ဆက်လက်၍

in #myanmar6 years ago

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


ခေတ်ကာလသည် ပြောင်းလဲနေသည်ဖြစ်ရာ ဆယ်စုနှစ် တစ်စု ကုန်ဆုံးသွားတိုင်းတွင် အယူအဆများ၊ အတွေး အခေါ်များသည်လည်း ရွှေ့လျားပြောင်းလဲကုန်ကြသည်ဖြစ်ပါသည်။ အချို့သောအရာတို့သည်သာ ဆယ်စုနှစ် မက ရာစုနှစ် ကြာသည့်တိုင်အောင် လက်ခံနေဆဲဖြစ်ကြောင်းတွေ့ရပါသည်။ ထိုသို့ရာစုနှစ်ကြာသည့် တိုင်အောင် လက်ခံနိုင်သည့်အရာများသည်လည်း ဖန်တီးမှုများနှင့်စာလျှင် အလွန်နည်းပါးသောအရေအတွက် ဖြစ်လိမ့်မည်ထင်ပါသည်။ ယနေ့ IT နည်းပညာများမြင့်သထက်မြင့်ကာ တိုးတက်နေသော လူ့အဖွဲ့အစည်းတွင် အချို့သော ဖန်တီးချက်များသည် ကွယ်ပျောက်လုနီးပါးဖြစ်သွားကြပါသည်။ အနုပညာဖန်တီးမှုများဖြစ်သော ပန်းချီ၊ ပန်းပု၊ စာရေးခြင်းအတတ် နှင့် အခြားသော ဖန်တီးကြရသည့် အနုပညာဖန်တီးမှုအတော်များများသည် လူတို့၏ အထင်ကြီးလေးစားခြင်းခံရသည့်အဆင့်မှ ရွှေ့လျောကာ အပြင်းပြေစရာ အလုပ်တစ်ခု၊ အပြင်းဖြေစရာ အလုပ်တစ်ခုအဖြစ် အချို့သော လူမှုအသိုင်းများတွင် လက်ခံယုံကြည်လာကြကြောင်းအား မြင်တွေ့ရသည် ဖြစ်ရာ ဖန်တီးသူ အနုပညာရှင်တို့အစား ၀မ်းနည်းမှုဖြစ်ပေါ်ခဲ့ရပါသည်။ ခေတ်များပြောင်းလဲလာသည်နှင့်အမျှ လူ့အဖွဲ့အစည်းအသိုင်းအ၀ိုင်းတို့သည် လုပ်ကိုင်သောအလုပ်ကိုကြည့်ကာ လူတို့၏တန်ဖိုးကို သတ်မှတ်လာကြ ပေသည်။ ဥပမာအားဖြင့်ဆိုရသော် ဆရာဝန်၊ အင်ဂျင်နီယာ ဆိုသောပညာရှင်တို့အား အလေးထားလေးစားမှု နှင့် စာရေးဆရာ၊ အတွေးအခေါ်ပညာရှင်တို့အား လေးစားမှုသည် အလွန်ပင်ကွာခြားသွားကြောင်း သိသာလှ ပေသည်။ အချို့သော အတွေးအခေါ်ပညာရှင်တို့အား အရူးတစ်ယောက်ကဲ့သို့ပင် ပြုမူဆက်ဆံတတ်ကြောင်း ကို စာများထဲတွင် ဖတ်ဖူးခဲ့ပါသည်။ စာရေးဆရာတစ်ယောက်အား လေးစားမှုရှိသည်ဟု ဆိုကြရာတွင် ဆရာဝန် တစ်ယောက်၊ အင်ဂျင်နီယာတစ်ယောက်လောက်တော့ လေးစားကြလိမ့်မည်မထင်ပါ။


