ဝါသနာနဲ့ အသက်မွေးဝမ်းကြောင်း

in #myanmar5 years ago

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


Whar Tha Nar copy.png


မနေ့က စိတ်ရူးထရင်း အတွေးလေးတစ်ချို့ဝင်လာလို့ ဒီပို့စ်ကို ရေးတင်ဖြစ်တာပါ။ လူအများစုက ရောရော ထွေးထွေးနဲ့ စဉ်းစားတတ်တယ်လို့ ယူဆမိလို့လည်းဖြစ်ပါတယ်။ ၀ါသနာ နဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို ရောထွေး စဉ်းစားတဲ့အခါ လူငယ်အများစု ဝေလေလေဖြစ်သွားတတ်ပါတယ်။ အောင်မြင်ချင်လွန်းအားကြီးသူ တွေ၊ အင်မတန်ချမ်းသာကြွယ်ဝချင်သူတွေဟာ စာတွေအများကြီးဖတ်တတ်ကြသလားလို့လည်း စဉ်းစားမိ တယ်။ စာတွေအများကြီးဖတ်တိုင်း မအောင်မြင်သလို မချမ်းသာကြတာကို ဘေးပတ်ဝန်းကျင်ကလူတွေကို ကြည့်ရင်သိနိုင်ပါတယ်။ စာဖတ်တိုင်းမအောင်မြင်သလို စာဖတ်တိုင်း ချမ်းသာကြွယ်ဝမှုကို မဖြစ်စေနိုင်တာ မြင်တွေ့ရလိမ့်မယ်။ ဒီနေရာမှာ စာဖတ်ရင်အကျိုးမရှိဘူးလို့ ပြောတာမဟုတ်ပါဘူး။ စာဖတ်ရင် အသိလေးတော့ တိုးပါတယ်။ တိုးလာတဲ့အသိကို ကိုယ်တိုင်က လက်တွေ့လိုက်နာ ကျင့်ကြံပါမှ ပညာဖြစ်နိုင်ပါတယ်။ စာအုပ်တွေ ထောင်ပုံ ရာပုံဖတ်ပြီးတော့ ပညာမရပဲ ရူးသွားတဲ့သူတွေ အကျင့်ပျက်ချစားနေတဲ့သူတွေ လောကမှာ အများရှိပါ။ ဒါကိုကြည့်ရင် စာဖတ်တိုင်း ပညာမတတ်တာ သိသာသလို စာဖတ်တိုင်း မယဉ်ကျေးတာ မြင်သာပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပညာဆိုတာက အဲဒီ ဘိုးအုပ်ကြီးတွေထဲမှာ မရှိလို့ပဲနဲ့ လောကရဲ့သဘာဝတရားကို မှန်ကန်အောင် ရှုမြင်တတ်ပါမှ ပညာရှိပါတယ်။ ထွင်းဖောက်မြင်အောင် ကြည့်တတ်ပါမှ ပညာရှိပါတယ်။ စာအုပ်ကြီးတွေ တစ်အုပ်ပြီး တစ်အုပ် ထိုင်ဖတ်နေရုံနဲ့တော့ ပညာရှိမဖြစ်ပါဘူး။ စာတွေတတ်တိုင်း ပညာမရှိပါဘူး။ စာတတ်သူတွေ မိုက်ကန်းယုတ်မာရင် စာမတတ်သူတွေထက် ဆိုးဝါးတတ် ပါတယ်။


