How to Make a Beautiful Flower Basket

in #myanmar6 years ago

Beautiful flower basket
ဒီတစ်​ခါပြုလုပ်​တာက​တော့ပန်းခြင်းတစ်​ခုပါ။လိုအပ်​တဲ့ပစ္စည်း​တွေက​တော့​ရောင်​စုံစာရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊ကတ်​ထူဘူးခွံစသဖြင့်​ပါ။ပြုလုပ်​ရမည့်​အဆင့်​​တွေကကတ်​ထူဘူးကိုဖြတ်​၍ပုံ​ဖော်​မယ်​။ပန်းပွင့်​ပုံစံနှစ်​မျိုး၊အရွက်​ပုံစံနှစ်​မျိုးပြုလုပ်​ပါ့မယ်​။ပြီး​တော့paper bowတစ်​ခုပြုလုပ်​မယ်​။ဒီပန်းခြင်းကို​တော့နံရံမှာအလှဆင်​ရသလို၊စားပွဲ​ပေါ်ထားပြီးလည်းအလှဆင်​နိုင်​ပါတယ်​။

img1528803013554.jpg

img1528803068556.jpg

ပထမအဆင့်​က​တော့ကတ်​ထူဘူးခွံကိုဖြတ်​မှာပါ။ဘူးခွံတစ်​ခုယူပါမယ်​။လိုချင်​တဲ့ပုံစံကို​ဘောလ်​ပင်​နှင့်​​ပေတံသုံး၍ဆွဲကာကတ်​​ကြေးဖြင့်​ဖြတ်​၍ပုံ​ဖော်​ပါ့မယ်​။ပြီး​တော့အပြာ​ရောင်​စာရွက်​ဖြင့်​တစ်​ခုလုံးကိုဖုံး၍​ကော်​ကပ်​မှာပါ။နောက်​တဆင့်​မှာ​တော့ပန်း​ရောင်​စာရွက်​ကိုအပိုင်းပိုင်းဖြတ်​၍ပုံမှာပြထားတဲ့အတိုင်း​ကော်​ကပ်​ကာပုံ​ဖော်​လိုက်​ပါ့မယ်​။

IMG_20180609_145052.jpg

IMG_20180609_145807.jpg

ပန်းပွင့်​များဆက်​လက်​ပြုလုပ်​ပါ့မယ်​။ပထမတစ်​ခုကပန်း​ရောင်​ပန်းသုံးပွင့်​ပါ။ပြုလုပ်​နည်းကပန်း​ရောင်​စာရွက်​ကိုတူညီတဲ့အပိုင်းများဖြတ်​မယ်​။ပန်း​ရောင်​စာရွက်​အပိုင်းတစ်​ခုကိုယူပြီးအလယ်​မှညီညာစွာ​ခေါက်​ချိုးမယ်​။အနား​တွေကို​ကော်​ကပ်​လိုက်​မယ်​။ကျန်​အနားတစ်​ဘက်​တွင်​ကတ်​​ကြေးဖြင့်​အပိုင်းပိုင်းဖြတ်​လိုက်​ပါ့မယ်​။ပြီး​နောက်​ပုံမှာပြထားတဲ့အတိုင်းညီညာစွာ​ခေါက်​လိုက်​မှာပါ။ရရှိလာတဲ့စက္ကူ​ခေါက်​မှာစက္ကူအပိုင်းငယ်​များကို​ဘေးသို့ဖြန့်​လိုက်​တဲ့အခါပန်းပွင့်​ပုံစံရလာမှာပါ။ထိုနည်းအတိုင်းပန်းသုံးပွင့်​ပြုလုပ်​လိုက်​မယ်​။

IMG_20180611_143846.jpg

IMG_20180611_144551.jpg

ဒီတစ်​ခုက​တော့နှင်းဆီပွင့်​ပုံစံပါ။လိ​မ္မော်​​ရောင်​စာရွက်​ကို​ခေါက်​လိုက်​မယ်​။ဒီအ​ပေါ်မှာပုံဆွဲပြီးဖြတ်​လိုက်​မှာပါ။ထို့​နောက်​စက္ကူ​ခွေ​လေး​တွေရလာမှာပါ။အဖျားဘက်​အစက​နေ​ခေါက်​ပြီးအဆုံးမှာ​ကော်​ကပ်​ကာနှင်းဆီပွင့်​ပုံ​ပေါ်​အောင်​ပြုလုပ်​မယ်​။ဒီနည်းအတိုင်းပန်းပွင့်​ရှစ်​ပွင့်​ပြုလုပ်​မှာပါ။

IMG_20180609_151729.jpg

IMG_20180611_135153.jpg

အရွက်​ပုံစံကို​တော့နှစ်​မျိုးပြုလုပ်​မှာပါ။ပထမတစ်​မျိုးပြုလုပ်​နည်းကအစိမ်း​ရောင်​နှစ်​မျိုး၊အနုနှင့်​အရင့်ရောင်​ကိုသစ်​ရွက်​ပုံစံဖြတ်​မယ်​။အရွယ်​မတူ​အောင်​ဖြတ်​ရမှာပါ။ပြီး​နောက်​နှစ်​ခုစီကိုထပ်​၍​ကော်​ကပ်​လိုက်​မယ်​။သစ်​ရွက်​​တွေ​ပေါ်မှာ​ဆေး​ရောင်​ခဲတံသုံးပြီးပုံဆွဲလိုက်​ပါ့မယ်​။ဒီနည်းအတိုင်းသစ်​ရွက်​အများကြီးပြုလုပ်​လိုက်​မယ်​။

