How to Make Paper Flower Pop-up Card

in #myanmar6 years ago

Paper Pop-up Card

img1536815408967.jpg

ဒီတစ်​ခါမှာ​တော့paper pop-up cardပြုလုပ်​လိုက်​ပါတယ်​။ပန်းပွင့်​များ၊အရွက်​များနှင့်​ပန်းအိုးပုံစံကဒ်​အတွင်းပြုလုပ်​ထားတာပါ။ပြုလုပ်​ရန်​လိုအပ်​တဲ့ပစ္စည်း​တွေက​ရောင်​စုံစာရွက်​၊ကတ်​ထူ၊ပန်းစက္ကူ၊​ကော်​ဘူး၊ကတ်​​ကြေး၊ခဲတံ၊စသဖြင့်​လိုအပ်​ပါတယ်​။ပြုလုပ်​ရမည့်​အဆင့်​​တွေကကတ်​ထူတစ်​ခုပုံ​ဖော်​မယ်​။ပန်းပွင့်​များဖြတ်​၍​ဆေးခြယ်​ရမယ်​။သစ်​ရွက်​ပုံစံများဖြတ်​၍​ဆေးခြယ်​မယ်​။ရိုးတံလိုမျိုးအစိမ်း​ရောင်​စာရွက်​နှင့်​ကတ်​ထူသုံး၍​ကော်​ကပ်​ကာပုံ​ဖော်​မယ်​။ပန်းအိုးပုံစံကတ်​ထူသုံး၍ပြုလုပ်​ရပါ့မယ်​။

img1536815337562.jpg

ပထမဆုံးပန်းပွင့်​များပြုလုပ်​ရန်​အနီ​ရောင်​၊အ၀ါ​ရောင်​စာရွက်​များကိုအလျား၊အနံတူညီ​အောင်​ဖြတ်​ပြီး၊​ခေါက်​ရပါ့မယ်​။ထောင့်​ဖြတ်​မျဉ်းအတိုင်းအဆင့်​ဆင့်​​ခေါက်​ပြီးပုံစံဆွဲကာကတ်​​ကြေးဖြင့်​ဖြတ်​ရမယ်​။ပြီး​တော့​ပန်းပွင့်​ရဲ့အနား​တွေမှာ​ဆေးခြယ်​ပြီး၊ပန်းပွင့်​များပြုလုပ်​လိုက်​တယ်​။

IMG_20180912_160905.jpg

IMG_20180912_164921.jpg

သစ်​ရွက်​များထပ်​မံပြုလုပ်​ပါဦးမယ်​။အစိမ်း​ရောင်​စာရွက်​ဖြင့်​သစ်​ရွက်​ပုံဆွဲဖြတ်​ကာ၊အဲဒီအ​ပေါ်မှာ​ဆေး​ရောင်​ဆွဲပြီး၊သစ်​ရွက်​များအဖြစ်​ပုံ​ဖော်​လိုက်​ပါတယ်​။

IMG_20180912_164647.jpg

ပြီး​တော့ကတ်​ထူနှင့်​အစိမ်း​ရောင်​စာရွက်​သုံးပြီး၊ရိုးတံများပြုလုပ်​ပါတယ်​။ကတ်​ထူကိုအပိုင်းငယ်​များဖြတ်​ကာ၊ပြီး​နောက်​အစိမ်း​ရောင်​စာရွက်​နှင့်​အတူ​ကော်​ကပ်​လိုက်​ပါတယ်​။ပြုလုပ်​ပြီးဖြစ်​တဲ့ပန်းပွင့်​၊သစ်​ရွက်​၊ရိုးတံများကိုပုံမှာမြင်​ရတဲ့အတိုင်း​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20180912_164946.jpg

