"မာန နှင်းဆီ"

in #life6 years ago

"မာန နှင်းဆီ"

"​ခွေးဟ...ထွက်​ရိုက်​လိုက်​ကြစမ်းပါ "

"ဟိုမိန်းက​လေး ​ပြေး... ​ပြေး"
တိခနဲတိတ်​ကျသွားပီးမှ အားလုံး စုပြုံ​အော်​ကြပြန်​သည်​။ထိုစဉ်​ ​ဘေးလမ်းကြား​လေးထဲက​နေစက်​ဘီး​လေးတစ်​စီး ဘွားခနဲ​ပေါ်လာ၏။
စက်​ဘီးသည်​ လမ်းအတိုင်းမသွားပဲ​မေ့ထံသို့​ပြေးလွှားသွားသည့်​​ခွေးရူးဆီကို တစ်​ရှိန်​ထိုး တန်းဝင်​သွားသည်​။
"ဒုန်း"
"ဂါး"
"​သေပီဟ...​ကောင်းတယ်​"
ခွေး၏မျက်​နှာကို​ရှေ့ဘီးနဲ့ဖတ်​တိုက်​ပစ်​လိုက်​သဖြင့်​ စက်​ဘီးအရှိန်​​ကြောင့်​ ​ခွေးရူး နှစ်​ပတ်​,သုံးပတ်​လည်​သွားသည်​။
ပြီး​တော့မှ ဗုန်းခနဲပစ်​လဲ၏။ ဒါ​ပေမဲ့ ​ခွေးရူးကြီးက ​ခေါင်း​ထောင်​လာကာ...
အ​ကြောဆွဲ​နေသလိုလို၊ပြန်​ထဖို့ကြိုးစား​နေသလိုလိုနှင့်​ ကုန်းရုန်းလှုပ်​ရှား​နေ​သေးသည်​။စက်​ဘီးကလည်း ​နောက်​တစ်​ပတ်​ပြန်​ပတ်​လာပီး​ခွေးနားမှာ ​ခြေ​ထောက်​ရပ်​ပစ်​လိုက်​၏။ လက်​ထဲမှာပါလာသည့်​ အုတ်​နီခဲကျိုးနှင့်​​ခေါင်းကိုပဲ ​သေချာဆ၍ပစ်​ထည့်​လိုက်​သည်​။ခွေးရူးထံမှ'အု'ခနဲညည်းသံတစ်​ချက်​ပဲ ထွက်​သည်​။ဖုတ်​လိုက်​ ဖုတ်​လိုက်​ အသက်​ရှူ​နေ​သေး​ပေမယ့်​ လုံးဝ​ခေါင်း​ထောင်​မလာ​တော့​ပေ။
"​ကောင်းတယ်​​ဟေ့ အားလုံး အန္တရာယ်​ကင်းသွားပီ"
ဈေးနီးဝန်းကျင်​မှာရှိ​နေကြသည့်​ လူ​တော်​​တော်​များများ ​ပြေးထွက်​လာပီး မ​သေ​သေးသည့်​​ခွေးရူးကို တစ်​​ယောက်​တစ်​ချက်​ ဝိုင်းရိုက်​ပီး ဇီဝိန်​​ခြွေ​ပေးလိုက်​ကြ၏။
"ဟိတ်​"
ခွေးရူးကြီး ​ဥွေားသည်​နှင့်​ဆွဲခြင်းကြီးကိုင်​ကာ လမ်း​ပေါ်သို့ဦးတည်​သွား​နေသည့်​သူမကို အမုန်းကလက်​ခုပ်​တီး​ခေါ်လိုက်​သည်​။သူမ​ခြေလှမ်းတန့်​သွားတာမြင်​​တော့ စက်​ဘီး​လေးတွန်းကာသူမအနား ခပ်​သွက်​သွက်​​လျှောက်​သွားကာ...
"နင်​ငါ့ကို မသိဘူးလား"
ပျော့​ပျော့ ပါးပါး နီ​ကြောင်​ကျားဆံပင်​များရှည်​လျားစွာအုပ်​ဖြာကျ​နေသည့်​ဆံပင်​ဖရိုဖရဲနှင့်​ စူးလက်​​နေသည့်​မျက်​လုံးပိုင်​ရှင့်​ သူ့ကို ​မေကချက်​ချင်းပဲဝင့်​ကြည့်​၏။ပြီး​တော့​ရှေ့ကိုဆက်​ခနဲပြန်​လှည့်​ကာ...
