ရွေးချယ်ထားပါ

in #myanmar5 years ago

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


လူတိုင်း လူတိုင်းမှာ တစ်ခုခုကိုတော့ ၀ါသနာပါတတ်ကြပါတယ်။ ၀ါသနာပါတာ ဘာလဲဆိုတာကို သေချာ မသိတာ၊ သေချာ မစူးစမ်းမိတာပဲ ရှိလိမ့်မယ်ထင်ပါတယ်။ ၀ါသနာပါရာ နဲ့ အသက်မွေးဝမ်းကြောင်းလုပ်တာနဲ့ ကတော့ တစ်ခြားစီ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ အချို့ဝါသနာဆိုတာတွေက အသက်မွေးဝမ်းကြောင်းလုပ်ဖို့ မဟုတ်၊ မသင့်တော်တာတွေ အများကြီးရှိတတ်ပါတယ်။ မကောင်းတဲ့ဝါသနာဆိုတာမျိုးကိုတော့ ဖျောက်ဖျက်ပြစ်လိုက်တာ အကောင်းဆုံးပါပဲ။ တချို့က ငါးမျှားတာဝါသနာပါတယ်။ တချို့က အမဲလိုက်တာ ၀ါသနာပါတယ်။ တချို့က တိရစ္ဆာန်လေးတွေ မွေးမြူတာ ၀ါသနာပါတယ်။ တစ်ချို့က အားကစားလုပ်တာ ၀ါသနာပါတယ်။ ခရီးသွားတာ၊ လောင်းကစားလုပ်တာ၊ ပရဟိတ္တလုပ်တာ၊ စာတွေ ကဗျာတွေရေးတာ၊ သူတစ်ပါးပစ္စည်းကိုခိုးယူတာ စသည် စသည် အမျိုးမျိုးသော ၀ါသနာတွေ ရှိနေကြပါတယ်။ အဲဒီဝါသနာပါတာ တွေက ခေါင်းစီးအဆင့်လောက်ပဲ သတ်မှတ်နိုင်တာပါ။ သူတို့ကို ထပ်ခွဲမယ်ဆိုရင် လိုင်းပေါင်းစုံထွက်လာနိုင်ပါ သေးတယ်။ အဲဒါတွေကို လိုက်ကြည့်မယ်ဆိုရင် ၀ါသနာပါတယ်ဆိုတိုင်း အသက်မွေးဝမ်းကြောင်းဖို့မဖြစ်နိုင်တာ တွေ အများအပြားတွေ့နိုင်တယ်။ ဒီတော့ ၀ါသနာပါတဲ့အလုပ်တိုင်းက စီးပွားရေးလုပ်ငန်းအဖြစ်၊ အသက်မွေး ၀မ်းကြောင်းလုပ်ငန်းအဖြစ် ရပ်တည်ဖို့ မဖြစ်နိုင်ဘူး။ ဒါကသေချာသွားပါပြီ။ ၀ါသနာအကြောင်းကို ရေးချင်တာ မဟုတ်ပေမယ့် ထည့်ရေးသင့်တယ်လို့ယူဆလို့ ရေးချကြည့်တာပါ။ အခုလက်ရှိ ကျွန်တော်တို့အားလုံး စာတွေ ရေးနေကြတော့ စာရေးတာကို ၀ါသနာပါတယ်လို့ ယူဆပါတယ်။ မှန်လား မမှန်လားတော့ မသိဘူး။ မှန်မှန် မမှန်မှန် စာရေးနေတာကတော့ အမှန်ပါပဲဖြစ်ပါတယ်။ ၀ါသနာပါရင် စာတွေကို ထပ်မံလေ့လာသင့်ပါတယ်။ အဲဒီလိုလေ့လာရာမှာ ဘယ်လိုစာတွေကို ပိုပြီး စိတ်ဝင်စားသလဲဆိုတာလေးကိုတော့ ကိုယ်တိုင်က မေးခွန်းထုတ် အင်တာဗျူးမေးပြီး ကိုယ်တိုင်ကပဲ အင်တာဗျူးကို အောင်မြင်အောင် ဖြေပေတော့။ စာရေးတာ ၀ါသနာပါတယ်ဆိုတာနဲ့တင် မပြီးတော့ဘူးလို့ထင်ပါတယ်။ ဘယ်လိုစာကိုရေးတာ ၀ါသနာပါတာလဲ ဆိုတာကို စဉ်းစားရွေးချယ်ထားသင့်တယ်လို့ အကြံပြုလိုတာဖြစ်ပါတယ်။ ကိုယ်တိုင်ကပဲ ဘာကို စိတ်ဝင်စားတာလဲ ဆိုတာ သိမှာပဲဖြစ်လို့ ဘေးလူတွေအနေနဲ့ အကြံပေးတာပဲ လုပ်နိုင်ပါတယ်။