War Tha Nar 3 copy.png


ရေးရင်းနဲ့ စာဖတ်တဲ့အကြောင်းချော်ရောက်သွားတယ်။ ၀ါသနာဆိုတာ နဲ့ အသက်မွေးဝမ်းကြောင်းအလုပ်က ဘယ်လိုများကွဲပြားနေတတ်သလဲဆိုတာကတော့ တစ်ချို့လူတွေအတွက် ပြောရခက်ပါတယ်။ အများစုကတော့ အသက်မွေးဝမ်းကြောင်းအလုပ်ဆိုတာ နဲ့ ၀ါသနာနဲ့ မကိုက်ညီတတ်ကြပါဘူး။ ၀ါသနာဆိုတဲ့နေရာမှာလည်း ကောင်းတဲ့ ၀ါသနာတွေရှိသလို မကောင်းတဲ့ ၀ါသနာတွေလည်းရှိနိုင်ပါတယ်။ ကောင်းတဲ့ ၀ါသနာပဲဖြစ်ဖြစ် မကောင်းတဲ့ ၀ါသနာပဲဖြစ်ဖြစ် တကယ့်လက်တွေ့ဘ၀မှာ ကိုယ်တိုင်က ၀ါသနာပါပြီး လုပ်ကိုင်နေကြရတဲ့ အသက်မွေးဝမ်းကြောင်းမှုဆိုတာကတော့ ရှားလိမ့်မယ်လို့ ထင်တယ်။ အသက်မွေးဝမ်းကြောင်းပြုနေရတဲ့ အလုပ်နဲ့ ကိုယ့်ဝါသနာ ကိုယ့်ကျွမ်းကျင်ရာနဲ့ ကိုက်ရင် အလွန်ကောင်းတာပေါ့။ ယနေ့ခေတ်ကြီးမှာတော့ အဲဒီလို ကိုက်ညီမှုတွေဖြစ်အောင် လုပ်ယူလို့ရနေတာကို မြင်တွေ့ရပါတယ်။ ကိုယ်က ဘာဝါသနာပါလဲဆိုတာကိုတော့ ကိုယ်တိုင်နားလည်ထားမှတော့ ဖြစ်မှာပေါ့။ တရားဥပဒေတွေနဲ့ မကိုက်ညီတဲ့ အလုပ်မျိုးတွေကို သွားဝါသနာပါ နေလို့လည်း မဖြစ်ချေဘူး။ ဥပမာ လောင်းကစားကို ၀ါသနာပါနေပြီး အဲဒါနဲ့ အသက်မွေးဝမ်းကြောင်းပြုမယ် ဆိုတာမျိုးပေါ့။ မဖြစ်ဖူးလို့တော့ မပြောရဲပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ၀ါသနာနဲ့ရင်းပြီးလုပ်မယ့် အသက်မွေးဝမ်းကြောင်းခြင်းက စီးပွားမဖြစ်၊ မအောင်မြင်နိုင်ခြင်း ရှိမရှိ ကိုတော့ သေသေချာချာ ကျကျနန လေ့လာ ဆန်းစစ်ထားဖို့တော့ လိုမှာပါပဲ။ လေ့လာဆန်းစစ်မှု မလုပ်ပဲ ရမ်းသမ်းလုပ်မယ်ဆိုရင် ငွေအဆုံးအရှုံး မရှိတောင်မှ လုပ်အား၊ အချိန် တွေ ဆုံးရှုံး အခန့်မသင့်ရင် နာမည်တောင်ဆုံးရှုံးရနိုင်ပါသေးတယ်။


