အကာ
အိပ်ပျော်တဲ့အချိန်ဟာ
အိပ်ချိန်ပဲ
စားချင်တဲ့အချိန်လည်း အဲ့ဒီ့လိုပဲ
အပေါစားဆန်တယ်ဆိုချင်ဆို
အာလူးကြော်တချပ်နဲ့ရေခွက်ဟာ
ကိုယ့်အတွက် ဘယ်လိုမှအဟာရမဖြစ်နိုင်တဲ့အဆုံး
အိပ်ချင်တဲ့အချိန်တိုင်း
အိပ်ပျော်အောင်အိပ်လိုက်တော့တာပါပဲ။
ဒီလိုနဲ့ ကျနော့်အမှိုက်ခန်းလေးဟာ
အောက်ဆီဂျင်တွေနဲ့ကျယ်လို့ပြန့်လို့
သန့်လို့ရှင်းလို့။
စုမွန်သွယ်
msu 057