02.png


Steemit Platform မှာ စာတွေရေးနေကြတဲ့ လက်ကျန်လူအားလုံးကို ကျွန်တော်ကတော့ စာရေးတာဝါသနာပါ တယ်လို့ပဲ သတ်မှတ်လိုက်ပါတယ်။ စာရေးတာဝါသနာပါကြလို့လဲ ရေးနေကြတာပဲလို့ထင်ပါတယ်။ ဟုတ်တယ်မို့လား။ ဒီတော့စာရေးတာကို ၀ါသနာပါကြပြီဆိုရင်တော့ ဘယ်လိုစာတွေကို ကိုယ်ကပိုပြီး စိတ်ဝင် စားသလဲဆိုတာကို ကိုယ်တိုင် ဆန်းစစ်ကြည့်သင့်ပါတယ်။ ရယ်စရာ ဟာသတွေကိုစိတ်ဝင်စားသလား၊ စိတ်ပိုင်း ဆိုင်ရာစာတွေကိုစိတ်ဝင်စားသလား၊ ရသတွေပေးနိုင်တဲ့စာမျိုးတွေကို စိတ်ဝင်စား၊ အလွမ်းအဆွေးတွေကို ဖော်ပြပေးတဲ့စာတွေကို စိတ်ဝင်စားသလားဆိုတာကိုတော့ ကိုယ်တိုင်ဆန်းစစ်ရမှာဖြစ်ပါတယ်။ ကိုယ်တိုင် ဆုံးဖြတ်နိုင်ပြီဆိုရင်တော့ အဲဒီလိုင်းကို အဓိကထားသာရေးသင့်တယ်လို့ အကြံပြုပါတယ်။ ၀ါသနာဆိုတာ လိုင်းပေါင်းများစွာ ရှိပါတယ်လို့ ရေးခဲ့ပြီးပါပြီ။ ၀ါသနာတစ်ခုတည်းကိုပဲ အားကိုးပြီး လူ့ဘ၀မှာ ရပ်တည်နိုင်ဖို့ အလွန်ခက်ခဲမှာပဲဖြစ်ပါတယ်။ လူ့ဘ၀ရပ်တည်မှုဆိုတာ စားဝတ်နေရေးက မပါမဖြစ်တဲ့ကဏ္ဍတစ်ခုဖြစ်ပါတယ်။ ဒီတော့ ၀ါသနာပါတာကိုပဲလုပ်မယ်ဆိုရင် အောင်မြင်နိုင်တယ်ဆိုပေမယ့် စားဝတ်နေရေးအတွက် ရပ်တည်ဖို့တော့ မသေချာ မရေရာ ဖြစ်သွားနိုင်တဲ့ ၀ါသနာတွေလည်း ရှိတယ်ဆိုတာ သိကြပါလိမ့်မယ်။ သင်လာခဲ့ကြရတဲ့ပညာတွေကို ဘေးချထားပြီး ၀ါသနာပါရာလုပ်မယ်ဆိုရင်လည်း သင်ထားတဲ့ပညာတွေ၊ အချိန် ငွေ စတာတွေကိုလည်း အင်မတန် နှမြောစရာကောင်းမယ်လို့လည်း ယူဆမိပါတယ်။ သင်ထားတဲ့ပညာတွေက အင်ဂျင်နီယာပညာရပ်ဖြစ်ပြီး ငါးမျှားတာဝါသနာပါလို့ ဆိုပြီး တံငါသည်လုပ်လိုတဲ့သူ ဘယ်နှစ်ယောက်များရှိနိုင် မလဲ။