War Tha Nar 2.png


ဝါသနာဆိုတာ အမျိုးမျိုးဖြစ်နေနိုင်ပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေဆိုသလိုပါပဲ။ ၀ါသနာတိုင်းကတော့ စီးပွားရေးအတွက် ဒါမှမဟုတ် အောင်မြင်ဖို့ ဒါမှမဟုတ် အသက်မွေးဝမ်းကြောင်းအလုပ် ဖြစ်ဖို့ဆိုတာတော့ သေချာအချိန်ယူစဉ်းစားကြရမှာပဲဖြစ်ပါတယ်။ ဂိမ်းဆော့တာကို ၀ါသနာပါတယ်ဆိုပြီးတော့ ဂိမ်းဆော့တာကို အသက်မွေးဝမ်းကြောင်းလို့ မလွယ်ကူနိုင်ပါဘူး။ မလွယ်ကူနိုင်ဘူးလို့ပဲဆိုတာပါ။ မဖြစ်နိုင်ဘူးလို့တော့ မပြောပါဘူး။ ဂိမ်းနဲ့ အသက်မွေးဝမ်းကြောင်းသွားတဲ့သူတွေလည်း ရှိပါလိမ့်မယ်။ ကိုယ်ဝါသနာပါတယ်ဆိုတာကို ချက်ချင်းသိချင်မှလည်း သိမယ်။ လုပ်ငန်းတွေကို လုပ်ကိုင်ရင်းနဲ့ လုပ်ရင်းကိုင်ရင်းနဲ့မှ ကိုယ်က ဘယ်လိုလုပ်ငန်းမျိုးကို ၀ါသနာပါလဲဆိုတာကို ကိုယ်တိုင်က ခွဲခြားသိလာတတ်တယ်။ ၀ါသနာပါတဲ့အလုပ်ဆိုရင် ပိုပြီးကျွမ်းကျင်ကြသလို တက်ကြွမှုနဲ့ ပျော်ရွှင်မှုကိုလည်း ပေးစွမ်းနိုင်တယ်။ အသက်မွေးဝမ်းကြောင်းအလုပ် တော့ဖြစ်ပြီး ကိုယ်ဝါသနာပါတဲ့အလုပ်မဟုတ်ရင် ကျွမ်းကျင်မှု နည်းသလို စိတ်ဓာတ်တက်ကြွမှု နဲ့ ပျော်ရွှင်မှု လည်း နည်းတတ်ပါတယ်။ အ၀တ်အထည် ဖိနပ် မိတ်ကပ် စတဲ့ ကိုယ်အသုံးပြုမယ့် အသုံးအဆောင်ပစ္စည်းကို ၀ယ်တဲ့အခါမှာတော့ အမျိုးမျိုးဆန်းစစ်ပြီး ၀ယ်တတ်ကြတယ်။ အသုံးအဆောင်ပစ္စည်းတစ်ခုမှားယွင်းပြီး ၀ယ်ယူခဲ့မှုက ဘ၀ပျက်စေနိုင်မယ်လို့မထင်ပါဘူး။ ဒီတော့ ကိုယ်တစ်သက်လုံး လုပ်ကိုင်နေရမယ့် အသက်မွေး ၀မ်းကြောင်းအလုပ်ကို အသုံးအဆောင်ပစ္စည်းတစ်ခုဝယ်တာလောက်မှ အချိန်မပေးပဲ ဆုံးဖြတ်ချက်ချပြီး လုပ်ကိုင်မယ်ဆိုတာ ဖြစ်သင့်ရဲ့လားဆိုတာ သေချာစဉ်းစားကြရမှာပါ။