02.png


အတွေးအခေါ်ပညာရှင်တစ်ယောက်၏ အလုပ်သည် ပြစရာအလုပ် ရေရေရာရာ ရှိမည်မဟုတ်ဟု ယူဆကြပေမည်။ ထို့အတူပင် စာရေးဆရာတို့သည် စိတ်ကူးပုံဖော်ကာ စာရေးခြင်းအလုပ်ထက် ပိုသောလုပ် ဆောင်ချက်မရှိဟု မှတ်ယူထားကြမည်သာဖြစ်ပါသည်။ အတွေးအခေါ်ပညာရှင်တစ်ယောက်၏ စကားလုံးအချို့ အား ကြိုက်နှစ်ခဲ့သည်ရှိသော် ထိုအတွေးအခေါ်ပညာရှင်သည် ထိုစကားလုံးနှင့် အတူ နှစ်ပေါင်းရာချီ တည်တံ့နေနိုင်ပေမည်။ အသက်ရှင်စဉ်ကာလတွင်မူ ထိုအတွေးအခေါ်ပညာရှင်သည် လေးစားခံရခြင်း အရေးပေးခံရခြင်း ရှိချင်မှရှိပေလိမ့်မည်။ ထို့အတူတူပင် စာရေးဆရာတစ်ယောက်သည် သူရေးခဲ့သော စာများ အား လူအများစုက ကြိုက်နှစ်သက်သောကြောင့် စာများနှင့်အတူ နှစ်ပေါင်းများစွာ တည်တံ့နေနိုင်မည်ဖြစ်ပေ သည်။ ထိုစာရေးဆရာအသက်ရှင်စဉ်ကာလတွင် စီးပွားရေးအဆင်ပြေကောင်းမှပြေပေလိမ့်မည်။ တန်ဖိုးထား လေးစားခြင်းခံရချင်မှ ခံကြရပေလိမ့်မည်။ ပန်းချီ၊ ဂီတ၊ ကဗျာ စသည့် အနုပညာဖန်တီးချက်များအားလည်း အပျင်းပြေသဘောမျိုး အဖြစ်လောက်သာ သတ်မှတ်ခံခဲ့ကြရသည်မှာ နှစ်ပေါင်းအတော်ကြာခဲ့ပြီထင်ပါသည်။ စာရေးဆရာ၊ ကဗျာဆရာနှင့် အတွေးအခေါ်တို့သည် အပြင်းပြေ ၀ါသနာတစ်ခုသာဖြစ်နေခဲ့ပါသည်။ ထို့ကြောင့် ပညာရှင်အဖြစ်လည်း မည်သူကမျှ တန်ဖိုးထား သတ်မှတ်ခြင်းမရှိတော့သကဲ့သို့ လေးစားတန်ဖိုးထားခြင်းလည်း နည်းပါးသွားခဲ့သည်မှာ ရာစုနှစ်သို့ပင် ရောက်ရှိနေပြီလားမသိနိုင်ပါ။ လေးစားမှုရှိသည်ဟု ဆိုသော လူများမှာ လူနည်းစုသာ ကျန်ရှိနေတော့သည်ဟုလည်း ထင်မြင်မိပါသည်။ ကဗျာဆရာက ကဗျာကိုဖန်တီးခြင်းသည် သူ့ရင်တွင်းက ခံစားချက်ကို ရေးသားထုတ်ဖော်ခြင်းဖြစ်သည်။ ဖန်တီးချင်လို့ ဖန်တီးခြင်းသာဖြစ်သည်။ စာရေးဆရာသည်လည်း ထို့အတူ ပန်းချီဆရာ၊ သီချင်းရေးဆရာတို့သည်လည်း ထို့အတူတူပင်ဖြစ်ပေလိမ့်မည်။


03.png


ပြောင်းလဲလာသော ခေတ်စနစ်များနှင့် နည်းပညာတိုးတက်လာခြင်းကြောင့် ဖန်တီးမှုများလည်း ပိုမို တိုးတက်ကောင်းမွန်လာကြပေသည်။ တိုးတက်ကောင်းမွန်လာသော အနုပညာဖန်တီးသူတို့အား ပိုမိုလေးစား အရေးထားသင့်သည်ဟုလည်း ထင်မြင်မိပါသည်။ အနုပညာဟူသည် အလွယ်တကူဖန်တီးရန် လွယ်ကူသည်ဟု ထင်မြင်ယူဆထားကြလေသည်လားမသိပါ။ လူကြိုက်များသော ဖန်တီးမှုတို့၏ ဖန်တီးရှင်တို့သည် အများအား ဖြင့် ပရိဿတ်တို့မျက်စေ့ရှေ့တွင်ရှိမနေတတ်ပါ။ လူမမြင် သူမမြင် ကန့်လာများ၏ နောက်ကွယ်မှ သူတို့၏ ဖန်တီးချက်မားအား ကျေနပ်ပီတိ ဖြစ်နေတတ်ကြပါသည်။ ကိုယ်ပိုင်ရေးဆွဲတည်ဆောက်လိုက်သောအရာ တစ်ခုသည် အနုပညာဖန်တီးချက်တစ်ခုဟုထင်ပါသည်။ အနုပညာရေးဆွဲဖန်တီးသူတို့သည် အများအားဖြင့် ငွေကြေးမပြေလည်သူများပြားသည်ဟု ထင်ပါသည်။ နာမည်တစ်လုံးဖြစ်ပေါ်မလာမချင်း ထိုဖန်တီးရှင်သည် ဒုက္ခမျိုးစုံရောက်ခဲ့ကြရပေမည်။ ၀မ်းရေးအတွက် အခက်အခဲဖြစ်နေတတ်သည်ဖြစ်ရာ မိမိဖန်တီးမှုတို့အား အခြားသူအား ရောင်းစားလိုက်ရသောကြောင့် မူရင်း ဖန်တီးသူ၏ နာမည် မပေါ်နိုင်သော အနုပညလက်ရာ အများအပြား ခေတ်အဆက်ဆက်တွင် ရှိခဲ့သည်ဟု ယူဆမိပါသည်။ နာမည်ရလာချိန်တွင်လည်း ကိုယ်ပိုင်နာမည်ရရှိစေရန်အတွက် ငွေကြေးမပြည့်စုံပါက မလွယ်ကူနိုင်ဟုလည်း ထင်ပါသည်။ စေတနာမှန်ဖြင့် ကူညီထောက်ပံ့ပေးချင်သောသူသည်လည်း စီးပွားရေးလောကတွင် နည်းပါးလိမ့်မည်ဖြစ်ပါသည်။ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်အနုပညာ၊ ကိုယ်ပိုင် အတွေးအခေါ်တို့ဖြင့် အံတုရင်ဆိုင်နိုင်ရန်မှာ ငွေကြေး အလုံအလောက်ရှိနေရန် လည်း သေချာပေါက်လိုအပ်မည်ဖြစ်ပါသည်။ ငွေကြေးမတတ်နိုင်ခဲ့သည်ရှိသော် ဖန်တီးသူ ကဗျာဆရာ၊ စာရေးဆရာ၊ ဂီတဆရာ၊ သီချင်းရေးဆရာတို့၏ နာမည်သည် မည်သူမျှ သိလိမ့်မည်မဟုတ်ပါ။ သူတို့ဖန်တီးခဲ့ သော ကဗျာ၊ သီချင်း၊ အနုပညာလက်ရာ၊ ဒီဇိုင်းတို့သည် အောင်မြင်နေသော်လည်း မူရင်းဆရာအား လူသိလိမ့် မည်မဟုတ်ပါ။