03.png


အားပေးချင် တိုက်တွန်းချင် လမ်းကြောင်းချင်လို့ ဒီစာတွေကို ရေးဖြစ်သွားတာပါ။ တစ်ခါလည်းလည်း ဒီစာရေးတာ နောက်တစ်ခါရေးတာလည်း ဒီစာရေးတဲ့အကြောင်းတွေကိုပဲ ရေးနေရတော့ အတော်တော့ သည်းခံဖတ်ရမှာပဲ။ ဒါလည်းမတတ်နိုင်ဘူးလို့ပြောရတော့မှာပဲ။ သည်းခံကြပေတော့လို့ပဲ ပြောရမှာပဲ။ လမ်းကြောင်းတွေ ဟိုရောက်လိုက် ဒီရောက်လိုက်ဖြစ်နေရင် စာရေးရတာ ပိုပြီးခက်မယ်ထင်လို့ ကိုယ်စိတ်ဝင်စားတဲ့လမ်းကြောင်းဆိုရင် အလွယ်တကူစာရေးနိုင်မယ်ထင်လို့ ဒီစာတွေကို ရေးခြင်းဖြစ်ပါတယ်။ မှားနေရင်လည်း ခွင့်လွှတ်ကြပေတော့။ လူတွေရဲ့သဘာဝအရကိုက စိတ်ဝင်စားတဲ့အရာဆို ပိုပြီးတော့ သိလွယ် တတ်လွယ် မြင်လွယ်ကြလို့ စာရေးတာလည်း အဲဒီလိုပဲဖြစ်မယ်ထင်ပါတယ်။ စိတ်မ၀င်စားတဲ့စာကို ဖတ်ခိုင်းရင် အိပ်ခိုင်းတာနဲ့အတူတူပဲမဟုတ်လား။ ဖြစ်ညစ်အားထုတ်ရတာက အင်မတန်ပင်ပန်းတတ်တာကို လူတိုင်း သိပါ တယ်။ မေ့နေကြလို့ မကြာ မကြာ သတိပေးနေရခြင်းလည်း ဖြစ်ပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့စာတွေ ကဗျာတွေ ၀တ္ထုတွေကို ရွေးပြီးရေးရင် ပိုပြီး လျင်မြန်လွယ်ကူစွာနဲ့ စာရေးနိုင်ပါလိမ့်မယ်။ အကြံပေးခြင်းသာဖြစ်ပါတယ်။ ဘာရေးရမှန်းမသိဘူးဆိုတဲ့စကားလုံးတွေကို မကြာခဏကြားကြားနေရတော့ စာရေးစေချင်တဲ့စိတ်နဲ့ အကူအညီဖြစ်လိုဖြစ်ငြား ထပ်ရေးတင်ခြင်းဖြစ်ပါတယ်။ အကူအညီဖြစ်ခဲ့တယ်ဆိုရင် အတိုင်းထက်အလွန် ၀မ်းသာမိမှာပါပဲ။ ကိုယ်ဝါသနာပါရာကို သွားနေတဲ့သူတွေရှိနေတာကိုလည်း မြင်နိုင်ပါတယ်။ @asterkame ဆိုရင် ၀ါသနာပါတဲ့ စက္ကူခေါက်နည်းကို နည်းမျိုးစုံရေးတင်နေနိုင်တာ လူတိုင်းသိပါတယ်။ အဲဒီလိုရေးတင်ခြင်း ကိုဆိုလိုချင်တာပါ။ ၀ါသနာလည်းပါတဲ့အတွက် ပင်ပင်ပန်းပန်းနဲ့စာရေးတင်နေစရာမလိုပဲ အလွယ်တကူ စာရေးသားနိုင်တာ တွေ့နိုင်ပါတယ်။ စက္ကူခေါက်တာကို ပြောတာမဟုတ်ဘူးနော်။ စာရေးရတာလွယ်သွားတာကို ပြောတာပါ။ တော်ကြာ ရန်လုပ်ပြီး စက္ကူခေါက်ခိုင်းနေမှာကစိုးရသေးတယ်။


