လုပ်သင့်တာ လုပ်

in #myanmar5 years ago

ချစ်လှစွာသော စတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear steemians families.


xww8ba2opg.png


ဒီနေ့လည်း စာမရေးဘူး စာမရေးဘူးဆိုပေမယ့် မနေနိုင်။ ဒါလည်း ရောဂါတစ်ခုလိုဖြစ်နေပြီထင်တယ်။ တိုးတက်နေတဲ့ခေတ်ကြီးမှာ စီးပွားရှာတယ်ဆိုတာ လွယ်လည်း လွယ်တယ် ခက်လည်းခက်တယ်။ ဘာကြီးတုံးလို့ မတွေးနဲ့ လွယ်တဲ့လူတွေအတွက် တစ်နည်း ပြောရရင် အကွက်မြင်ကျွမ်းကျင်တဲ့သူတွေအတွက် လွယ်ကူပြီး ကျွမ်းကျင်ပြီး အကွက်မမြင်သူတွေအတွက်တော့ ခက်ခဲနေတတ်တာကို ပြောချင်တာပါ။ ကျွမ်းကျင် ကြတာချင်းတူပြီး အကွက်မြင်တာချင်းမတူကြတဲ့အတွက် ကွာခြားသွားတယ်။ ဘယ်အလုပ်ကိုမဆို လုပ်ကြတဲ့ အခါမှာ ကိုယ့်အင်အားကို ချိန်ဆလုပ်ကိုင်ကြရတယ်။ အင်အားနဲ့လုပ်နိုင်တဲ့အလုပ်ကိုပဲလုပ်သင့်တယ်။ ကိုယ့် အင်အားထက် သာလွန်တဲ့အလုပ်တွေကို ရှောင်ရှားလုပ်ကိုင်၊ ကိုယ့်အင်အားထက် မနိုင်တဲ့အလုပ်တွေကို ရှောင်ရှားမှ တနည်းအားဖြင့် မနိုင်ဝန်ကိုမထမ်းမှ ကိုယ်စိတ်နှစ်ပါးချမ်းသာနိုင်ပါတယ်။ မနိုင်ဝန်တွေကို ထမ်းမယ် ဆိုရင် ကိုယ်ရော စိတ်ပါ ချမ်းသာနိုင်လိမ့်မယ်မဟုတ်ပါဘူး။ ဘယ်အလုပ်ကိုပဲလုပ်လုပ် မိမိတတ်နိုင်တဲ့ငွေကြေး အင်အားကို ချိန်ဆလုပ်ကိုင်မှ ငွေကြေးဒုက္ခကနေ ကင်းလွတ်ပြီးနေထိုင်နိုင်ပါမယ်။ ဆန်တစ်အိတ်ကိုပဲ ထမ်းပိုးနိုင်တဲ့ လူတစ်ယောက်ဟာ ကိုယ့်အင်အားကို မသိပဲနဲ့ ဆန်တစ်အိတ်ခွဲကို ထမ်းမယ်ဆိုရင် အတော် ပင်ပန်းမှာဖြစ်သလို တစ်အိတ်ခွဲထက်ပိုပြီး ဆန်နှစ်အိတ်သွားထမ်းခဲ့ရင် သေချာပေါက်ဒုက္ခဖြစ်ပါမယ်။