IMG_20180611_140813.jpg

IMG_20180611_141447.jpg

IMG_20180611_142211.jpg

သစ်​ရွက်​ပုံစံ​နောက်​တစ်​မျိုးက​တော့အစိမ်း​ရောင်​စာရွက်​ကိုသစ်​ရွက်​ပုံစံဖြတ်​မယ်​။ဒီအ​ပေါ်မှာေ​ဆးရောင်ခြယ်​ခဲတံဖြင့်​ပုံဆွဲမယ်​။အနားပတ်​လည်​ကို​တော့ကတ်​​ကြေးဖြင့်​ပုံမှာမြင်​ရတဲ့အတိုင်းအပိုင်းပိုင်းဖြတ်​၍ပုံ​ဖော်​လိုက်​ပါ့မယ်​။ဒီနည်းအတိုင်းသစ်​ရွက်​​လေး​တွေဆက်​ပြုလုပ်​မယ်​။

IMG_20180611_150452.jpg

ပြီး​တော့​နောက်​ဆုံးတစ်​ခုကို​တော့paper bowပြုလုပ်​မယ်​။ပန်း​ရောင်​စာရွက်​ကိုအသုံးပြု၍ပုံမှာပြထားတဲ့အတိုင်းပုံစံသုံးမျိုးဖြတ်​ပါ့မယ်​။ပြီး​တော့အလယ်​မှစာရွက်​ကိုအလယ်​မှတ်​သို့နှစ်​ဘက်​စလုံး​ခေါက်​၍​ကော်​ကပ်​မယ်​။ပထမနှင့်​ဒုတိယတစ်​ခုကိုထပ်​၍​ကော်​ကပ်​ပြီး​နောက်​ဆုံးစက္ကူအပိုင်းဖြင့်​ထပ်​မံ​ကော်​ကပ်​လိုက်​ပါ့မယ်​။

IMG_20180609_150502.jpg

IMG_20180609_150753.jpg

လိုအပ်​တဲ့ပန်းပွင့်​များ၊သစ်​ရွက်​များ၊paper bowပြုလုပ်​ပြီးရင်​​တော့ခုနကဖြတ်​ထားတဲ့ကတ်​ထူဘူးခွံမှာမိမိစိတ်​တိုင်းကျ​ကော်​ကပ်​အလှဆင်​ကာပန်းခြင်းတစ်​ခုဖန်​တီးလိုက်​မှာပါ။

img1528803181981.jpg

My beautiful flower basket
Thank you
Written by @asterkame
MSC-008
By my photos & made by me

Sort:  

အရွက်ကလေးတွေ သဘာဝအတိုင်းပါဘဲ အစိမ်းရောင် သစ်ရွက်ကတော့ ပိုလှပါတယ်ဗျ

အင်း...​ကျေးဇူးပါ​နော့...အား​ပေးတာ

ပန်းခြင်းလေးက လုပ်နည်းလုပ်ဟန်လေးတိကျသပ်ရပ်ဖို့ သေချာလုပ်နိုင်မှ ဖြစ်မှာ တော်တန်လူတော့ လုပ်ဖို့ မနည်း ဂရုစိုက်လုပ်ရမှာ

အိုခီ...ဆက်​ပြီးလှတာ​လေးပြုလုပ်​ပါဦးမယ်​...

အဲ့ခြင်းက birthday cake ထည့်လို့ရနိုင်လား အမ

မရနိုင်​ဘူး...ဒါမဲ့birthday cakeအတွက်​ခြင်းပုံစံ​ပြောင်းလုပ်​မှရမယ်​...

ပန်းခြင်းလေးက တော်တော်လေးလှပါတယ်ခင်ဗျာ။အရောင်လေးတွေကလည်းပေါ်လွင်ပါတယ်။လက်ဆောင်ပေးလို့ကောင်းမယ်နော်

ဟုတ်​တယ်​...လက်​​ဆောင်​​ပေးလို့​ကောင်းမယ်​...ဆန်းဆန်း​လေး😊

အရမ်းလှတယ် ကိုယ်လုပ်ရင် ဒီလိုတောင် ရုပ်ထွက်ပါအုံးမလား မသိ 😆😆

ထွက်​ပါတယ်​...စမ်းကြည့်​ပါ 😊😊

လှပတဲ့လက်ရာတစ်ခုပါ
မရိုးအောင်လုပ်နိုင်တဲ့အတွက်ချီးကျုးပါတယ်

ဟုတ်​ကဲ့...အား​ပေး​လို.​ကျေးဇူးတင်​ပါတယ်​.. ..

စိတ်ရှည်လက်ရှည်အသေးစိတ်လုပ်နိုင်တာ အားကျတယ်😘😘

အမြဲအား​ပေးတာ​ကျေးဇူးပါ​နော.😊😍

လှလိုက်တာပြောရတာ အားနာလာပြီ
ကိုယ်တိုင်ကလဲ မလုပ်တတ်တော့ လှတယ်ဘဲပြောမိတော့တာ

ရပါတယ်​...လှတယ်​​ပြောလို့​ပျော်​ပါတယ်​😊😍

သဘာဝကျကျလေး လှတယ်ကွယ် you are the best😁

အိုခီကြည်​...အား​ပေးလို့​ကျေး​ဇူး​နော့...😊😍

ဆိုင်‌ရဲ့‌ကောင်‌တာမှာ ထားရင်‌‌ကောင်းမယ်‌ထင်‌တယ်‌။လှလည်းလှတယ်‌ မျက်‌စိလည်း‌အေးတယ်‌။

ဟုတ်​ကဲ့...စားပွဲတင်​အ​နေနှင့်​အလှဆင်​လည်းရပါတယ်​...​ကျေးဇူးပါ...😊

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63318.34
ETH 3108.17
USDT 1.00
SBD 3.97