"မသိစရာလား"
အမုန်းက ​ကျေနပ်​စွာ​ခေါင်းညိတ်​လိုက်​ပီး...
"ငါ့နာမည်​ မုန်းမာန်​ခ၊နင့်​နာမည်​​ရော..."
ဒုတိယအကြိမ်​ စူးလက်​သည့်​သူမ အကြည့်​ကလက်​ခနဲ​ရောက်​လာပြန်​သည်​။ပြီး​တော့မဆီမဆိုင်​...
"နင်​က ဧည့်​သည်​လား?"
"အင်း...​ကျောင်း​တွေပိတ်​လို့ အလည်​လာတာ၊နင့်​နာမည်​​ပြောဦး​လေ"
"မလိုပါဘူး၊​နောက်​တစ်​ခါလမ်းမှာ​တွေ့ရင်​ လုံးဝနှုတ်​မဆက်​နဲ့"
"ဘာ...ဘာရယ်​"
အမုန်းကိုယ်​​လေး​တောင့်​ခနဲဖြစ်​သွားသည်​လားမသိ။သူမက​တော့ဘာကိုမှဂရုမစိုက်​သည့်​နှယ်​ ​ခြေလှမ်း​ရွှေ့ပြန်​သည်​။
"ဒီမှာ...ဒီမှာ ဟိတ်​ ခန​နေဦး"
"ငါ့ကို ဟိတ်​လို့မ​ခေါ်နဲ့"
"​အောင်​မာ...၊ဟိုအန်​တီကြီး​တေ​ကမျိုးမစစ်​ ဘာညာနဲ့လိမ့်​ဆဲ လိမ့်​ရိုက်​​နေတာကျ သစ်​ငုတ်​တိုကြီးလိုငြိမ်​​နေပီး​တော့၊ဘာလဲ နင်​ကလက်​သီးပုန်း​ထောင်းတာလား
ဟားဟား...ရယ်​ရတယ်​"
"ဟုတ်​တယ်​ ...'မဟာမြိုင်​'မိသားစုကလွှဲရင်​ တစ်​​လောကလုံးကိုငါဂရုမစိုက်​ဘူး၊​နောက်​ကို 'မဟာမြိုင်​'မှာစပ်​စပ်​စုစု​တေလာမလုပ်​ပါနဲ့"
"ဒီမှာ ​ကျေးဇူးကန်းမ"
အမုန်းက သူ့စက်​ဘီးကိုတွန်းကာသူမ​ရှေ့ ပိတ်​ရပ်​လိုက်​ပီး...
"ဘယ်​သူက ဘာစပ်​စပ်​စုစုလုပ်​လို့လဲ"
"အာ့​တော့ နင်​ပဲသိမှာ​လေ"
"ငါက​တော့ သူ့ကိုကူညီမလို့ဟာကို"
"သူများဒုက္ခ၊သူများကိစ္စ လုံးဝကိုစိတ်​မဝင်​စားဘူး၊စိတ်​ဝင်​စားတတ်​တဲ့လူကိုလည်းအထင်​မကြီးဘူး။ဒီမှာ ကိုယ့်​ကိုယ်​ကို သိပ်​စာနာကူညီတတ်​တဲ့သူဖြစ်​ချင်​ရင်​လဲ တဖက်​က အကူအညီတဂယ်​လို​နေတာဟုတ်​ရဲ့လားဆိုတာ နညည်းနည်းပါးပါးသုံးသပ်​၊ ငါက ​စော​သေးလို့​ကျော​ပေး​နေတာ၊အချိန်​မတန်​ပဲဇိမ်​ခံရင်​ အနှိမ်​ခံရမှာစိုးလို့၊မနိုင်​လို့မဟုတ်​ဘူး"
"အံမာ...ခုက​ရောအနှိမ်​မခံရလို့လား"
