ဇာတ်ရှိန်ကတော့ တက်နေပြီ

in #life6 years ago (edited)

@bobokyaw.jpg
စတင်းဈေးကလည်း အီလည်လည်နဲ့ တင်းခံနေတယ် အပေါ်မရောက် အောက်မရောက်နဲ့လေ
ဆုတောင်းကမပြည့်သေးဘူး တက်ပါစေဆုတောင်းတာ မြင်တဲ့သိတဲ့အတိုင်း ဆန့်တငင်ငင်နဲ့
ကြက်ကြီးလည်လိမ်သလို အပေါ်မတက်အောက်မဆင်း နဲ့ ခံစားရအတော်ခက်ပါတယ်
နောက်ဆုတောင်းတစ်ခုက ဆင်းပါစေ ပေါ့ အဲ့လိုလည်း မဟုတ်ပြန်သေးဘူး
ဆင်းပါဆိုလည်း မဆင်းဘူးလေ ဒီအတိုင်းဖြစ်နေတော့ တကယ်ကို မအီမလည်ဖြစ်ရတာပေါ့
ခွချက်လုပ်ပြီး ဆုတောင်းတာတောင် ဆုတောင်းကမပြည့်နိုင်ရှာပါဘူး။ ကံများကိုယ့်ဘက်မပါ
သေးရင် အဲ့သလိုဘဲ ဘယ့်နှယ်ကွယ် တက်ရင်လည်း ရှိတာလေးနဲ့ ကျေနပ်မယ်
ဆင်းသွားရင်လည်း အတိုအစလေးတွေစုပြီး ၀ယ်မယ်စိတ်ကူးတာ
အခုတော့ဗျာ တောမရောက်တောင်မရောက်နဲ့ပါ။ လေဘာတယ် စတင်းဈေးရယ်

အခုတလော ကံက သိပ်မလိုက်ပါဘူး မှန်းချက်နဲ့ နှမ်းထွက်လည်း မကိုက်ပါဘူး
လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့တော့ ဒီနေ့စကားပြောဖြစ်တယ် သူက နားနေတာကြာပြီ
စိတ်လေပြီး ဆက်မလုပ်ဖြစ်တော့တာ။ သူ့ကိုလဲ အားပေးရသေးတယ် ။ မကြာခင်စတင်းဈေး
မိုးထိုးသွားရင် ပါးစပ်ကြီးဟပြီးကြည့်နေရလိမ့်မယ်လို့။ ဟုတ်တယ်လေ အဲ့အခါကိုယ်လည်း
မကယ်နိုင်ဘူးပေါ့။အခုက လှိုင်းလုံးကြီးကြီးတစ်လုံး ရိုက်ခက်မယ့် အရိပ်အခြေက ပြနေပြီ
တက်သွားရင်းတော့ ဘာမှလုပ်မထားရင် သောက်ကျိုးနည်း စတင်းရယ်လို့ ဖြစ်ကုန်မယ်
ဒီတော့ အခုအချိန်လေးရှိတုန်း အပြေးလိုက်ခဲ့ပါလို့ သွားခေါ်ရတာပေါ့။ ကျန်မနေခဲ့စေချင်ပါဘူးလေ

နောက်တစ်မျိုးရှိသေးတယ်။ စတင်းအကြောင်း စကားစမြည်း ပြောဖြစ်တော့ စိတ်ဝင်စားတဲ့
အပေါင်းအသင်းတစ်ချို့ပေါ့။ ခက်သည်က အွန်လိုင်းမန်းနီး အခြေခံလောက်မှ ကြားဖူးနားဝ
မရှိသေးတော့ သူ့ကို တွဲခေါ်ဖို့အတော်ခက်တယ်။ တွဲခေါ်သည်ထားဦး စိတ်ပါဝင်စားမှုနဲ့
ယုံကြည်မှုအားနည်းနေရင် ခေါ်သူက ငပေါလူလိမ်ဖြစ်မယ့် ကိန်းဆိုက်နေတော့တယ်လေ
စတီးမစ်ဆိုတာကလည်း ရော့အင့်ဆိုပြီး ပေးကောင်းတဲ့အရာမဟုတ်ဘူးမလား
လက်သည်ချည့်အားကိုးနေလို့မှမရတာ ကိုယ့်ဘက်က အားစိုက်မှုလေး အနည်းအများတော့
လိုအပ်တယ်လေ။ အကောင့်တစ်ခုရပြီး သူများရတာ ရေးတာ ထိုင်ကြည့် ထိုင်ဖတ်နေလို့တော့
ဘာမှ မလုပ်တာကမှ သာလို့ကောင်းဦးမယ် မဟုတ်လား။ ခက်တော့ ခက်သား ........

ရှိပြီးသားနားလည်ပြီးသား လူကို ထိန်းကျောင်းရတာထက် အသစ် အသစ်ကို အစပြုရတာ
ပိုခက်ခဲတဲ့သဘောရှိတယ်။ဒီတော့ ဆက်မလုပ်ဘဲနေတဲ့ မိတ်ဆွေကိုဘဲ နားလည်အောင်
အခြေအနေလေး နွှေးပေးရတာပေါ့။မကြာခင် လှိုင်းရိုက်သွားတဲ့အခါ နည်းသည်များသည်
အသာထား အလိုက်သင့်လေး ပါသွားရင်တော်ပြီပေါ့။ ကျန်နေခဲ့မှ လိုက်ခဲ့ချင်ရင် မရနိုင်တော့ဘူးလေ
ဘာပြောပြောပါ စတင်းကတော့ ဇတ်ရျိန်တက်နေပြီဆိုတာ ခံစားမိနေပြီ ရင်ခုန်စရာတော့ ကောင်း
တော့မယ်ထင်ပါတယ်။

@bobokyaw

Sort:  

မျောချင်ရာသာမျောတော့ဗျာ စိတ်ပျက်ချင်လာဘီရေး

စိတ်မပျက်နဲ့လေ အခက်အခဲကတော့ ဒီလိုဘဲ ရှိနေမှာဘဲလေ

This post has received a 2.34 % upvote from @booster thanks to: @bobokyaw.

ကျေးဇူးတင်ပါတယ် ဘုတ်စတားကြီးရေ

You got a 1.62% upvote from @postpromoter courtesy of @bobokyaw!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

Thanks you @postpromoter
ကျေးဇူးပါ

ပြောခဲ့ပြီးတဲ့စကားအတိုင်းဖောင်းလိုက်ပြားလိုက်ပါပဲဗျာ
ပြားနေတာလေးကနေ တစ်ပြားမှမကျန်လဲဗျာ……ကိုယ်တက်နိုင်သလောက်ကတော့
နည်းနည်းခြင်းဝယ်ထည့်ပြီး ရှေ့ဆက်သွားမှာပဲဗျာ

စိတ်တွေ ပါသွားပြီဆိုတော့ ဒီလိုဘဲ သွားတော့မယ်လေ

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.031
BTC 60936.15
ETH 2921.43
USDT 1.00
SBD 3.70