How to Make Paper Wall Hanging

in #myanmar5 years ago

Paper Wall Hanging

img1540393447421.jpg

ဒီတစ်​ခါမှာ​တော့နံရံမှာအလှဆင်​နိုင်​သလိုပုံ​လေး​တွေလည်းထည့်​နိုင်​တဲ့နံရံကပ်​စက္ကူအလှဆင်​တစ်​ခုပြုလုပ်​ထားပါတယ်​။နှင်းဆီပန်းပွင့်​၊အရွက်​များနှင့်​အစိမ်း​ရောင်​စက္ကူအလိပ်​​တွေကိုအိမ်​ပုံ​ဖော်​ကာ၊ပန်းပွင့်​များဖြင့်​အလှဆင်​ပြီး၊အလယ်​မှာပုံ​လေး​တွေကပ်​နိုင်​ပါတယ်​။လိုအပ်​တဲ့ပစ္စည်း​​တွေက​ရောင်​စုံစက္ကူ​ကော်​ဘူး၊ကတ်​​ကြေး၊double tape၊ခဲတံ၊​ပေတံစသဖြင့်​လိုအပ်​ပါတယ်​။

img1540393136215.jpg

ပထမအဆင့်​မှာအစိမ်း​ရောင်​စာရွက်​များဖြင့်​စက္ကူအလိပ်​​တွေ​ခေါက်​လိုက်​ပါတယ်​။ပြီး​တော့ကတ်​ထူတစ်​ခုဖြတ်​လိုက်​မယ်​။ပုံ​လေး​တွေထည့်​​ကော်​ကပ်​ရန်​အတွက်​ပါ။အ၀ါ​ရောင်​စာရွက်​ထပ်​မံကပ်​လိုက်​ပါတယ်​။အ၀ါ​ရောင်​ကတ်​ထူကိုအလယ်​မှာထား၍အစိမ်း​ရောင်​စက္ကူအလိပ်​များဖြင့်​​ကော်​ကပ်​ရင်းပုံ​ဖော်​လိုက်​ပါတယ်​။ပုံများဖြင့်​ပြထားပါတယ်​။

IMG_20181024_101127.jpg

IMG_20181024_101729.jpg

IMG_20181024_102727.jpg

IMG_20181024_104032.jpg

ပြီး​နောက်​နှင်းဆီပွင့်​များ​ခေါက်​ပါ့မယ်​။အလျား၊အနံတူညီတဲ့စာရွက်​ကို​ထောင့်​ဖြတ်​မျဉ်းနှစ်​​ကြောင်း၊အလယ်​မှတစ်​၀က်​​ခေါက်​ချိုးပြီး၊ပုံပါအတိုင်းအတွင်းသို့​ခေါက်​လိုက်​ပါတယ်​။ပြီး​တော့အစနှစ်​ခုကိုအလယ်​သို့ယူ၍​ခေါက်​ပြီး၊​လေး​ထောင့်​ပုံပြန်​​ခေါက်​ချိုးပါ့မယ်​။ကျန်​တစ်​ဘက်​ကိုလည်းထိုနည်းအတိုင်း​ခေါက်​ပါ့မယ်​။အောက်​ဘက်​စက္ကူစကိုအ​ပေါ်​ခေါက်​တင်​ပါ့မယ်​။ထို့​နောက်​ပုံပါအတိုင်း​ခေါက်​ချိုးလိုက်​ပါတယ်​။ထို့​နောက်​စက္ကူ​ခေါက်​ကိုတစ်​ဘက်​သို့လှည့်​ကာ၊အ​ပေါ်ဘက်​စက္ကူကိုထပ်​မံ​ခေါက်​ပြီး၊နှင်းဆီပုံရ​အောင်​လှည့်​လိုက်​ပါတယ်​။လေး​ထောင့်​ပုံစံကျ​နေတဲ့အစွန်း​တွေကို​ဘောလ်​ပင်​နှင့်​​ခေါက်​လိုက်​ပါ့မယ်​။ထိုနည်းအတိုင်းနှင်းဆီပွင့်​​တွေ​ခေါက်​လိုက်​ပါတယ်​။