War Tha Nar copy 1.png


အောင်မြင်မှုရာခိုင်နှုန်းနည်းတဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကိုလည်း ရှောင်ရှားသင့်တယ်လို့ဆိုချင်ပါ တယ်။ အရင်တုံးက လည်း Post တင်ရေးခဲ့ဖူးပါတယ်။ အောင်မြင်ဖို့ ရာခိုင်နှုန်းနည်းတဲ့ အသက်မွေးကြောင်း လုပ်ငန်းတွေထဲမှာ အခုလို စာရေးတဲ့လုပ်ငန်းလည်း ပါပါတယ်။ ရုပ်ရှင် အနုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေ ဟာလည်း အောင်မြင်မှု ရာခိုင်နှုန်းနည်းတဲ့အထဲမှာ ပါပါတယ်။ အောင်မြင်ခဲ့ရင်လည်း သိတဲ့အတိုင်း တိုင်းကျော် ပြည်ကျော် ရပ်ကျော် ရွာကျော်ဆိုသလို မသိသူမရှိလောက်အောင်ဖြစ်မြောက်ပါတယ်။ ဒါပေမယ့် ရာခိုင်နှုန်းက တော့ ကိုယ့်ဘက်မှာ မရှိပါဘူး။ ကိုယ်ဝါသနာပါလို့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ်နဲ့ ရပ်တည်တော့မယ် ဆိုရင်လည်း မဖြစ်မနေ လုပ်သင့်တာကတော့ အဲဒီနယ်ပယ်မှာ ကျွမ်းကျင်သူတွေနဲ့ သေသေချာချာ တိုင်ပင် ဆွေးနွေးသင့်တယ်လို့လည်း ထင်ပါတယ်။ ဒါမှလည်း အမှားအယွင်းနည်းမယ်၊ ဆုံရှုံးမှုနည်းမယ်လို့လည်း ယူဆမိပါတယ်။ အချိန်ကုန်လည်း သက်သာနိုင်ပါတယ်။ တစ်ချို့က အမြတ်အစွန်းရတဲ့လုပ်ငန်းမျိုးမှာ ၀ါသနာပါ ပြီး ပျော်တယ်။ တစ်ချို့ကလည်း ပရဟိတဆန်ဆန် သူတစ်ပါးကို ကူညီလုပ်ကိုင်ရတဲ့ လုပ်ငန်းမျိုးမှာ ၀ါသနာပါပြီး ပျော်တယ်။ တစ်ချို့ကျတော့လည်း လူသားတွေကို အကျိုးပြုတယ်ဆိုတာနဲ့တင် ကျေနပ်ပျော်ရွှင် နေတတ်တာမျိုးတွေရှိပါတယ်။ ဒါပေမယ့် အဲဒါတွေထဲမှာလည်း အသက်မွေးဝမ်းကြောင်းဖို့အတွက် မဖြစ်နိုင်တာ တွေ ရှိတယ်မဟုတ်လား။ ပရဟိတလုပ်ငန်းကို အသက်မွေးဝမ်းကြောင်းလို့ ဖြစ်နိုင်မှာမဟုတ်သလို ပရဟိတ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အသက်မွေးဝမ်းကြောင်းအလုပ်ဆိုတာကော ဖြစ်သင့်ပါမလား။ ဒီတော့ ကိုယ့် ၀ါသနာနဲ့ ကိုက်ညီတဲ့ အသက်မွေးဝမ်းကြောင်းဖို့ဆိုတာကို အချိန်ယူစဉ်းစားကြရမှာပဲဖြစ်ပါတယ်။ နို့မို့ဆိုရင်တော့ ခုမြင် ခုကြိုက် ခုလိုက်ပြေးပြီး ခုပဲ ကွဲပြဲကုန်ကြမှာ အမှန်ပဲဖြစ်တဲ့အတွက် ကိုယ့်ဝါသနာနဲ့ ကိုက်ညီတဲ့ အသက်မွေးဝမ်းကြောင်းခြင်းလုပ်ငန်းကို အချိန်ပေးရှာဖွေနိုင်ကြပါစေလို့ ရေးသားရင်း ရပ်နားလိုက်ပါတယ်။


ရေးသားသူ(Author)_______

stemit ansoe myanmar no word logo 2.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

7-6-2019 သောကြာနေ့(Friday)

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you very much.

ဝါသနာက အသက်မွေးဝမ်းကြောင်းလို့ရရင် ကောင်းလေစွပါ

Posted using Partiko Android

အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကားပေါ့

Dlike post တစ်ခုမှာ steemcleaners လာမန့်လို့ dlike မသုံးရဲတော့ဘူး အကိုကြီးရေ။ညီမshareတဲ့စာက သူများshareတဲ့စာနဲ့တူပြီး spam ထင်လို့လာမန့်တာလား မသိဘူး။အကိုကြီးလည်း dlike သုံးတာ သတိထားပါ။အခု လာမန့်ရုံလေး downvote တော့ မလုပ်သေးလို့ တော်ပါသေးတယ်။

Posted using Partiko Android

ဟုတ်လား ဘာဖြစ်လို့ဆိုတာ သေချာကြည့်သင့်တယ်

ဒီpostမှာ

Posted using Partiko Android

ဒီလိုလာမန့်နေလို့

Posted using Partiko Android

ကြည့်လိုက်မယ်

ဟုတ်။

ဒီစာက steemcleansers channelထဲက time out မှာ pinned message ရေးထားတာကိုတွေ့တာ

Posted using Partiko Android

Dlikeသုံးရင် ကိုယ်ပိုင်အတွေးအရေးနဲ့ စာသား တစ်ပုဒ်လောက်ရေးထည့်ရတယ်ပြောတယ်။ညီမတို့ အရင် share ထားတွေက ဘာစာသားမှ ထပ်မထည့်ဘဲ ဒီတိုင်းကြီး shareထားတော့ သူများနဲ့ တူသွားတဲ့အခါ scက spam လို့သတ်မှတ်လိုက်တာ ဖြစ်မယ် ထင်တယ်။

Posted using Partiko Android

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64359.90
ETH 3105.50
USDT 1.00
SBD 3.87