မြန်မာတွေအတွက် Online Education

in #myanmar6 years ago (edited)

အခုခေတ် IT လေ့လာနေတဲ့ လူငယ်တွေ တခုတော့ အရမ်းကံကောင်းတယ် လို့မြင်ပါတယ်။

မှတ်မှတ်ရရ ကျွန်တော်တို့ University တက်တုန်းက ဘာသာတစ်ဘာသာကို ဒေါ်လာထောင်ချီပြီး ပေးတက်ရပါတယ်။ တစ်နှစ်ကိုရှစ်ဘာသာ၊ ဘွဲ့တစ်ခုရဖို့သုံးလေးနှစ်ကြာတာကြောင့် Scholarshipရရင်ရ မရရင် အိမ်ကပိုက်ဆံလုံလောက်အောင်ထောက်ပံ့နိုင်တဲ့သူတွေဘဲ နိုင်ငံခြားမှာကျောင်းတက်နိုင်ပါတယ်။ (အလုပ်လုပ်ရင်း ကျောင်းလခရှာ ကျောင်းပြီးအောင်တက်သွားတဲ့လူတွေ အရမ်းနည်းပါတယ်။)

ဒါပေမဲ့ အခုအချိန်မှာ E-learning Platform တွေအထူးသဖြင့် Massive Open Online Courses (MOOC) တွေပေါ်လာပြီးနောက်မှာ ဒီဘာသာရပ်တွေကိုဘဲ ထိပ်တန်းကျောင်းကြီးတွေမှာ အကောင်းဆုံး Professor တွေဆီက အခမဲ့သင်လို့ရနေပါပြီ။ Internet access နဲ့ self-learning လုပ်ချင်တဲ့စိတ်သာရှိရင် IT, Computer Science, Business နဲ့တခြားဘာသာတွေအတော်များများကို MOOC တွေဆီက အခမဲ့မဟုတ်တောင် ဒေါ်လာ၅၀လောက်နဲ့သင်လို့ရပါတယ်။ လွန်ခဲ့တဲ့၁၀နှစ်လောက်က ဒေါ်လာ၅၀၀၀ လောက် ပေးရတဲ့ပညာတွေကို အခုဒေါ်လာ၅၀လောက်နဲ့ သင်ယူနိုင်နေပါပြီ။

ပြောချင်တာကတော့ IT ပညာတတ်တစ်ယောက်ဖြစ်ဖို့ ပိုက်ဆံတွေအများကြီးနဲ့ ရပ်ဝေးကိုသွားဖို့ သိပ်မလိုတော့ပါ။ သွားနိုင်လုပ်နိုင်ရင်တော့အရမ်းကောင်းပါတယ်။ ဒါပေမဲ့ မလုပ်နိုင်ခဲ့ဘူးဆိုရင်လဲ Internet Cafe တနေရာကနေ ပညာဆည်းပူးလို့ရပါတယ်။ နိုင်ငံခြားကျောင်းကြီးတွေမတက်နိုင်ရင်လည်း ဘာမှစိတ်ပျက်စရာမရှိပါ။ ကျွန်တော့မျက်စိရှေ့မှာဘဲ self-study လုပ်ရင်း အောင်မြင်သွားတဲ့ပညာရှင်တွေ မြင်နေရပါပြီ။

ဒါဆိုရင် University Education ကရောအသုံးမကျတော့ဘူးလား။ ကျွန်တော့အမြင်တော့ အရမ်းအသုံးကျပါသေးတယ်။ ကျောင်းကဆရာတွေက သင်ခန်းစာတွေတွေနားလည်တာမှားရင် ချက်ချင်းပြန်ပြင်ပေးနိုင်တယ်။ Team work တွေ Presentation skill တွေသင်ယူနိုင်တယ်။ ကျောင်းနဲ့လုပ်ငန်းတွေချိတ်ပြီးလုပ်ထားတဲ့ Industry Project တွေဝင်လုပ်ပြီးလေ့လာနိုင်တယ်။ ဈေးကြီးကြီး Equipment နဲ့သင်ရတဲ့ Robotics လိုမျိုးဘာသာတွေကို ကျောင်းတွေက ထိရောက်အောင် သင်ပေးနိုင်ပါတယ်။

တလောကလက်ရှိ နိုင်ငံခြားUniversity ကျောင်းသားလေးတစ်ယောက်က ကျွန်တော့ကိုမေးလာပါတယ်။ အလုပ်ခွင်အတွက်အဆင်သင့်ဖြစ်အောင် လက်ရှိကျောင်းမှာဘာလေ့လာရမလဲ တဲ့။ ကျွန်တော့ရဲ့အဖြေကတော့ Online မှာမင်းလွယ်လွယ်ကူကူနဲ့ သင်လို့ရတာတွေကို ကျောင်းမှာမသင်နဲ့။ Online မှာသင်လို့မလွယ်တဲ့ ဘာသာတွေ၊ ဥပမာ Hardware ပိုင်း၊ တခြား discipline တွေနဲ့ပေါင်းပြီးလေ့လာရတဲ့ဘာသာ ၊ Industry project စတာတွေကိုသင်ပါ လို့ဖြစ်ပါတယ်။

ဒါဆိုရင် ကျောင်းတက်နေတဲ့လူတွေရော၊ ကျောင်းအပြင်ကလူတွေပါ Online Education ကိုဘယ်လိုအသုံးချရမလည်းဆိုတာနားလည်ပြီထင်ပါတယ်။ အခုမှစမည့်သူတွေအတွက် ကျွန်တော်လမ်းညွန်ချင်တဲ့ Online Learning ဆိုက်တွေကတော့

နိုင်ငံတကာမှာ

မြန်မာပြည်မှာ (ကျွန်တော်သိတာတွေ)

Coin Marketplace

STEEM 0.33
TRX 0.11
JST 0.034
BTC 66753.89
ETH 3256.47
USDT 1.00
SBD 4.34