How to Make Paper Flower Vase

in #myanmar6 years ago

Paper Flower Vase

img1539144949759.jpg

ဒီတစ်​ခါ​တော့ပန်းအိုးလှလှ​လေးတစ်​လုံးပြုလုပ်​ထားတာပါ။စက္ကူ​ခေါက်​ပြီး၊ပုံစံတစ်​မျိုးနှင့်​နှင်းဆီတစ်​ပွင့်​အလှဆင်​ကာပြုလုပ်​ထားတာပါ။ဒီလိုပန်း​အိုးတစ်​လုံးဖြစ်​ဖို့ပြုလုပ်​ရမည့်​အဆင့်​​တွေကA4sizeစာရွက်​နှစ်​ရွက်​ကိုပုံစံတစ်​မျိုးစီဖြတ်​မယ်​။ပြီး​တော့တစ်​ခုကိုတွန့်​​ခေါက်​၍ကျန်​တစ်​ခုကိုစက်​၀ိုင်းပုံကတ်​ထူနှင့်​တွဲပြီး​ကော်​ကပ်​မယ်​။နှင်းဆီတစ်​ပွင့်​ပြုလုပ်​၍အလှဆင်​ပါ့မယ်​။လိုအပ်​တဲ့ပစ္စည်း​တွေက​ရောင်​စုံစာရွက်​၊ကတ်​ထူ၊ကတ်​​ကြေး၊​ကော်​ဘူး၊​ဘောလ်​ပင်​၊​ပေတံစသဖြင့်​လိုအပ်​ပါတယ်​။

img1539144879215.jpg

ပထမအဆင့်​မှာA4sizeအ၀ါ​ရောင်​စာရွက်​ကိုယူမယ်​။ထောင့်​စွန်းမှစ၍တစ်​ဘက်​အနားရဲ့2/3ထိဖြတ်​လိုက်​ပါတယ်​။ပြီး​တော့အနား​တွေကိုအခြားစာရွက်​အပိုင်းများဖြင့်​အနားကွပ်​မယ်​။ဆက်​လက်​ပြီးစက်​၀ိုင်းပုံကတ်​ထူတစ်​ခုဖြတ်​မယ်​။ထိုကတ်​ထူနှင့်​ခုနကအ၀ါ​ရောင်​စာရွက်​ကိုတွဲ၍​ကော်​ကပ်​မယ်​။ဒီအဆင့်​ထိပုံများနှင့်​ပြထားပါတယ်​။

IMG_20181007_115041.jpg

IMG_20181007_120708.jpg

IMG_20181010_104725.jpg

ပြီး​နောက်​A4sizeအ၀ါ​ရောင်​စာရွက်​​နောက်​တစ်​ရွက်​ယူပြီး၊ပုံပါအတိုင်းမျဉ်းဆွဲလိုက်​တယ်​။ပြီး​တော့ဖြတ်​လိုက်​တယ်​။ထို့​နောက်​တွန့်​​ခေါက်​လိုက်​ပါတယ်​။ထိုစက္ကူ​ခေါက်​ကိုပုံပါအတိုင်း​ခေါက်​ချိုးပြီး၊ပထမဆုံးအပ်​ချည်​စနှင့်​ချည်​လိုက်​တယ်​။ပြီး​တော့မှ​ကော်​ကပ်​လိုက်​ပါတယ်​။ထို့​နောက်​ပြုလုပ်​ပြီးဖြစ်​တဲ့အ၀ါ​ရောင်​စက္ကူ​ခေါက်​နှစ်​ခုကို​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20181007_114134.jpg

IMG_20181007_114439.jpg

IMG_20181007_114910.jpg

IMG_20181010_104712.jpg

နှင်းဆီပွင့်​ပြုလုပ်​ပါဦးမယ်​။ပန်း​ရောင်​စာရွက်​ကိုစက်​၀ိုင်းပုံအထပ်​ထပ်​ဆွဲ၍ဖြတ်​လိုက်​ပါတယ်​။ထို့​နောက်​အတွင်းဘက်​သို့​ခေါက်​ရင်း၊အဆုံးမှာ​ကော်​ကပ်​လိုက်​ပါတယ်​။ထို့​နောက်​နှင်းဆီပန်းပွင့်​ကိုအလှဆင်​လိုက်​ပါတယ်​။

IMG_20181007_121706.jpg

IMG_20181007_122112.jpg

img1539144986763.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

Didn't understand anything, but luckily the images were self explanitory. Nice DIY!

