ဝေလငါး အိပ်မက်

in #life6 years ago

@bobokyaw.jpg
ကျုပ်တို့တွေ နေ့စဉ် စာရေးကြတယ်ဗျာ အဆင်ပြေအောင်ဖန်တီးရေးဖွဲ့ကြတယ်။ ဟိုတုန်းက စာတစ်ကြောင်းတောင်
ဖြောင့်အောင် မရေးဖြစ်ခဲ့တာ အခုတော့ စာတစ်ပိုဒ် စာတစ်ပုဒ် ဖြစ်မြောက်အောင် ရေးနိုင်ကြပြီပေါ့။ ဘာစောတွေ
ရေးနေလဲဆိုရင်တော့ စတီးမစ် ကကြီးရေက ခခွေးရေ ခ ဆိုပြီး စတီးမစ် မူကြိုစာတွေ ရေးနေတယ်ပေါ့ဗျာ
စာတက်ခြင်းမတက်ခြင်းထက် ကျောင်းနေပျော်အောင် ကျောင်းနေတက်အောင် ကျောင်းဆိုတာ အိမ်နဲ့မတူကွဲပြား
ခြားနားတယ်ဆိုတာကို မူကြို ကာလမှာ မသိမသာနဲ့ သိသိသာသာ သင်ယူကြရတာပေါ့လေ
ဟော............... အခုလည်း ဒီလိုပါဘဲ စတီးမစ် မူကြိုကာလမှာ အားလုံးသင်ယူနေရတယ်။ သင်ယူနေကြတယ်
လေ့ကျင့်နေကြတယ်လို့ ဆိုကြပါစို့ဗျာ...........

ငယ်တုန်းကတော့ အဖေအမေ လူကြီးသူမတွေမေးတယ် သားသားရေ.........သားသားအခုစာတွေသင်နေပြီ
စာတွေတက်နေပြီနော်....... သားသားကြီးလာရင် ဘာလုပ်မှာလဲ ...... မေးတယ်လေ။ မေးကြတယ်ပေါ့
ဟိုတုန်းကတော့ ဘယ်လိုဖြေကြတယ်ဆိုတာ မမေ့လောက်ဘူးထင်ပါတယ်။ တစ်ယောက်တစ်မျိုးနှစ်မျိုး
ဖြေကြမှာပါဘဲ အများအားဖြင့်တော့ ဆရာဝန်ကြီးလုပ်မယ်။ အင်ဂျင်နီယာကြီးလုပ်မယ် စစ်ဗိုလ်ကြီးလုပ်မယ်လို့
ဖြေကြသည်ပေါ့ ကောင်းပြီလေ အခု ခင်ဗျားတို့ ကျွန်တော်တို့ စတီးမစ် မူကြိုကာလမှာ စတီးမစ်စာတွေ အခြေခံ
ကကြီးခခွေး မပီတပီ အော်ဆိုပြီး စာတွေတက်နေ သင်နေ ဆဲ ကာလပေါ့ဗျာ

တစ်စုံတစ်ယောက်က မေးပါမယ်။ အခုတော့မူကြိုကလေးပေါက်စ ငါးသန်သေးနုတ်လေးတွေပေါ့.. တစ်နေ့ မင်းတို့
ကြီးလာရင် ဘာတွေလုပ်မည်လဲ မေးပါတယ်ဆိုပါစို့......... ကဲ ဘယ်လိုဖြေကြမည်လဲ စိတ်ထဲရှိတဲ့အတိုင်းဖြေကြည့်
ကြပါစို့.............
စိတ်ကူးအတွေးထဲမှာတော့ မဆိုင်းမတွ ပြန်ဖြေမိပါတယ်။ တစ်နေ့ ဝေလငါးကြီး တစ်ကောင်ဖြစ်ရမယ် စတင်းပယ်လယ်
ပြင်ကြီးကို နေရာစုံအောင် ကူးခတ်သွားကြည့်မယ် ပင်လယ်ရေအောက် အနက်ရှိုင်းဆုံး ချောက်ကြီးတွေထဲ ဆင်းကြည့်
မယ် ကဘာ့နေရာအနှံ့ ချေဆန့်ကြည့်မယ် အဲ........ ငါးဆိုတော့ ခြေထောက်မပါလောက်ဘူး......... ထားပါ ...
အတောင်ပန်ဆန့်ကြည့်ချင်တယ်ပေါ့ဗျာ....... စိတ်ကူးအတွေးထဲမှာတော့ တစ်နေ့တစ်မျိုးမရိုးရအောင် အနာဂါတ်ကိုပုံ
ဖော်ကြည့်မိတာပါဘဲ.......

