ခရီးသွားခြင်းအနုပညာနှင့် မန္တလေးမြို့ကြီး အေးမြသွားတယ်။

in #myan5 years ago (edited)

(

ကျွန်တော်တို့လူမျိုးက ရုံးပိတ်ရက်၊ အားလပ်ရက်
များသည့်အခါ ခရီးထွက်ကြသည်။ မိသားစုနှင့်
တစ်မျိုး မိတ်ဆွေသူငယ်ချင်းများနှင့်တဖုံ အုပ်စုဖွဲ့
ခရီးထွက်ကြသည်။ ခရီးထွက်ခြင်းဖြင့် ဒေသန္တရဗဟုသုတများရရှိသည်။ အတွေ့အကြုံအသစ်များရရှိ
သည်။ ခရီးသွားဖော်အချင်းချင်း စိတ်အခြေအနေများကို သိမြင်ရသည်။ ကိုယ်ရောက်ရှိသည့် သေဒ
များ၏ လှပသည့် ရှုခင်းများကို မြင်တွေ့ရသည်။
စိတ်ကြည်လင်လန်းဆန်စေသည်။

သို့သော် ထိုသို့ခရီးသွားသည့်အခါ ကိုယ်နှင့် စိတ်တူ
ကိုယ်တူခရီးသွားဖော်များဖြစ်ပါက ခရီးသွားရသည်မှာ ပို၍ ပျော်စရာကောင်းပေသည်။ ခရီးအတူသွားသည့်အခါ စိတ်သဘောထားများကို ပိုမိုသိလာရ
သည်။ အနွံအတာခံသူ၊ တစ်ကိုယ်ကောင်းသမား
အစရှိသဖြင့် လူတို့သဘော မနောကို မြင်သာ
ထင်သာ စေသည်။

dzl0azmmlw.jpg

g3mn8ic67o.jpg

e2oaq7s16n.jpg

Steemit မှာ စ၍ စာရေးခဲ့စဉ်က ခရီးသွားမှတ်
တမ်း အချို့ရေးသားခဲ့ပြီဖြစ်သည်။ မြန်မာပြည်
အထက်ပိုင်း မြစ်ကြီးနား၊ မေခ မလိခမြစ်ဆုံဒေသ။
မြန်မာပြည်အောက်ပိုင်း မော်လမြိုင်၊ ကျိုက္ခမီ၊
စက်စဲကမ်းခြေများသို့ရောက်ရှိခဲ့သည်။ ရှမ်းပြည်
မြောက်ပိုင်း ဂုတ်ထိပ်တံတား၊ ဘောကြိုဘုရားသို့
လည်းရောက်ရှိပြီးဖြစ်သည်။ ရှမ်းပြည်တောင်ပိုင်း
အင်းလေး၊ တောင်ကြီး၊ ကလော၊ ပင်းတယ၊
ထန်စမ်ဂူများသို့ရောက်ရှိသည်။

မန္တလေးမြို့မှ အထက်ဖော်ပြပါဒေသများသို့
သွားရာတွင် စားသောက်ခဲ့ရသည့် အစာအစားများ
မှာ ကောင်းတာရှိသလို စားမကောင်းတာများလည်း
ရှိခဲ့သည်။ မန္တလေးမြို့ သည်ကိုယ့်ဒေသမို့ပြောတာ
မဟုတ်ပါ။ အစားအသောက်များ ဘယ်ဒေသနဲ့မှ
မတူဘူးစားလို့အင်မတနအကောင်းချက်။
စားစရာတွေပေါတဲ့မြို့။အထက်အောက်၊
ဘယ်ညာ ဒေသစုံကလာတဲ့ထုတ်ကုန်တွေနဲ့
မျိုးစုံတဲ့မြို့ဖြစ်သည်။

f8ukv0nxw3.jpg

rpjav6z4ns.jpg

m7w2cc65u2.jpg

gg16cev44e.jpg

ထိုးမုန့်၊
လမုန့်
နန်းကြီးသုတ် နဲ့
လက်ဖက် အကြော်စုံ များကို
မန္တလေးလာသူတိုင်း စွဲလမ်းနှစ်ခြိုက်စွာ စားသုံး
ကြသည်။ လက်ဆောင်ပေးရန် ဝယ်သွားကြသည်။
သို့သော်ပေါ့လေ မန္တလေးမြို့ကြီး ကနေ ခဏလေး
အဝေးသို့ ထွက်ခွာချင်မိသေးသည်။ မွန်းကြပ်တဲ့
မြို့ပြနဲ့ခဏလေး ဝေးကွာသွားပြီး ချင်းပြည်နယ်
ရိဒ်ရေကန်ဆီ သွားချင်သေးသည်။

ထိုအပြင် မြန်ပြည်အောက်ပိုင်း မြိတ်ကျွန်းစုများရှိရာသို့လည်းသွားချင်ပါသေးသည်။ အခါအခွင့်သင့်လို့ အဖော်ကောင်းခဲ့ပါရင်လေ။ သွားချင်မိသည့်
ဒေသများဖြစ်သည်။ တစ်နေ့တော့ ဘယ်သူများ
ပြောနိုင်မှာလဲ steemဈေး $30 ရောက်ချိန်မှာ MSC ရဲ့ တွေ့ဆုံပွဲကိုအဲ့နေရာလေးတွေမှာများ
လုပ်ဖြစ်မည်ဆိုပါလျှင်။ ပူအိုက်နေတဲ့ မန္တလေး
မြို့ကြီး ရယ်လေခုလေးတွင် လေရော မိုးပါ
အားကြီးကျပြီးအေးမြသွားသလို
ခံစားရမိမှာ အမှန်ပါလေ။
13-5-2919 (2:30 PM)
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ...။

@htwegyi
Photo @htwegyi
MSC.036

Sort:  

ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.
@c-squared runs a community witness. Please consider using one of your witness votes on us here

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

နာ့ လည်ူ ခေါ်ပါ့အေ လိုက်ခဲ့ပါရစေ

အေပါညယ် steem ဈေး ဒေါ်လာ ၃၀ ဖြစ်တဲ့အချိန် သွားကြတာပ ခုကတည်းက ဓာတ်ဖမ်းရင် ဘယ်လို ပိုစ့်တွေပေးရမလဲ
စဉ်းစားထားပါအေ 😁

Congratulations @htwegyi! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You received more than 500 as payout for your posts. Your next target is to reach a total payout of 1000

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

New japanese speaking community Steem Meetup badge
Vote for @Steemitboard as a witness to get one more award and increased upvotes!

ရွာသာရွာပါ မိုးရယ် ကျေးဇူးပါကွယ်😁😁😁

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.034
BTC 66931.79
ETH 3249.50
USDT 1.00
SBD 4.10