"ငါ​ပြောပီးပီ​လေ...​စော​သေးလို့ပါလို့ ၊sorryပဲ နင်​နဲ့စကား​ပြော​နေဖို့အချိန်​ငါ့မှာမရှိဘူး နင်​သိပ်​ကူညီချင်​​နေရင်​လဲ ပရဟိတ​ကျောင်း​တေကိုသွား၊ငါအတွက်​​တော့မလိုအပ်​ဘူး"
ပြောပြီး သွားခဲ့တာတစ်​ချိုးတည်းပဲ။သူ့မှာသာ ​ဒေါသ​တေပလဗွဖြစ်​ကျန်​ခဲ့ရင်း ​နေရာမှလည်းမ​ရွှေ့ဖြစ်​ပါ။သူမကုန်းမြင့်​ထပ်​ တတ်​သွားသည်​ကိုသာမြင်​ကွင်းထဲက​ပျောက်​ကွယ်​သွားသည်​အထိ ​ငေး​နေမိခဲ့၏။
ဘယ့်​နှယ့်​ ​ဒေါသ​တေထွက်​လိုက်​တာ ​လေ​ပွေ​မွှေသလိုပါပဲ။သို့​ပေမဲ့ ခုကျ​တော့လည်း တနုံနုံဖြစ်​ကျန်​ခဲ့တာလည်းမဖြစ်​။
"​မေခတ်​ထန်​"
နာမည်​ကို အမုန်းသိပီးသားပါ။သို့​သော်​လည်းသူမပါးစပ်​ကထွက်​လာမလားလို့​မေးကြည့်​မိကာမှ ...၊ဟွန်း..
ကြီးလိုက်​တဲ့မာန။ကိုကိုအိမ်​​ခေါ်လာတဲ့​နေ့(သတိလစ်​သည့်​​နေ့)ကလည်းသတိရလာ​​​သော်လ​ည်းမ​​ည်​သူ့ကိုမှ စကားတစ်​ခွန်းမ​ပြော၊
ပြောမယ့်​ပြော​တော့လည်း အိမ်​ပြန်​ပို့​ပေးပါတဲ့...။

နံနက်​ခင်း ​နေ​ရောင်​ကပြတင်းမှန်​မှတစ်​ဆင့်
အမုန်းမျက်​နှာ​လေး​ပေါ်သို့...။အမုန်းအိပ်​ယာထကာကိုယ်​လက်​သန့်​စင်​ပီး သူစိတ်​ကူးထားသည့်​​နေရာသို့သွားရန်​ ​ဘောင်းဘီ ရှည်​ဂျင်းကပ်​​လေးကိုမှ ရှပ်​အင်္ကျီနှင်​တွဲဝတ်​ကာ ဦးထုပ်​ကို​နောက်​ပြန်​​ဆောင်းလိုက်​သည်​။ဒီနားက​နေ တစ်​မိုင်​သာသာ​လောက်​မှာ ကုန်းနိမ့်​အချိုးအ​ကွေ့​လေးတစ်​ခုရှိပီး ​ဘေးပတ်​လည်​မှာကျ​တော့ကျွန်းပင်​ကြီး​တေစနစ်​တကျရှိ​နေသည့်​ခပ်ပြန့်ပြန့်ကုန်းမို့ေ​​​လးရှိ​​နေသည်ကို​ အမုန်းစက်​ဘီး​လျှောက်​စီးရင်း​တွေ့ခဲ့သည်​။ထို့​ကြောင့်​ အဲ့ဒီ​နေရာမှာအမုန်း​လျှောက်​​ပြေးဖို့ရည်​ရွယ်​ချက်​က အစကတည်းကစီစဉ်​ပီးသား။တဆက်​တည်းမှာပင်​အမုန်းမျက်​လုံးတို့ကဟိုဘက်​ခြံဝသို့ တန်းကနဲ။မေခတ်​ထန်​ဆို​သောဂျစ်​ကန်​ကန်​​ကောင်​မ​လေးက အာရုံထဲ တဝဲလည်​လည်​...။

 "နဒီ​ရေ...သမီးကို​ခေါ်လိုက်​စမ်း"

"သမီး​လေး​ရေအိမ်​ဝင်​​နေတယ်​ အကို "