img1540953523331.jpg

img1540953695686.jpg

သစ်​ရွက်​များပြုလုပ်​ရန်​အတွက်​အလျား၊အနံတူညီတဲ့အစိမ်း​ရောင်​စာရွက်​ကို​ထောင့်​စွန်းနှစ်​ဘက်​မှဖြတ်​ပြီးတွန့်​​ခေါက်​လိုက်​ပါတယ်​။ပြီး​နောက်​အလယ်​မှ​ခေါက်​ချိုး​ကော်​ကပ်​လိုက်​တာပါ။နှင်းဆီပွင့်​၊အရွက်​များဖြင့်​လည်းအလှဆင်​လိုက်​ပါတယ်​။

IMG_20181024_111700.jpg

img1540392890246.jpg

img1540392973037.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

လှတယ် ချစ်စရာလေးပ

ဟုတ်​ကဲ့...လှတယ်​ဆိုလို့​ကျေးဇူးပါ...

Posted using Partiko Android

နှင်းဆီပွင့်​​ခေါက်​နည်း​လေး သ​ဘောကျတယ်
ငါ​တော့ရမယ်​ မထင်

မရရင် နှင်းဆီပန်း ဟိုလို ရောင်းတဲ့ဟာနဲ့ အစားထိုးပြိုက် ခ်ခ်

ဟုတ်​တယ်​...အဲဒါဆိုပိုမြန်​မယ်​😀....

Posted using Partiko Android

အင်း...ဒီနှင်းဆီ​ခေါက်​နည်းကသဘာဝကျတယ်​​နော့....

Posted using Partiko Android

နှင်းဆီပွင့်လေးက ခက်သလားလို့ ညီမရေ

Posted using Partiko Android

ဟုတ်​ပါတယ်​...​ခေါက်​ချိုးတာညီညာပြီး၊​နောက်​ဆုံးအဆင့်​လှည့်​တဲ့​နေရာပုံစံကျရင်​ရပါပြီ....လက်​​တော့ဝင်​ပါတယ်​...

Posted using Partiko Android

အိမ်‌ပုံစံ‌လေး လှတယ်‌။

ဟုတ်​ကဲ့...ပုံစံတစ်​မျိုး​လေးလုပ်​ကြည့်​တာပါ...​ကျေးဇူးပါ

Posted using Partiko Android

ဒီပုံစံဒီဇိုင်းလေး ကြိုက်တယ်အစ်မ။အရမ်းလှပါတယ်ခင်ဗျာ။

ဟုတ်​ကဲ့ပါ...ပုံစံတစ်​မျိုး​လေးပါ.....လှတယ်​ဆိုလို့​ကျေးဇူးပါ...

Posted using Partiko Android

ဒီလိုဆို​တော့လည်း လိုချင်​သွားပြီ😁

Posted using Partiko Android

တစ်​ခါမန့်​နှစ်​ကြိမ်​သုံးကြိမ်​​လောက်​​ပေါ်တာဖြစ်​ဖူးတယ်​...သုံးခုလုံးပြန်​လိုက်​ပါတယ်​...​😁

Posted using Partiko Android

ဟုတ်​ လိုင်းမ​ကောင်း​တော့ မ​ရောက်​ဘူးထင်​ပီး လိမ့်​မန့်​​နေတာ 😁😁

Posted using Partiko Android

ဒီလိုဆို​တော့လည်း လိုချင်​သွားပြီ😁

Posted using Partiko Android

အဟီး😀....​ကျေးဇူးပါ...

Posted using Partiko Android

ဒီလိုဆို​တော့လည်း လိုချင်​သွားပြီ😁

Posted using Partiko Android

ဟုတ်​ကဲ့...😀
လှလှ​လေးလုပ်​ထားတာပါ....

Posted using Partiko Android

လှတယ်လို့😊

Posted using Partiko Android

လှတယ်​ဆိုလို့​ပျော်​ပါတယ်​😊

Posted using Partiko Android

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 65012.58
ETH 3101.28
USDT 1.00
SBD 3.86