04.png


အကောင်းဆုံး အလွယ်ဆုံး နဲ့ အမြန်ဆုံး စာရေးချင်တယ်ဆိုရင်တော့ ကိုယ်တိုင်လည်း ၀ါသနာပါပြီး ကိုယ်တိုင် လည်း စိတ်ဝင်စားတဲ့ စာတွေကို ရေးပါလို့ အဓိကအနေနဲ့ တိုက်တွန်း အကြံပြုလိုခြင်းဖြစ်ပါတယ်။ ဒီလိုပြောလို့ စာရေးရတာလွယ်တယ်လို့တော့ မမှတ်ယူပါနဲ့။ စာရေးခြင်းဟာလည်း အနုပညာတစ်ခုလို့ သတ်မှတ်ထားတဲ့ အတွက် ခက်ခဲမှုရှိတာအမှန်ပါ။ အကြံပြုတယ်ဆိုတာက နေ့စဉ် စာရေးတင်နိုင်ဖို့လောက်ကိုသာဆိုလိုတာဖြစ်ပြီး စာရေးဆရာ တစ်ယောက်ဖြစ်တဲ့အဆင့်ကို ဆိုလိုတာမဟုတ်ဘူးဆိုတာကိုတော့ နားလည်ကြစေချင်ပါတယ်။ တော်ကြာနေစာရေးတာများလွယ်လွယ်လေးလို့ ပြောလာရင် နောက်တစ်မျိုးရှင်းနေရမှာစိုးလို့ ထည့်ရေးတာပါ။ ၀ါသနာပါအရာ စိတ်ဝင်စားတဲ့အရာဆိုပေမယ့်လည်း ကိုယ်တိုင်လုပ်ခဲ့ဖူးမှ တစ်ချို့စာတွေရေးဖို့ အဆင်ပြေမှာ ဖြစ်လေတော့ ကိုယ်တိုင်တော့ နည်းနည်းလေးပဲဖြစ်ဖြစ် လုပ်ဖူးမှ ဖြစ်မှာပါ။ အာကာသအကြောင်းကို ၀ါသနာပါ တယ်ဆိုပြီး အာကသဆိုတာဘာမှန်းမသိရသေးပဲနဲ့တော့ စာရေးဖို့ အဆင်မပြေနိုင်ဘူး။ ငယ်ငယ်က ဖတ်ဖူးတဲ့ ၀တ္ထုစာသားထဲကလို စတော်ဘယ်ရီပင်အောက်မှာ ဒန်းလွှဲပြီး ချစ်သူနှစ်ဦး ပျော်မြူးနေကြလေတယ် ဆိုတဲ့ အဖြစ်ကိုလည်း ရောက်သွားတတ်လို့ ကိုယ်တိုင်တော့ နည်းနည်းလေးဖြစ်ဖြစ် သိမှကို စာရေးဖြစ်ပါလိမ့်မယ်။ ၀ါသနာပါတဲ့အရာနဲ့ပတ်သတ်တဲ့စာတွေကို တတ်နိုင်သမျှ များများဖတ်ခြင်းက စာရေးဖို့အတွက် အကြံသစ် ဥာဏ်သစ်တွေကို တိုးပွားစေမှာဖြစ်ပါကြောင်း အကြံပြုရေးသားလိုက်ပါတယ်။


