောက်ကိုသွားတဲ့ သွေးကြောတွေ ယာယီပိတ်စို့သွားတဲ့အတွက်ပါ။ သွေးကြောတွေပိတ်သွားတယ်ဆိုရင် ဖြစ်ပေါ်လာသည့် ခံစားမှုတွေကတော့ မျက်စိအမြင်နှစ်မျိုးမြင်ခြင်း၊ ပါးရွဲ့ခြင်း၊ မျက်စိတစ်ဖက် မှိတ်မရခြင်း၊ ခြေလက်ထုံးကျင်ကိုက်ခဲခြင်း စတာတွေ ခံစားရပါတယ်။ လေဖြတ်ခြင်းရဲ့ အစဆိုတော့ ဂရုစိုက်ပြီး ကုသရပါတယ်။ ဒီထက်ပိုဆိုးသွားလျှင် ခန္ဓာကိုယ်သေသွားတဲ့အထိဖြစ်နိုင်လို့ပါ။

ရှောင်ကျင်ရမည့်အရာတွေကတော့ -

အရက်/ဘီယာအလွန်းမသောက်ရ

သွေးတက်စာတွေ မစားရ

ကျန်မာရေးလိုက်စားရမယ်။ လေ့ကျင့်ခန်းလုပ်ရမယ်။

ဖြစ်ပွားနိုင်သူများ

    အောက်ဖော်ပြပါလူများဟာ လေဖြန်းခြင်းကို ပိုမိုခံစားရနိုင်ပါတယ်။
  • အသက်အရွယ်ကြီးရင့်သူများ
  • မိသားစုမျိုးရိုးရှိသူများ
  • သွေးတွင်းရှိကိုလက်စထရောပမာဏများသူများ
  • သွေးတိုးရောဂါရှိသူများ
  • ဆီးချိုရောဂါရှိသူများ
  • နှလုံးရောဂါရှိသူများ
  • အဝလွန်သူများ
  • အငန်နှင့်အဆီအဆိမ့်အစားများသူများ
  • မူးယစ်ဆေးသုံးစွဲသူများ
  • အရက်သေစာအလွန်အကျွံသောက်စားသူများ
  • သန္ဓေတားဆေးသုံးသောအသက် 35 နှစ်ကျော်အမျိုးသမီးများ၊
  • သွေးကြောကျဉ်း၍ခြေထောက်အောက်ပိုင်းသွေးလျှောက်နည်းသောရောဂါရှိသူများ


Posted from my blog with SteemPress : https://news.sannaychi.com/?p=129
Sort:  

ကျန်းမာရေးကို ဂရုစိုက်ပါဗျာ။ ကျန်းမာနေရင် ဒါတွေက ဘယ်အချိန် လုပ်လုပ် ရပါတယ်။ ပြီးတော့ အလုပ်တွေကို priority ခွဲလုပ်ပါ bro ရယ်။

Posted using Partiko Android

အင်းစိတ်ပေါ့ တစ်ချိန်လုံးအားငယ်ခဲ့ရတဲ့ဘဝတွေကို မလိုချင်တော့တဲ့စိတ်ပေါ့။

Posted using Partiko Android

ကိုယ်ချင်းစာ တယ် bro။ ကျနော်လည်း ခံစားဖူးလို့

Posted using Partiko Android

ဗဟုသုတရပါတယ်broရေ

Posted using Partiko Android


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 63968.82
ETH 3136.80
USDT 1.00
SBD 4.28