Phone Hardware ပြုပြင်နည်း အခြေခံ (၂)

in #myanmar6 years ago

Condenser (or) Capacitor (လျပ်​သို)
Condenser ၏ အဓိက လုပ်​ငန်းမှာ လျပ်​စစ်​စွမ်းအားများကို သံလိုက်​စက်​ကွင်းအသွင်​ဖြင့်​ သို​လှောင်​သိမ်းဆည်းပြီး ညင်​သာ​ချော​မွေ့စွာ ပြန်​လည်​ထုတ်​​ပေးခြင်းဖြစ်​သည်​။ လျပ်​စစ်​များများသို​လှောင်​နိုင်​​လေ Capacitance တန်​ဖိုးမြင့်​​လေ​လေဖြစ်​သည်​။ ထို့ပြင်​ AC လျပ်​စစ်​နှင့်​ AC ပုံစံ Wave Form များကို ဖြတ်​သန်းခွင့်​​ပေးပြီး DC လျပ်​စစ်​ကို ဖြတ်​သန်းခွင့်​မ​ပေးနိုင်​ပါ။

AC = Pass, DC = Stop

သို​လှောင်​နိုင်​မှု စွမ်းရည်​အမျိုးမျိုးနှင့်​ Volt အားခံနိုင်​ရည်​ အမျိုးမျိုးဖြင့်​ ထုတ်​လုပ်​ထားပါသည်​။ Condenser (or) Capicator ကို သ​င်္ကေတအ​နေဖြင့်​ C ဖြင့်​ ​ဖော်​ပြပြီး ၄င်းကိုတိုင်းတာ​သော ယူနစ်​မှာ Farad (F) ဖြစ်​သည်။ တန်​ဖိုးအနည်းအများကို µF = Micro Farad, nF= Nano Farad, pF = Pico Farad ဟူပြီးခွဲခြားထားသည်​။

32260730_1714206675365368_2694568477561192448_n.jpg
Anaglog Capacitor များ

32207349_1714206985365337_3525815365697273856_n.jpg
Phone Circuit တွင်​ပါဝင်​​သော Surface Mount Capacitor များ

32293912_1714208415365194_4094943530789634048_n.png

Condenser များကို Filter Condenser များနှင့်​ Coupling Condenser များဟူ၍ ခွဲပါသည်​။ အနီ​ရောင်​ကဲ့သို့​သော Condenser များကို Filter Condenser ဟု​ခေါ်ကြပြီး အပြာ​ရောင်​ကဲ့သို့​သော Condenser များကို Coupling Condenser ဟု​ခေါ်ကြသည်​။ Filter နှင့်​ Coupling သည်​ ပုံစံတူတူဖြစ်​ပြီး အစွန်းတစ်​ဖက်​ Ground (GND) ကျ​နေ​သော Condenser များသည်​ Filter Condenser များဖြစ်​သည်​။

Coupling Condenser အမျိုးအစားများသည်​ ဖုန်း Circuit အတွင်းပါရှိပါသည်​။ အဓိကအားဖြင့်​ ပတ်​လမ်းတစ်​ခုနှင့်​ တစ်​ခု ဆက်​သွယ်​ရာတွင်​လည်း​ကောင်း၊ AC Wave Form များ ဖြတ်​သန်း​စေပြီး DC Voltage မဖြတ်​​စေချင်​​သော ပတ်​လမ်းများတွင်​ အသုံးပြုတက်​သည်​။ ပုံစံမှာ ဘက်​မရှိ​သော Non Ploar အညို​ရောင်​များနှင့်​ အတူတူဖြစ်​ပြီး မီတာကို အသံမြည်​သည့်​ စ​ကေးတွင်​ ထားတိုင်းပါက နစ်​ဘက်​လုံး Connection ပြမည်​ဖြစ်​သည်​။ Filter Condenser များကဲ့သို့ တစ်​ဖက်​ GND မကျပါ။
Phone Circuit တွင်​အသုံးပြု​သော Condenser များကို အကြမ်းအားဖြင့်​ ၂မျိုး​တွေ့နိုင်​သည်​။

1-Polarized Condenser
Polar Condernser များကို တစ်​ချို့​သော ဖုန်း Circuit များတွင်​သာ ​တွေ့ရတက်​ပြီး Farad တန်​ဖိုး ကြီးမားတက်​သည်​။ Volt အားမြင့်​​သော ပတ်​လမ်းများတွင်​သာ သုံး​လေ့ရှိသည်​။ Polar Condenser များတွင်​ အ​ပေါင်းအနုတ်​သတ်​မှတ်​ထားပြီး အရစ်​ရှိ​သောဘက်​သည်​ အ​ပေါင်းဖြစ်​ပြီး အခြားဘက်​မှာ အနှုတ်​ဖြစ်​သည်​။ အဝါ​ရောင်​ (သို့) အနက်​​ရောင်​ အသွင်​ရှိတက်​ပြီး Diode နှင့်​ မှားယွင်းတက်​သည်​။