ဘာ​ပြောမလို့လဲ၊ဘာခိုင်းမလို့လဲမ​မေး၊နားစွင့်​ကြည့်​လိုက်​​တော့ ကိုယ့်​အနားကို​လျှောက်​လာသည့်​​ခြေသံလည်းမကြားရပါ။
ဦးထွဋ်​​ခေါင်​ သက်​ပြင်းချ၍ ​တောင်​​ဝှေးကိုင်​ထားသည့်​လက်​ကို ​ရှေ့ဆန့်​ထုတ်​၏။တစ်​ဖက်​နဲ့လမ်းကိုစမ်း၍ ဝှီးချဲကို ကိုယ့်​ဘာသာ ဖြည်းဖြည်း ချင်းလှိမ့်​၏။
"​မေ​မေ သမီးကို ​ဖေ​ဖေ​ခေါ်တာလား"
"ဟုတ်​တယ်​ မသွားနဲ့၊ဒါမှဟို​ကောင်​မကိုလိုအပ်​လာမှာ၊မရှိမဖြစ်​မှန်းသိမှ​ကျောင်းထုတ်​ပီး သူ့အနားထားရ​ကောင်းမှန်းသိမှာ၊ဒီ​ကောင်​မကို​ကျောင်းထား​ပေး​နေတာကိုက လုံးဝသ​ဘောမကျဘူး"
"​မေ​မေရာ သမီးတို့ဘာ​တေဘယ်​​လောက်​ပဲ​ပြော​ပြောအဲ့​ကောင်​မကို​ဖေ​ဖေက​ကျောင်းထုတ်​မှာမဟုတ်​ပါဘူး"
သမီးဖြစ်​သူကခြံထဲမှာခပ်​စမ်းစမ်းသွား​နေသည့်​ဝှီးလ်​ချဲနှင့်​အ​ဖေဖြစ်​သူဦးထွဋ်​​ခေါင်​ကိုလှမ်းကြည့်​ရင်း
မှတ်​ချက်​ချသည်​။
နှင်းဆီခင်းထဲသို့ ​ပြေးဝင်​သွား​သော​မေခတ်​ထန်းကို သူမတို့​နျောက်​​တွေ့လိုက်​ရ​တော့ သားအမိ​နျောက်​၏
အပြင်းစားဗို့အားများနှင့်​​မေ့ကိုကြည့်​​နေကြသည့်​ မျက်​လုံး​တွေကို ​မေသတိထားမိသွား၏။ထို့​ကြောင့်
လေး​လေးရှိရာသို့သာ ပြန်​​ပြေးလာခဲ့ရ၏။သူတို့​နျောက်​ဘာကို​ဒေါသထွက်​​နေကြပါလိမ့်​။သူတို့​တွေ​ဒေါသဖြစ်​တိုင်း ​ကျော​ကော့ရသည့်​ကိုယ့်​အဖြစ်​​ကြောင့်​ ခနကပန်းခင်းကြီးကြည့်​ပြီး​ပျော်​​နေသည့်​စိတ်​​တွေ ချက်​ချင်းညိုးတတ်​သွား၏။သူတို့သူမကိုဘာလို့အဲ့​လောက်​ထိမုန်းကြတာပါလိမ့်​😢😢😢။
"​လေး​လေး...အိမ်​ထဲဝင်​​တော့မလားဟင်​။ဘယ်​နား​ရွှေ့​ပေးရမလဲ။?"
"မဝင်​​သေးပါဘူး က​လေးရယ်​၊​လေး​လေးနားလာပါဦး"
"ဟုတ်​"
"သမီး"
"ရှင်​ ​လေး​လေး"
"သမီးနဒီနဲ့ရန်​ကုန်​မှာ​ကျောင်းသွားတတ်​​နေတယ်​ဆိုတဲ့လူငယ်​​လေး​တျောက်​နဲ့​မေတ္တာမျှ​နေကြတယ်​ဆို"
"ရှင်​..."