ပြီး​နောက်​ကတ်​ထူများဖြတ်​ရဦးမှာပါ။ပထမဆုံးကတ်​ထူ​လေး​ထောင့်​ပုံစံဖြတ်​ကာ၊အ​ရှေ့ဘက်​မှာပန်းစက္ကူကပ်​ပြီး၊အတွင်းဘက်​မှာအဖြူ​ရောင်​စာရွက်​​ကော်​ကပ်​လိုက်​တယ်​။ပြီး​တော့ပန်းအိုးပုံစံအရွယ်​တူကတ်​ထူသုံးရွက်​ကိုပုံပါအတိုင်းဖြတ်​ပြီး၊အနက်​​ရောင်​​ဆေးခြယ်​လိုက်​တယ်​။လွတ်​​နေတဲ့အဖြူ​ရောင်​​နေရာကို​တော့​ခေါက်​ပြီး​ကော်​ကပ်​ဖို့ပါ။ပြီး​တော့ခဲတံနှင့်​ဆွဲထားတဲ့မျဉ်းအတိုင်းဓားဖြင့်​အနည်းငယ်​ဖြတ်​လိုက်​တယ်​။ဖြတ်​တဲ့​နေရာရဲ့အလျားနှင့်​တူတဲ့ကတ်​ထူတစ်​ရွက်​ပြုလုပ်​ပြီး၊ခုနက​အနက်​​ရောင်​​ဆေးခြယ်​ထားတဲ့ကတ်​ထူသုံးခုနှင့်​ပုံပါအတိုင်းဆက်​လိုက်​တယ်​။ပြီး​တော့ကတ်​ထူရဲ့အလယ်​​ခေါက်​ရိုးမှာ​ကော်​ကပ်​ပြီး၊​ကျောဘက်​အစွန်းဘက်​​နေတဲ့ကတ်​ထူစကိုအဖြူ​ရောင်​ကတ်​ထူမှာ​ကော်​ကပ်​လိုက်​တယ်​။ရှေ့ဘက်​မှာ​တော့ကတ်​ထူစကိုပုံပါအတိုင်း​ခေါက်​​ကော်​ကပ်​ပြီး၊အ​ရောင်​တူသွား​အောင်​အနက်​​ရောင်​​ဆေးခြယ်​လိုက်​တယ်​။

IMG_20180912_202905.jpg

IMG_20180912_170818.jpg

IMG_20180912_171558.jpg

IMG_20180912_172052.jpg

IMG_20180912_220957.jpg

ပန်းပွင့်​နှင့်​အရွက်​တို့ကိုရိုးတံနှင့်​အတူ​ကော်​ကပ်​လိုက်​တယ်​။

IMG_20180912_165902.jpg

ဆက်​လက်​ပြီးကတ်​ထူသုံးခုမှာပုံပါအတိုင်းအတန်းလိုက်​​ကော်​ကပ်​လိုက်​ပါတယ်​။

img1536815457078.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

မိုက်တယ်ဗျာ 3D ရုပ်ကြွ ပုံစံတီထွင်ပြီး လုပ်ပြထားတာ လေးစားဖို့ကောင်းပါတယ်။တော်ပါပေတယ်ခင်ဗျာ။

ဟုတ်​ကဲ့...ဆက်​ကြိုးစားပါ့မယ်​....အား​ပေးမှုအတွက်​​ပျော်​ပါတယ်​...

i love art, but you must have passion and love for it..... thanks for your passion for this awesome work.... @asterkame thanks dude

Thank you so much

3d ပန်း အကြွလေးတွေ လှလှ😍😍

လှတယ်​ဆိုလို့​ပျော်​ပါတယ်​....😊

လှတယ်ချစ်စရာ

ဟုတ်​ကဲ့...​ကျေးဇူးပါ...

အင်း....ဘာ​ပြောရမလဲ​ပေါ့​နော့....
အင်း.....လုပ်​တပ်​တဲ့သူလုပ်​​တော့လည်း​ပေါ့​နော့....
အင်း.....လှတယ်​​ပေါ့​နော့...

အင်း...လှတယ်​ဆိုလို့​ကျေးဇူး​ပေါ့​နော့...
အင်း....အား​ပေးလို့​ပျော်​တယ်​​ပေါ့​နော့....
အင်း...ဆက်​ကြိုးစားပါ့မယ်​​ပေါ.​နော......😁😁

လှလိုက်တဲ့ ပန်းအိုးလေး

အား​ပေးတဲ့အတွက်​​ကျေးဇူးပါ...

ပန်းအိုး​လေးနဲ့ ပန်း​လေး​တွေ အရမ်းလန်းတယ်​ဗျာ ☺☺😀😀

ဆက်​ပြီးအလန်း​လေး​တွေ...အဆန်း​တွေပြုလုပ်​မှာမို့အား​ပေးပါဦး....😊

လှမှလှ ကဒ်လေးအဖွင့် ပန်းအိုးလေးတစ်အိုးပေါ်လာ ဘယ်လိုတောင် ကဗျာဆန်လိုက်သလဲလို့။

ဟုတ်​တယ်​...ကဒ်​အဖုံးထွက်​တာနဲ့ပန်းပွင့်​​လေး​တွေထွက်​လာတာ...ကဗျာဆန်​တယ်​ဆိုလို့​ပျော်​ပါ၏....😊😊

wow amazing art

Thank a lot

အမရေသေချာကြည့်ရင် 3D ဆန်တယ်ဗျအမ လှတယ်ဗျာ

ဟုတ်​တယ်​...ကဒ်​ဖွင့်​တာနဲ့ပန်းအိုး​လေးကကြွပြီး​ပေါ်မှာ​လေ...​ကျေးဇူးပါ...

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66540.93
ETH 3186.50
USDT 1.00
SBD 4.11