04.png


ဦးနှောက်အား အသုံးပြုကာ ကုန်ပစ္စည်းထုတ်လုပ်ရသည်နှင့်တူသော အလုပ်အား ခုံမင်နှစ်သက်မိသော ဖန်တီးသူတို့သည်ကား သူတို့ချစ်မြတ်နိုးသော၊ သူတို့ဝါသနာပါသော အလုပ်ကို လုပ်ရခြင်းကြောင့် လည်းကောင်း၊ လူတို့၏ စိတ်နှလုံးအား သိမ်းသွင်းဆွဲဆောင်နိုင်ကြသောကြောင့်လည်းကောင်း ငွေရခြင်း၊ မရခြင်းနှင့် နာမည်ရခြင်း၊ မရခြင်းတို့ကို အလေးမထားကြတော့သည်ကိုလည်း တွေ့ရမည်ဖြစ်ပါသည်။ တော်စတွိုင်းဆိုသော ဆရာကြီးသည် “အနုပညာဆိုတာ ဘာလဲ” ဟူသည့်ကျမ်းအား ရေးသားနေစဉ်မှာပင် “အပျော်သဘော နှင့် အသုံးကျမှုသဘောတို့ ကင်းကွာနေသည့်အခါမျိုးတွင် အနုပညာဟူ၍လည်း မရှိနိုင်တော့ပေ” ဟု ထည့်သွင်းရေးသားခဲ့ဖူးကြောင်း မှတ်သားခဲ့ဖူးပါသည်။ မည်သို့ပင် အပျော်သဘောဖြင့် ဖန်တီးခြင်းဖြစ်စေကာမူ ထိုဖန်တီးချက်သည် အခြားတစ်စုံတစ်ယောက်အား အကျိုးပြုခဲ့သည်ဆိုငြားအံ့။ အသုံးကျခဲ့သည်ဆိုငြားအံ့။ ထိုဖန်တီးချက်အား လေးစားကြရမည်ထင်ပါသည်။ တန်ဖိုးထားသင့်သည်ဟုလည်း ထင်ပါသည်။ သိလို့တတ်လို့ကျွမ်းကျင်လွန်းလို့ စာရေး ကဗျာရေးနေခြင်းမဟုတ်သည့်အတွက် အမှားအယွင်း များက ကျွန်တော်တို့တွင် ရှိနေဦးမည်ဖြစ်ပါသည်။ ကျွန်တော်တို့၏ဖန်တီးချက်များသည်လည်း အမှားအယွင်းများ၊ လိုအပ်ချက်များရှိနေဦးမည်ဖြစ်ပါသည်။ တွေးမိသမျှ ရေးချခြင်းဖြစ်ရာ အမှန်ဖြစ်သည်ဟု မယူဆနိုင်ပေ။ မှန်ချင်လည်း မှန်မည်။ မှားချင်လည်း မှားနေပေလိမ့်မည်။ တန်ဖိုးထားခြင်းခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ စာများအား ဆက်လက်မျှဝေနေဦးမည်ဖြစ်ပါကြောင်းရေးသားရင်းရပ်နားလိုက်ပါသည်။