32215475_1714209278698441_2295548268957925376_n.jpg

2-Non Polar Condenser
Non Polar Condenser များကို ဖုန်း Circuit ​ပေါ်တွင်​ အညို​ရောင်​အတုံး​လေများဖြင့်​ ​တွေ့ရှိရတက်​ပြီး အ​ပေါင်ူအနှုတ်​ ဘက်​သတ်​မှတ်​ချက်​မရှိဘဲ ဖင်​ပြန်​​ခေါင်းပြန်​ တပ်​ဆင်​နိုင်​သည်​။ အရွယ်​အစားတူလျင်​ တန်​ဖိုး မတိမ်းမယိမ်းတူသည်​ဟု အကြမ်းဖျင်းမှတ်​ယူနိုင်​သည်​။

32191223_1714210032031699_2484682634215555072_n.jpg

Condenser များတွင်​ ပျက်​စီးတက်​ပုံ ၂မျိုးရှိသည်​။
Short Circuit (ပတ်​လမ်းတို ဖြစ်​​ပေါ်ခြင်း)
Condenser ၏ Anode + ဘက်​အခြမ်းနှင့်​ Cathode - ဘက်​အခြမ်းအား ပိုင်းခြားထား​သော လျပ်​ကာပွင့်​ပြတ်​သွားခြင်း ၊ အ​နေအထားကို အရပ်​​ခေါ် Shock ဖြစ်​သည်​​ခေါ်ဆိုကြပြီး အမြဲဖြစ်​​လေ့ရှိသည်​။ Meter အား အသံမြည်​သည့်​ စ​ကေးတွင်​ Condenser ကို ညှပ်​တိုင်းပါက အသံမြည်​မည်​ဖြစ်​သည်​။ အရွယ်​အစားတူရာ Condener တစ်​လုံးဖြင့်​ အစားထိုး လဲလှယ်​​ပေးနိုင်​သည်​။

Leakage (ယိုစိမ့်​ခြင်း)
Condenser ၏ လျပ်​ကာ​နေရာမှ ​ရေပုံ​ရေယိုသကဲ့သို့ ယိုစီးမှုဖြစ်​ခြင်း ၊ ထိုသို့ဖြစ်​​ပေါ်လျင်​ သက်​ဆိုင်​ရာ ပတ်​လမ်း​ပေါ်တွင်​ Data Signal , Voltage များဆုံးရှုံး​စေသဖြင့်​ ပတ်​လမ်း အလုပ်​မလုပ်​ခြင်းများ ဖြစ်​​ပေါ်​စေသည်​။ ​ရေဝင်​ဖုန်းများတွင်​ ထိပ်​တစ်​ဖက်​မဲ​နေ​သော Condenser များ Leakage ဖြစ်​တက်​သည်​။ အရွယ်​အစားတူလဲလှယ်​​ပေးနိုင်​သည်​။

32238277_1714210782031624_5226470192682369024_n.jpg

ဆက်ပါဦးမည်။

Author : Arkar Phyo

@arkarphyo
11.6.2018 (Monday)
MSC-214

Sort:  

LTNS မဖတ်ရတာကြာပေါ့ အလှူ့ဒကာကြီးရေ။ဘာတွေလုပ်နေတုန်း။ဗဟုသုတလေးတွေရတယ်ကောင်းလိုက်တာဖတ်လို့။

မအားလို့ ပါဘဒို

thanks for sharing

ဟုတ်

ဗဟုသုတလေးပေါ့ဗျာ

ဟုတ်

ဗဟုသုတရပါတယ်​ ကွာကာ😊

You got a 2.55% upvote from @upme thanks to @arkarphyo! Send at least 3 SBD or 3 STEEM to get upvote for next round. Delegate STEEM POWER and start earning 100% daily payouts ( no commission ).

အ​ခြေခံ အဆင့်​မှာကို ​တော်​​တော်​ ရှုပ်​​နေပြီ​လေ ..

ဒီလိုနဲ့နားလည်အောင်သင်ရတာပေါ့

ဗဟုသုတတိုးစေပါတယ်

ကျေးဇူးပါ

Honor 4X လေး မန်းလို့ရသေးလား

ဘာဖြစ်လို့ 

ကျနော့ဖုန်းပျက်ရင်တော့...ကိုအာကာဆီပို့လိုက်မယ်နော့...:-)

ရပါ့ဗျာ

ဗဟုသုတရပါတယ်ကျေးဇူးတင်ပါတယ်ဗျာ

ဟုတ်ဗျ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 63585.64
ETH 3035.86
USDT 1.00
SBD 3.84