How to Make Paper Flower Vase

in #myanmar6 years ago

Paper Flower Vase

img1537195300445.jpg

ဒီတစ်​ခါ​တော့ပန်းအိုးတစ်​လုံးပြုလုပ်​လိုက်​ပါတယ်​။ပန်းပွင့်​​တွေပြုလုပ်​ပြီး၊ထိုပန်းပွင့်​​တွေကိုစက္ကူအလုံးတစ်​ခု​ပေါ်​ကော်​ကပ်​လိုက်​မယ်​။ပြီး​နောက်​အရွက်​​တွေနှင့်​ပုံ​ဖော်​ပြီး၊ပန်းအိုးတစ်​လုံးဆက်​လက်​ပြုလုပ်​ရပါ့မယ်​။ပန်းအိုးဖြစ်​ရန်​အတွက်​စက္ကူအလိပ်​များကိုစက္ကူပိုက်​လုံးတစ်​ခု​ပေါ်​ကော်​ကပ်​ပြီး၊ဖဲကြိုးချည်​လိုက်​ပါတယ်​။လိုအပ်​တဲ့ပစ္စည်း​တွေက​ရောင်​စုံစာရွက်​၊ကတ်​ထူစက္ကူပိုက်​လုံး၊tape၊​ကော်​ဘူး၊ခဲတံ၊​ပေတံ၊ကတ်​​ကြေး၊ဖဲကြိုးစသဖြင့်​လိုအပ်​ပါတယ်​။

img1537195223567.jpg

ပထမဆုံးကိုပန်းအိုးပြုလုပ်​ပါ့မယ်​။ပြုလုပ်​နည်းကလိ​မ္မော်​​ရောင်​စက္ကူအလိပ်​များ​ခေါက်​မယ်​။ပြီး​တော့စက္ကူပိုက်​လုံးတစ်​ခု​ပေါ်၊ထိုစက္ကူအလိပ်​​တွေကိုညီညာစွာ​ကော်​ကပ်​လိုက်​ပါတယ်​။နောက်​တစ်​ဆင့်​မှာပိုပြီးသပ်​ရပ်​​စေဖို့စက္ကူစကိုအပိုင်းငယ်​များဖြစ်​​အောင်​​ခေါက်​ပြီး၊အ​ပေါ်​အောက်​အနား​တွေမှာ​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20180916_113948.jpg

IMG_20181006_121535.jpg

ဆက်​လက်​ပြီးပန်းပွင့်​များပြုလုပ်​ပါ့မယ်​။ပန်းပွင့်​အတွက်​ပန်း​ရောင်​စာရွက်​ကိုမိမိပြုလုပ်​ချင်​တဲ့အရွယ်​အစားအတိုင်းအလျား၊အနံတူညီစွာဖြတ်​ရပါ့မယ်​။ပြီး​နောက်​​ထောင့်​စွန်းမှပုံပါအတိုင်း​ခေါက်​ပြီး၊ထပ်​မံ၍​နောက်​တစ်​ဆင့်​​ခေါက်​ကာပုံစံဆွဲပြီး၊ဖြတ်​လိုက်​တယ်​။စက္ကူ​ခေါက်​ကိုဖြန့်​လိုက်​ရင်​ပန်းပွင့်​ပုံရပြီး၊​ပေတံဒါမှမဟုတ်​ခဲတံသုံးပြီး၊ပန်းပွင့်​အနား​တွေကို​ခေါက်​လိုက်​ပါတယ်​။ထိုနည်းအတိုင်းပန်းပွင့်​များပြုလုပ်​လိုက်​ပါတယ်​။

IMG_20180916_121108.jpg

IMG_20180916_122329.jpg

ပြီး​တော့စက္ကူအလုံးတစ်​ခုနှင့်​အရွက်​​တွေပြုလုပ်​မယ်​။စက္ကူအလုံးပြုလုပ်​ရန်​သတင်းစာစက္ကူကိုပထမလုံး​ချေလိုက်​ပါတယ်​။ပြီး​နောက်​ပန်း​ရောင်​စာရွက်​နှင့်​အ​ပေါ်မှာကပ်​ပြီးခိုင်​ခံ့​အောင်​tapeနှင့်​ကပ်​လိုက်​ပါတယ်​။ထိုစက္ကူအလုံး​ပေါ်ပန်းပွင့်​​တွေကိုပုံပါအတိုင်းကပ်​ရမှာပါ။ပြီး​နောက်​အရွက်​များလည်းဖြတ်​လိုက်​ပါတယ်​။

