စိတ်ကောင်းပြည့်က လူ့ဘဝ လှပအောင်မြင်မည်

in #msu6 years ago

image
'အကျင့်သီလကောင်းမွန်ခြင်းနှင့် ရိုးသားဖြောင့်မတ်မှန်ကန်ခြင်းသည် ဆင်းရဲသူတို့၏ မကုန်ခန်းနိုင်သော တန်ဖိုးမဖြတ်နိုင်သော အရင်းအနှီးများဖြစ်သည်'ဟု သီတဂူဆရာတော်ဒေါက်တာအရှင်ဥာဏိဿ ရ၏တရားတော်တွင် နာယူမှတ်သားဖူးပါသည်။
'Honesty is the best Policy' ဟူသော အင်္ဂလိပ်စကားပုံသည် ရိုးသားခြင်းဂုဏ်ကို ရည်ညွန်းထားခြင်းဖြစ်သည်။ ရိုးသားမှုဂုဏ် စားမကုန်ဆိုသကဲ့သို့ ရိုးသားမှုကိုတန်ဖိုးဖြတ်၍မရနိုင်ပါ။ ရိုးသားခြင်းသည် အမှန်တရားကို မြတ်နိုးခြင်းပင်ဖြစ်သည်။ ရိုးသားခြင်းကြောင့် ဒုက္ခတွေ့ချင်တွေ့မည်။ ဖြောင့်မှန်စွာ ပြောဆိုလုပ်ဆောင်ခြင်းကြောင့် အန္တရာယ်ကြုံခြင်းကြုံမည်။ ရိုးသားဖြောင့်မှန်သူသည် မည်သည့်အခြေအနေမျိုးကို ရင်ဆိုင်ရသည်ဖြစ်စေ ရဲရင့်သော စိတ်ဓာတ်ဖြင့် မှန်ကန်သော အဖြေကိုသာပေးမည်ဖြစ်သည်။ ဒုက္ခတွေ့ကြုံရခြင်းအန္တရာယ်ကို ရင်ဆိုင်ရခြင်းကြောင့် မရိုးမသားလိမ်ညာပြောဆိုလိမ့်မည်မဟုတ်ပေ။ ဒုက္ခတွေ့တိုင်း ကျော်ခိုင်းရှောင်ခွာလိမ်ညာထွက်ပြေးသာကား မရိုးသားသောသူရဲဘောကြောင်သူသာဖြစ်သည်။
'အရိုးပေါ် အရွက်မဖုံး'ဟူသော စကားကဲ့သို့ ရိုးသားမှုဂုဏ်သတင်းရနံ့ကို မည်သူမျှ တားဆီး၍မရနိုင်ဘဲ လူ့ပတ်ဝန်းကျင်၌ ကြိုင်လှိုင်ပျံ့နှံ့နေမြဲဖြစ်သည်။ ယနေ့လူငယ်များသည် အောင်မြင်ပြည့်စုံသော ဖွံဖြိုးတိုးတက်သောဘဝသစ်ကို ဖြတ်သန်းတည်ဆောက်ရာ၌ ကိုယ်ကျင့်သီလစာရိတ္တနှင့် ပညာဥာဏ်ဂုဏ်အရည်အချင်းတို့ကို အခြေပြုကြိုးပမ်းရမည်ဖြစ်သည်။ ဦးစွာပထမ စိတ်ကောင်း စေတနာကောင်းကို မွေးမြူ ရမည်။ ကိုယ်ကျင့်သီလစာရိတ္တကောင်းပြီး စည်းကမ်းရှိရမည်အပြင် ရိုးသားကြိုးစားမှုနှင့် ပြည့်စုံရမည်ဖြစ်သည်။
မည်သည့်အလုပ်ကို လုပ်သည်ဖြစ်စေ စိတ်ကောင်းစေတနာကောင်းအပြည့်အဝထားပြီး လုပ်ဆောင်ပါက အမြဲတမ်းကံကောင်းနေမည်ဖြစ်သည်။ ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍ ကောင်းကျိုးကိုယ်၌ တည်ပါလိမ့်မည်။ သို့ပါ၍ ရတနာသုံးပါးကို နှလုံးသား၌ ပိုက်ထွေး၍ ကိုယ် နှုတ် နှလုံး သုံးပါးလုံး ယဉ်ကျေးသိမ့်မွေ့သော အမျိုးဘာသာယဉ်ကျေးမှုကို ချစ်မြတ်နိုးသောကိုယ်ကျင့်သီလစာရိတမဏ္ဍိုင်ကြံခိုင်းသော နိုင်ငံ့သားကောင်း သမီးကောင်းရတနာများဖြစ်နိုင်ကြပါစေဟု ဆန္ဒပြုရေးသားအပ်လိုက်ရပါတယ်။
MSU-007

Sort:  

Nice to see you on Steem!

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.040
BTC 70446.49
ETH 3571.68
USDT 1.00
SBD 4.73