တအံ့တသြဖြစ်​​နေသည့်​ ​မေခတ်​ထန်​ ဘာမှမသိဘူးဆိုတာဦးထွဋ်​​ခေါင်​နားလည်​သွားသည်​။သူ့မှာ မျက်​လုံးကမမြင်​၊​ခြေ​ထောက်​​တွေကမသန်​စွမ်း၊သူ​ဋ္ဌေးကြီးဦးထွဋ်​​ခေါင်​ဆိုတာနာမည်​သာကျန်​ပီးလူက​တော့ပြင်​ပ​လေနှင့်​​တောင်​အဆက်​အသွယ်​မရှိ​တော့​ပေ။
အိမ်​မှာလဲဖုန်းတစ်​လုံးပဲရှိ​တော့ကာ ထိုဖုန်းကို​မေခတ်​ထန်​​လေးလည်းမကိုင်​ရဲ၊သူလည်းမကိုင်​​ပေ။ဒါက ဘယ်​သူမှသတ်​မှတ်​ချက်​ထားတာမဟုတ်​ပဲ သူ့အလိုလိုစည်းခြားသွားခဲ့​သော မိသားစု တွင်းကအလွှာတစ်​ခုဆိုရင်​ပိုမှန်​လိမ့်​မည်​။
ဦးထွဋ်​​ခေါင်​ ကိုယ့်​အ​နေအထားကိုနားလည်​​နေပီမို့
ဇနီးနှင်​သြမီးလုပ်​သမျှ လုပ်​ရှားသမျှကို နှုတ်​၏​စောင်​မခြင်းဖြင့်​​တောင်​ ဆိုဆုံးမခြင်းမပြုဖြစ်​ခဲ့တာကြာပါပီ။
အရင်​ကကိုယ်​ထူ​ထောင်​လုပ်​ကိုင်​ပီး ဦး​ဆောင်​နိုင်​တုန်းကဆို ဆူရင်း ​ပြောရင်း ​ဒေါသဖြစ်​ရင်းနှင့်​ ပြဿနာကပြီး​ပျောက်​နိုင်​သည်​ဖြစ်​​သော်​လည်း ခုလိုဒုက္ခိတဘဝမျိုးမှာကျ​တော့'​ဖေ​ဖေကလဲ ဘာမှမသိပဲနဲ့'လို့တစ်​ခွန်း​လေးပြန်​​ပြောခံရရင်​​တောင်​ အံကြိတ်​မျက်​ရည်​ဝဲမိ၏။
ထို့​ကြောင့်​​နေပါ​စေ​တော့ဆိုပီးထားလိုက်​သည်​။ကိုယ့်​အဖြစ်​က သင်္ချိုင်းကို ​ခြေစုံလှမ်း​နေပြီဖြစ်​သည်​။ထမင်းစားရင်း​သေဖို့​စောင့်​​နေရသလို​ပေမယ့်​'​မေခတ်​ထန်​'ဆိုသည့်​သူမ​လေးအတွက်​​တော့ပူမိသည်​။သူမရဲ့ဘဝ​လေးသည်​ ဘဲအုတ်​​တွေထဲက ကြက်​​ပေါက်​​လေးတစ်​​ကောင်​ပါ​နေသကဲ့သို့...
"​လေး​လေး..."
အ​တွေး​တွေဟို​ရောက်​ဒီ​ရောက်​ဖြစ်​​နေဆဲ။သူ့လက်​ကို
သူမ​လေးကလာကိုင်​လိုက်​မသတိဝင်​လာသည်​။
"တကယ်​လို့ သမီးရဲ့အမကိုသူ့ချစ်​သူနဲ့တွဲတာသွားတာ တစ်​ခုခု​တွေ့ရင်​ ချိုသည်​ဖြစ်​​စေ၊ခါးသည်​ဖြစ်​​စေ
ဘာမှဝင်​မ​ပြောနဲ့​နော်​"
"ဟုတ်​ကဲ့ပါ ​လေး​လေး"
"သူများထက်​ များများသိ​အောင်​ကြိုးစား၊ဒါ​ပေမဲ့သိတိုင်းမ​ပြောရဘူး၊ အသိတရားဆိုတာ သုံးသပ်​ဆင်​ခြင်​နိုင်​စွမ်းတဲ့သူ​တွေမှာသာရှိတာ သမီးရဲ့၊သိတဲ့သူမ​ပြောဘူး၊​ပြောတဲ့သူ မသိဘူးတဲ့၊အဲ့ဒါကို နားလည်​​အောင်​ကြိုးစား၊​မေးပါများစကားရဆို​ပေမဲ့ စကားများတိုင်းမ​ကောင်းဘူး၊သမီးက လူမှန်းသိတ်​တဲ့အရွယ်​ကတည်းကမိဘမဲ့ခဲ့ရတယ်​၊မိသားစုတစ်​စုထဲမှာ​နေရပီး အထီးကျန်​ဆန်​တဲ့ ဘဝနဲ့ရှင်​သန်​ရတယ်​၊.