ရေးသားသူ(Author)___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

31-Oct-2018 အင်္ဂါနေ့(Wednesday)

#myanmar #motivation #writing #life

Sort:  

ဟုတ်​ကဲ့ပါ...ခုဆိုပိုစ့်​​တွေလည်းအ​တော့အသင့်​များလာ​တော့အ​လေ့အကျင့်​ဖြစ်​လာတာ​နေမယ်​...ပုံကြည့်​ရင်းစာ​တွေအလိုလို​ရေးတာမြန်​သွားပါတယ်​...၀ါသနာကလည်းတွန်းအားဖြစ်​​စေပါတယ်​...

Posted using Partiko Android

အမှန်ပါပဲ ၀ါသနာပါရာကို နေ့စဉ်လုပ်ကိုင်နေရတာရော စာတွေရေးနေတာရောက အကျင့်ဖြစ်သွားတော့ လွယ်ကူသွားတာဖြစ်ပါလိမ့်မယ်

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank a lot.

ကျွန်​​တော်​ ဝါသနာပါတာ ကျွန်​​တော်​ အ​သေအခြာသိတယ်​ဗျာ့
အဲ့တာ အအိပ်​ရယ်​ အစားရယ်​ အဟီးး

ဒီတော့လည်း အိပ်တဲ့အကြောင်းနဲ့ အစားအကြောင်းရေးပေါ့ ဘဘယုရယ်

မိမိဝါသနာပါရာ ရွေးချယ်ပြီးလုပ်မှာသာ စိတ်ချမ်းသာလိမ့်မည်

Posted using Partiko Android

ရွေးချယ်နိုင်ပါစေ။ ဒါမှလည်း စာတွေကို မြန်မြန်နဲ့များများရေးနိုင်မယ်လို့လည်း ထင်ပါတယ်။

ကိုယ့်‌လိုင်းကိုရှာဆဲပါဦးစိုး‌ရေ။လိုအပ်‌ချက်‌‌တွေ များပါ‌သေးတယ်‌။

မြန်မြန်နဲ့များများရေးနိုင်ဖို့ လမ်းကြောင်းအမှန် ရှာဖွေနိုင်ပါစေကိုမဟော်ရေ

ပိုက်ပိုက်လိုချင်လို့ ရေးတင်နေပါတယ်ဗျို့😁😁

Posted using Partiko Android

ဝါးသနာ ပါလို့မှုတ်ဘူးလား ☺

ဝါသနာကတော့ဖုန်းပြင်တာဗျာ...ဒီထဲကဖုန်းပြင်တာရေးရင်ပျင်းကုန်မှာစိုးလို့မရေးတော့တာကိုကြီး..ဟိဟိ

မပျင်းလောက်ပါဘူး ကြားညှပ်လေးတွေရေးပေါ့ဗျာ

ဘာမှ ဝါသနာ မပါတဲ့မခါ ဘာရေးရမလဲ😁😁 အဟိ အငေါက်ခံရန် အသင့်

Posted using Partiko Android

မဖြစ်နိုင်ဘူး အနည်းဆုံးတစ်ခုလောက်တော့ရှိမြဲပါဒေါ်ကြည်

ဟုတ်​ကိုစိုး ​သေချာ ​လေ့လာအုံးမယ်​ 😊

Posted using Partiko Android

လေ့လာထားတော့ စာရေးရင် ပိုအဆင်ချောမှာသေချာပါတယ် ကိုလွမ်းရေ

Congratulations @ansoe! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

Be ready for the next contest!
Trick or Treat - Publish your scariest halloween story and win a new badge
SteemitBoard notifications improved

Support SteemitBoard's project! Vote for its witness and get one more award!

Thank you very much for your supporting.

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64320.07
ETH 3154.23
USDT 1.00
SBD 4.34