x7ybmye3yz.png


စီးပွား ကုန်သွယ် လယ်လုပ် စိုက်ပျိုး မွေးမြူ စတဲ့ဘယ်လိုအလုပ်မျိုးကိုမဆို အသက်မွေးဖို့အတွက် လုပ်ကိုင် ဆောင်ရွက်ကြရမှာပဲဖြစ်ပါတယ်။ ဒီလိုအသက်မွေးလုပ်ကိုင်ကြတဲ့အခါ ခေတ်ကာလကို လေ့လာထားပြီး ဘယ်အချိန် ဘယ်နေရာ ဘယ်ဒေသ မှာ ဘယ်လိုလုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုတာကို သေသေချာချာ ပိုင်ပိုင်နိုင်နိုင် သိထားရမှာလည်းဖြစ်ပါတယ်။ ခေတ်ကာလကို လစ်လျူရှုပြီးနေမယ်ဆိုရင် အောင်မြင်ဖို့ခက်ခဲ တတ်ပါတယ်။ ခေတ်နဲ့လျော်ညီစွာ အကွက်မြင် စနစ်တကျလုပ်ကိုင်ဆောင်ရွက်မှသာ လုပ်ငန်းတွေအောင်မြင် တတ်ပါတယ်။ ဥပဒေ စည်းမျဉ်း စည်းကမ်းတွေကိုလည်း ကိုယ်နဲ့မဆိုင်သလို လုပ်နေလို့မရပါ။ မကျွမ်းကျင် တောင်အနည်းငယ်လောက်တော့ နားလည်နိုင်အောင် လေ့လာထားသင့်ပါတယ်။ ယနေ့ခေတ်ကာလမှာ တတ်ချင်စရာတွေ တတ်စရာပညာရပ်တွေ အလွန်များပြားလှပါတယ်။ စာရင်းကိုင်ပညာလည်းတတ်ချင်၊ ကွန်ပျူတာကိုလည်းတတ်ချင်၊ ဘာသာစကားအမျိုးမျိုးကိုလည်း တတ်ချင်ဖြစ်နေတတ်ပါတယ်။ ဘာသာစကား လိုအရာမျိုးကတော့ တတ်ထားလေကောင်းလေဖြစ်သလို ကွန်ပျူတာပညာကလည်း တတ်ထားရင်ကောင်းတာ ပါပဲ။ ဒါပေမယ့် အကုန်လုံးလိုက်တတ်ချင်နေလို့တော့မဖြစ်ပဲ သင့်တော်တဲ့ပညာရှင်တွေထံ ဆက်သွယ်မေးမြန်း အကူအညီတောင်းသင့်ပါတယ်။ အဓိကအနေနဲ့ကတော့ ကုန်ပစ္စည်းထုတ်လုပ်သူတစ်ယောက်ဖြစ်မယ်ဆိုရင် ကိုယ်ထုတ်လုပ်တဲ့ကုန်ပစ္စည်းအကြောင်းကို အကုန်အစင် သိစရာမကျန်လောက်အောင်ကို သိထားရမှာဖြစ် သလို လုပ်ငန်းနဲ့ပတ်သတ်တဲ့ သတင်း၊ ခေတ်ကာလတို့ကိုလည်း အစဉ်နားစွင့်နေမှသာ ခေတ်နဲ့အညီ အမြင်ရှိ မှာ ဖြစ်ပါတယ်။ ဘယ်လုပ်ငန်းနဲ့အသက်မွေးဝမ်းကြောင်းတာပဲဖြစ်ဖြစ် ကိုယ့်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက် တဲ့အခါမှာ အမြဲတမ်း စေ့စပ်သေချာမှု၊ ဝေဖန်ပိုင်းခြားနားလည်မှု၊ နေရာဒေသကောင်းရွေးချယ်မှု၊ အရည်အသွေး ပြည့်မီအောင်ကြိုးစားမှု၊ အချိန်ကာလဒေသတို့ကို သုံးသပ်နိုင်မှုတွေနဲ့ လုပ်ကိုင်ဆောင်ရွက်တတ် တာဟာ အကွက်မြင်သူတစ်ယောက်ဖြစ်တဲ့အတွက် လုပ်သင့်တာကိုလုပ်ပြီး ဘ၀မှာ အောင်မြင်မှုသရဖူဆောင်း နိုင်မှာဖြစ်ပါကြောင်းရေးသားရင်း ရပ်နားလိုက်ပါတယ်။


လူတိုင်း လူတိုင်း လုပ်သင့်တာလုပ်လို့ အောင်မြင်တိုးတက်နိုင်ပါစေ...


ရေးသားသူ နှင့် ဓာတ်ပုံ (Author and Photo)_______

stemit ansoe myanmar no word logo 2.png

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

9-8-2019 သောကြာနေ့(Friday)

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63855.79
ETH 3113.00
USDT 1.00
SBD 4.04