ပုံလေးကတစ်မျိုးဆန်းနေတယ် စက္ကူတွေကို ပုံနှိပ်တိုက်တွေမှာ ၀ယ်တာလား စာရေးကိရိယာဆိုင်တွေမှာဝယ်သလား သိချင်လို့ပါ

စာ​ရေးကိရိယာဆိုင်​​တွေမှာဝယ်​ပါတယ်​...အခြားလိုအပ်​တဲ့​ကော်​ဘူး​တွေပါတစ်​ခါတည်းဝယ်​လို့ရပါတယ်​...ဟုတ်​ကဲ့...ပုံစံတစ်​မျိုးအဆန်း​လေးလုပ်​ထားပါတယ်​...

Posted using Partiko Android

ပညာစွမ်း‌တွေ ပြလှချည်‌လား။မိုက်‌တယ်‌ဗျာ။

အဟီး 😀ဆက်​ကြိုးစားပါ့မယ်​...အား​ပေးလို့​ကျေးဇူးပါ

Posted using Partiko Android

steemit မှာ Paper creative apk ပေါ်လာရင် ဝင်ပြိုင်လို့ရပြီ

ဟုတ်​တယ်​...apk​ပေါ်လာရင်​​တော့ဘာ​ပြော​ကောင်းမလဲ...ကိုယ်​အားသန်​တဲ့လိုင်းဆို​တော့မိုက်​ပြီ....

Posted using Partiko Android

ဖန်တီးထားတဲ့ ပုံလေးတွေကြည့်ပြီး အစ်မရဲ့ ကြိုးစားအားထုတ်မှုကို လေးစားရပါတယ်။လှပတဲ့ အလှဆင်ပစ္စည်းလေးတစ်ခုပါအစ်မ။

ဟုတ်​ကဲ့...​ကျေးဇူးပါ...
ခုလိုအား​ပေးတဲ့အတွက်​ခွန်​အားဖြစ်​​စေပါတယ်​...

Posted using Partiko Android

လှလိုက်တာ ဒါလေးက ဘေးက အတွန့်လေးနဲ့ ပန်းလေးကို အရမ်းချစ်

Posted using Partiko Android

ဟုတ်​တယ်​...​ဘေးကအတွန့်​နဲ့ပန်း​လေး​ကြောင့်​တစ်​မျိုးဆန်းသွားတာပါ...လှတယ်​ဆိုလို့​ပျော်​ပါတယ်​....

Posted using Partiko Android

မွေးနေ့လုပ်ပြီး အခမ်းအနားပြင်ဖို့ ဖိတ်ဦးမှပါ။

ဟုတ်​ကဲ့ဆရာ...ဒီထက်​လှပတာ​တွေပြုလုပ်​နိုင်​​အောင်​ဆက်​ကြိုးစားပါ့မယ်​...

Posted using Partiko Android

ကနဦးတုန်းကထက် ခုလက်ရာလေးတွေက တနေ့တခြား ပိုပိုပြီး ကောင်းလာပါတယ်ဗျ

ဟုတ်​ကဲ့...ဆက်​ကြိုးစားပါ့မယ်​...​ကျေးဇူးပါ....

Posted using Partiko Android

ပန်းအိုးလေးက အထာကျ လှပလှပါတယ်အမရယ် ရှယ်ပဲ

ဟုတ်​ကဲ့...ခုလိုအား​ပေးတာ​ကျေးဇူးပါ...

Posted using Partiko Android

စက္ကူ ​ခေါက်​ပုံကြည့်​တာ
ဒါ​လေးက လွယ်​သလိုလိုပါ့

ဟုတ်​တယ်​...တအားမရှုပ်​ဘူး...ရှင်းရှင်း​လေး​ခေါက်​ရတာ....😊

Posted using Partiko Android

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.031
BTC 60936.15
ETH 2921.43
USDT 1.00
SBD 3.70