ဒါ​တွေဟာဘယ်​သူနဲ့မှမတူ​အောင်​ကံဆိုးခဲ့ရတာဆို​ပေမဲ့ ဘဝရဲ့ ​နေ့နဲ့ညကိုသမီးကတစ်​ခါတည်းဖြိုခွင်း​ဖြေရှင်းလာခဲ့တာပဲ။မိဘ မိသားစုနဲ့အကြင်​နာ​မေတ္တာ​တွေကို လုံး​ထွေးခံစားရတဲ့လူ​တွေ၊ကိုယ့်​​ခြေ​ထောက်​​ပေါ်ကိုယ်​ရပ်​​တော့မယ့်​အရွယ်​မှာ​သမီးရဲ့​ခြေ​ထောက်​​တွေကမာကျစ်​ ခိုင်​မာ​နေပီ​ပေါ့။ဘဝကိုဘယ်​​တော့မှမညည်းညူနဲ့၊ရင်​ဆိုင်​ခြင်းလို့မမြင်​နဲ့၊ဖြတ်​သန်းခြင်းလို့မြင်​၊သွားကိုသွားရမယ့်​လမ်းမှာဘာ​တွေရှိ​နေ​နေဖြတ်​သန်းရမှာပဲ၊ဒါ့​ကြောင့်​ ရင်​ဆိုင်​ဖို့ကိုမ​တွေးနဲ့၊ဖြတ်​သန်းဖို့ပဲ​တွေး"
"ဟုတ်​ကဲ့ သမီးမှတ်​ထားပါ့မယ်​​လေး​လေး"
"​အေး...​လေး​လေး​ပြောမယ့်​ဥပမာကရိုးရိုး​လေးပါ။ကိုယ့်​ကိုငါးဖယ်​တစ်​​ကောင်​လိုထုပီးရင်းထု​နေကြတယ်​ဆိုရင်​​တောင်​ အရိုးအသား​တေ​ကြေကုန်​ပါပီလို့မမြင်​ဘဲ 'မာလာပြီကွ"လို့မာန်​သွင်းပီးအံကြိတ်​ခံ၊ဒါ​တွေဟာဖြတ်​သန်းခြင်း​တွေပါ။"
သူမ​လေးကိုဆုံးမ​နေရင်း ရင်​နာခြင်းက တစ်​ဖျစ်​ဖျစ်​မည်​လာသလိုပင်​။ဒဏ်​ရာ​တွေကိုမမြင်​​ပေမဲ့ ဘယ်​ကိုထိထိအသံပြာ​အောင်​​အော်​သည့်​ ဒီအဖြစ်​​တွေကိုဦးထွဋ်​​ခေါင်​​ကြေကွဲမဆုံး​ပေ။ဦးထွဋ်​​ခေါင်​ တူမဖြစ်​သူ ​မေခတ်​ထန်​လက်​က​လေးကိုသနားကြင်​နာစွာဖြင့်​ ပြန်​၍ဆုပ်​ကိုင်​ထားလိုက်​မိသည်​။ပြောရင်​ဆိုင်​လည်းခံပါ။ထုရင်​နှက်​ရင်​လဲခံပါဆိုပြီးဒီ​က​လေးကိုပဲ သည်းခံခိုင်း​နေရတာ တရားရဲ့လား။
မတရားဘူးဆိုသည့်​အ​ဖြေပဲထွက်​လာ​ပေမယ့်​ သူမ​လေးအတွက်​သူ့ဘက်​မှာ ကာကွယ်​ဖြည့်​ဆည်း​ပေးနိုင်​စွမ်း ဘာမှမရှိ​တော့​ပေ။
သြော်​...ဒီအ​ခြေအ​နေ​တွေဟာ တစ်​​ကွေ့၊တစ်​​နေရာမှာ​တော့တစ်​ဆစ်​ချိုး​ပြောင်းလဲဦးမှာပါ။ဦထွဋ်​​ခေါင်​​တျောက်​ အ​တွေးတို့ပီးဆုံးသွား​တော့...သူကိုင်​​နေကျတုတ်​​ကောက်​​လေးကို
"​ရော့..သမီး​လေး သမီး​လေးအတွက်​​လေး​လေးရဲ့​နောက်​ဆုံးအ​မွေ" ဟုဆိုပီး...

လို့

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 63706.21
ETH 3073.80
USDT 1.00
SBD 3.76