ရေးသားသူ(Author) ___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

9-Oct-2018 အင်္ဂါနေ့(Tuesday)

Sort:  

သီချင်းတစ်ပုဒ်ကို နားထောင်းကောင်းလိုက်တာ အဆိုတော်ကောင်းတယ်လို့ ချီးကျူးသံကို ကြားရလေ့ရှိပေမဲ့။
တေးရေးဆရာ တော်လိုက်တာလို့ သိပ်မချီးကျူးကြဘူး။

တော်တယ် တော်တယ် ကိုကိုရယ် သီချင်းရေးဆရာနာမည်ကို ခုခေတ်မှာပိုပြီး စိတ်မ၀င်စားကြတော့ဘူး ကန့်လာကာနောက်ကွယ်ကနေ ပြုံးနေရုံမှလွဲ၍ပေါ့

လူတိုင်းမှာအရည်​အချင်းကိုယ်​စီပါ...နယ်​ပယ်​အသီးသီးမှကြိုးစား​နေသူများ၊ပညာရှင်​များအားလုံးကို​လေးစားပါတယ်​...

Posted using Partiko Android

အမှန်ပါပဲ ပညာရပ်တိုင်းက တန်ဖိုးရှိတာကိုလက်ခံရမှာပဲနော

အနုပညာနှင့် အတတ်ပညာ တန်ဖိုးထားမှုခြင်း မတူပါ

Posted using Partiko Android

အတတ်ပညာကို လူတွေက ပိုတန်ဖိုးထားတတ်ကြတာပါပဲ ကိုဟိန်းရေ အနုပညာသမားကို အပြင်းပြေလုပ်တာလောက်ပဲ မှတ်ထားတတ်ကြတယ်

တန်‌ဘိုးသိမှ တန်‌ဘိုးရှိတယ်‌ ဆိုတဲ့စကားဘဲေ ပြာရမှာ‌ပေါ့ဦးစိုးရယ်‌။

ဒါပေါ့ဗျာ တန်ဖိုးမသိရင် ဘာမှတန်ဖိုးမရှိတာတော့အမှန်ပါပဲ

ခေတ်ကာလ ရွေ့လျားလာတဲ့အလျောက် တန်ဖိုးထားမှုလေးတွေလည်း ပုံစံပြောင်းသွားနိုင်တာပေါ့။ဒါပေမဲ့လည်း ကိုယ်ယုံကြည်ရာကို ကြိုးစားလုပ်ကိုင်ရင်း ရှေ့ဆက်ကြရမြဲပါပဲ။

ရှေ့ဆက်၍ပေါ့ဗျာ

ဆက်လက်၍ လုပ်ပါမည်

Posted using Partiko Android

ကောင်းပါတယ် အားပေးပါတယ် ကြိုးစားကြတာပေါ့ဗျာ

မ​ကောင်းတာဖန်​တည်းသည်​ဖြစ်​​စေ
ကောင်းတာဖန်​တီးသည်​ဖြစ်​​စေ အစဦးဆုံးဖန်​တီးသူကို​တော့ အသိအမှတ်​ပြုရပါမည်​ Good ပါ့ဗျာ၊

အသိအမှတ်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ ဖန်တီးသူများကတော့ ဆက်လက်၍ ပေါ့ခင်ဗျာ

ဂွတ်ပ ကိုစိုးရေ ဘယ်လို မန့်ရမှန်းတောင်မသိတော့ဘူး
ကြိုက်လို့ဗုတ်ခဲ့တယ်ဗျာလို့

မသိမသာလက်မထောင်လိုက်မယ် ကိုထွေးကြီး☺

ဆက်လက်၍ ဘာတွေများရေးအုံးမလဲ ကိုစိုးရေ

Posted using Partiko Android

ဘာတွေရေးရမလဲတော့မသိဘူး ရေးတော့ရေးနေရအုံးမှာပဲ

အနုပညာထုတ်ကုန်ဆိုတာ ဘယ်အချိန်မှာ တန်ဖိုးတက်သွားတယ်ဆိုတာ ပြောရခက်ပါတယ်ဗျာ၊ အသုံးပြုသူစိတ်နဲ့ ထုတ်လုပ်သူ စိတ်တွေ တစ်ထပ်တည်းကျချိန်လို့ ထင်တာပါပဲ။

အဲလိုပဲယူဆရမယ် ဆာတင်ရေ

Coin Marketplace

STEEM 0.32
TRX 0.11
JST 0.034
BTC 66569.64
ETH 3235.92
USDT 1.00
SBD 4.31