IMG_20180916_122744.jpg

IMG_20180916_141429.jpg

IMG_20180916_142250.jpg

ပန်းပွင့်​​တွေနှင့်​အရွက်​​တွေကို​ကော်​ကပ်​ပြီး၊ပန်းအိုးနှင့်​ထပ်​မံ​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​တော့ပုံပါအတိုင်းဖဲကြိုးချည်​လိုက်​ပါတယ်​။

IMG_20180916_143344.jpg

img1537195146480.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

မိုက်‌တယ်‌ဟ။ တကယ့်‌ပန်းပွင့်‌အတိုင်းဘဲ။ ‌တော်‌တယ်‌ဗျာ။

ဟုတ်​ကဲ့...အား​ပေးမှုအတွက်​​ပျော်​ပါတယ်​...

Posted using Partiko Android

အားပေးနေတယ်ဗျို့

Posted using Partiko Android

ဟုတ်​ကဲ့...အါး​​ပေးလို.​ကျေးဇူးပါ...

Posted using Partiko Android

ပန်းလုံးလေး လှတပတ

Posted using Partiko Android

ဟုတ်​တယ်​...လှတပတဖြစ်​​အောင်​ကြိုးစားပြုလုပ်​ထားတာ😀

Posted using Partiko Android

ဒါလေးကလည်း တစ်မျိုးလှတယ်နော်။စားပွဲပေါ်မှာ အလှဆင်ထားရမယ့် ပန်းအိုးလှလှလေးဖြစ်ပါတယ်အစ်မ။

ဟုတ်​ပါတယ်​...အလှဆင်​ဖို့ပန်းအိုး​လေးပါ...အား​ပေးလို့​ကျေးဇူးပါ

Posted using Partiko Android

လှတာကွယ် အိမ်မှာထားရင်တော့ ဖုန်တက်မည်ဖြစ်ခြင်း😁

ဟုတ်​ပါတယ်​😀...ဖုံတက်​ပြီးအ​ရောင်​​ပြောင်းသွားမယ်​...

Posted using Partiko Android

မင်္ဂလာခန်းမ​တွေမှာချိတ်​ရင်​လှမှာ

ဟုတ်​တယ်​​နော့...ပန်းပြုလုပ်​ပုံကမင်္ဂလာလက်​ကိုင်​ပန်းနှင့်​လည်းဆင်​တယ်​...

Posted using Partiko Android

wow... the style of flower is amazing.

Thank you so much

Posted using Partiko Android

ဒီပညာကလည်း ပေါ့သေးသေးဟုတ်ဘူး... အသစ်အဆန်းတွေ ထွင်ရင် ထွင်နိုင်သလောက် တာသွားတာပဲ... ငွေပြန်ရမရ ဈေးကွက်ရှိမရှိတော့ မသိဘူး... လုပ်တဲ့သူတွေတော့ အချိန် ငွေ ဦးနှောက် အတော်သုံးရမယ်

ဟုတ်​ပါတယ်​...ရင်းနှီးရပါတယ်​....အသစ်​အဆန်းကထွင်​နိုင်​သ​လောက်​ထွက်​ပါတယ်​...

Posted using Partiko Android

ပန်းအိုးက ပန်းထည့်လို့ရရဲ့လား

Posted using Partiko Android

ဟုတ်​ကဲ့...ပန်းကအလုံးပုံစံပြုလုပ်​ထား​တော့အ​ပေါ်မှာအရွက်​နှင့်​ပန်းအိုးပါတစ်​ခါတည်း​ကော်​ကပ်​လိုက်​ပါတယ်​...
ဒါမှမဟုတ်​ဒီပန်းအိုးမှာအခြားပန်း​တွေလည်းထည့်​လို့ရပါတယ်​....

Posted using Partiko Android

ရိုးရိုးလေးနဲ့ဆန်းတယ်

ဟုတ်​တယ်​...ရိုးရိုး​လေးနှင့်​ပုံစံတမျိုးဆန်း​အောင်​လုပ်​ထားတာပါ...​ကျေးဇူးပါ...

Posted using Partiko Android

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.033
BTC 63458.69
ETH 3084.37
USDT 1.00
SBD 3.99