ငယ်တုန်းက ဖြေခဲ့ဘူးတယ် ကြီးလာရင် ဆရာဝန်ကြီးလုပ်မယ် တကယ်ကောဆရာဝန်ဖြစ်လာတာ ဘယ်နှစ်ယောက်
ရှိမည်လဲ အင်ဂျင်နီယာကြီးလုပ်မယ် တကယ်အင်ဂျင်နီယာကြီးဖြစ်လာတာ ဘယ်နှစ်ယောက်ရှိသည်လဲ။ စစ်ဗိုလ်ကြီး
လုပ်မယ် တကယ်စစ်ဗိုလ်ဖြစ်လာတာ ဘယ်နှစ်ယောက်လောက်ရှီမည်လဲ။ တစ်ချို့လည်း ရည်မှန်းထားသည့်အတိုင်း
တစ်နေ့ တကယ်ကိုဖြစ်လာခဲ့တယ် တစ်ချို့လည်း အတန်းတွေတစ်တန်းပြီး တစ်တန်းအောင်သွားတယ် အတန်းတွေ
ကြီးလာတယ် အခြားရည်မှန်းရာပန်းတိုင်တွေ ဆီပြောင်းလဲရောက်၇ှိသွားကြတယ်။ အချို့ကတော့ ငယ်စဉ်က ရည်မှန်း
ရာပန်းတိုင်ကိုလည်းမရောက်ဘူး နောက်ထပ်ပန်းတိုင်အသစ်ဆီလဲ မလှမ်းနိုင်ခဲ့ဘူး။ လမ်းခုလပ်မှာတင် ကျန်ရစ်ခဲ့ကြရ
တယ် ပန်းတိုင်ရောက်သွားသူက အရေအတွက်အလွန်နည်းပါတယ်။

အဆင်မပြေခြင်းတွေ အခက်အခဲတွေကြောင့် ရည်မှန်းရာပန်းတိုင်မရောက်ကြတဲ့အခါ ငယ်စဉ်ကရည်မှန်းချက် စိတ်ကလေး မျှော်လင့်ချက်လေးက ငုတ်လျိုးလို့သွားပါတယ် နောင်တစ်ချိန်မှာတော့ အဲ့ဒီအငုတ်စိတ်လေးက ပြန်ပေါ်လို့
လာတယ်။ ဒါပေမယ့် ပြင်ဆင်မရတဲ့ ဘ၀လမ်းကြောင်းတွေက အရှေ့နဲ့အနောက်လိုပါဘဲ။ အငုတ်စိတ်လေးကို ကိုယ်အမြင့်
ဆုံးစွမ်းဆောင်နိုင်ခဲ့တဲ့ မှတ်တမ်းလေးတွေနဲ့ ဖြေသိမ့်ကြရတယ် ဖြေသိမ့်မိတက်ပါတယ်။

ဝေလငါးကြီးဖြစ်ေအာင်တော့ ရည်မှန်းလုပ်ဆောင်ပါ။ လုပ်ဆောင်မှုတိုင်းမှာ အမြင့်ဆုံးအောင်မြင်မှုလေးတွေကို တေးမှတ်ထားပါ ဒီအတွက် ဂုဏ်ယူဝမ်းမြောက်ပါ။ အငုတ်စိတ်လေးတွေ တစ်နေ့ပြန်ပေါ်လာတဲ့အခါ ဖြေသိမ့်စရာ
အောင်မြင်မှု မှတ်တမ်းလေးတွေကို မေ့မပြစ်လိုက်ပါနဲ့။ ဒါပေမယ့် ဝေလငါးကြီးတစ်ကောင် အိပ်မက်ကိုတော့
ရိုက်ချိုးမပြစ်လိုက်ပါနဲ့။ ပင်လယ်ပြင်ကြီး ဘယ်လောက်ကျယ်တယ် ပင်လယ်ရေအောက်ကအလှတွေ ဘယ်လိုခန်းနား
တယ်ဆိုတာကို သိချင်စိတ်လေး ထက်သန်နေသရွေ့တော့။ ဝေလငါးအိမ်မက်က ရှင်သန်နေဦးမှာပါဘဲ။
@bobokyaw

Sort:  

ဝေလငါးဆိုလို့ နေ့တိုင်းကြည့်ကြည့်နေတဲ့ငါတွေထဲက အတော်လေးကြီးတဲ့ငါတစ်ကောင်လောက်တော့ဖြစ်ချင်ပါ့ဗျာ……
နောက်ဆယ်နှစ်လောက်ဆိုရင်တော့……

အမှန်တကယ် ကြိုးစားရင် သုံးနှစ်လောက်ဆိုရင် ဖြစ်နိုင်ပါတယ်

မောတော့မောတယ်လေ ထင်သလောက်တော့လွယ်ဘူးရယ်

စိတ်မပျက်ပါနဲ့လေ အဆင်ပြေသွားမှာပါ ကြိုးစားထားပေါ့

You got a 1.63% upvote from @postpromoter courtesy of @bobokyaw!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

Thanks you postpromoter.

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.039
BTC 69735.97
ETH 3533.64
USDT 1.00
SBD 4.72