How to Make Accessories Holder

in #myanmar6 years ago

Accessories Holder

img1531234674222.jpg

ဒီတစ်​ခါ​ပြုလုပ်​ထားတာကaccessories holderတစ်​ခုပါ။စာ​ရေးကိရိယာခဲတံ၊​ဘောလ်​ပင်​၊​ပေတံ၊ကတ်​​ကြေးထည့်​လို့ရသလို၊မိန်းက​လေးများအတွက်​အလှအပပစ္စည်း​လေးများလည်းထည့်​လို့ရပါတယ်​။အ၀ိုင်းပုံစံကတ်​ထူစက္ကူသုံးခုကိုပုံစံတူဖြတ်​ပြီး၊နှင်းဆီပွင့်​နှင့်​အရွက်​များပြုလုပ်​ကာအလှဆင်​ထားတာပါ။ပြုလုပ်​ရန်​လိုအပ်​တဲ့ပစ္စည်း​တွေကကတ်​ထူpaper rollသုံးခု၊ကတ်​​ကြေး၊​ကော်​ဘူး၊​ရောင်​စုံစာရွက်​၊ခဲတံ၊​ပေတံစသဖြင့်​ပါ။

IMG_20180710_211619.jpg

ပထမဆုံးပြုလုပ်​မှာကpaper rollသုံးခုဖြစ်​ပါတယ်​။သုံးခုကိုပုံစံတူညီစွာဖြတ်​လိုက်​ပါ့မယ်​။အ​ပေါ်ဘက်​မှာဆိုရင်​တစ်​​စောင်းအ​နေအထားအတိုင်းဖြတ်​ပြီး၊အနီ​ရောင်​စက္ကူများနှင့်​တစ်​ခုလုံးကိုဖုံးအုပ်​​ကော်​ကပ်​ကာ၊အနား​တွေကို​တော့​ခရမ်း​ရောင်​စက္ကူကိုအသုံးပြုလိုက်​ပါတယ်​။ဒီနည်းအတိုင်းသုံးခုလုံး​သေသပ်​စွာပုံ​ဖော်​ပြီးရင်​၊
ပုံမှာပြထားတဲ့အတိုင်းတစ်​ခုနှင့်​တစ်​ခုပူး၍​ကော်​ကပ်​လိုက်​မှာပါ။ပြီး​တော့စက်​၀ိုင်းပုံစံကတ်​ထူနှစ်​ခုဖြတ်​ပါဦးမယ်​။တစ်​ခုကို​တော့ပန်းစက္ကူကပ်​၍ကျန်​တစ်​ခုကိုလိ​မ္မော်​​ရောင်​စာရွက်​​ကော်​ကပ်​ကာပို၍ခိုင်​ခံ့​အောင်​တစ်​ခုနှင့်​တစ်​ခုထပ်​စီ၍​ကော်​ကပ်​မှာပါ။

IMG_20180708_112832.jpg

IMG_20180708_115431.jpg

IMG_20180710_102032.jpg

ဆက်​လက်​ပြီးအစိမ်း​ရောင်​စာရွက်​များကိုအသုံးပြု၍paper artတစ်​ခုပြုလုပ်​မှာပါ။စာရွက်​ကိုအပိုင်းပိုင်းဖြတ်​ကာ၊အရွယ်​အစားသုံးမျိုးပြုလုပ်​မှာပါ။ပြီး​တော့အလယ်​မှ​ခေါက်​ချိုးလိုက်​မယ်​။စာရွက်​အပိုင်းများအကုန်​​ခေါက်​ချိုးပြီးရင်​​တော့ပုံမှာပြထားတဲ့အတိုင်းပုံစံ​ဖော်​၍​ကော်​ကပ်​လိုက်​မှာပါ။

IMG_20180710_095009.jpg

IMG_20180710_100903.jpg

ပြီး​တော့နှင်းဆီပန်းပွင့်​များပြုလုပ်​ပါ့မယ်​။

IMG_20180710_105813.jpg

အလျား၊အနံတူညီတဲ့စာရွက်​ကို​ထောင့်​ဖြတ်​မျဉ်းနှစ်​​ကြောင်း၊ထက်​၀က်​ပိုင်းမျဉ်းနှစ်​​ကြောင်းယူ၍​ခေါက်​ပါ့မယ်​။

IMG_20180710_105935.jpg

ဒီအဆင့်​မှာ​တော့ပုံပါအတိုင်းအတွင်းဘက်​သို့​ခေါက်​ပြီး၊ထပ်​မံ၍အလယ်​သို့တစ်​ဘက်​စီ​ခေါက်​ထားတာပါ။

IMG_20180710_110000.jpg

ဒီပုံမှာ​တော့တစ်​၀က်​ထပ်​မံ​ခေါက်​ချိုးထားတာပါ။

IMG_20180710_110035.jpg

IMG_20180710_110148.jpg

ဆက်​လက်​ပြီးပုံပါအတိုင်းကျန်​တစ်​ဘက်​ကိုလည်း​ခေါက်​မှာပါ။

IMG_20180710_110302.jpg

စက္ကူ​ခေါက်​ကိုဖြန့်​ပြီးတစ်​ဘက်​သို့လှည့်​လိုက်​မှာပါ။

IMG_20180710_110322.jpg

IMG_20180710_110353.jpg

ဒီအဆင့်​ထိ​ရောက်​ရင်​စက္ကူ​ခေါက်​ကိုအတွင်းသို့​ခေါက်​ပြီး၊​ဘေးဘက်​အနား​တွေကိုခဲတံသုံးပြီး​ခေါက်​လိုက်​မှာပါ။

IMG_20180710_110602.jpg

Accessories holder with paper rose

IMG_20180710_212839.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

legend Art

Thank you so much

လက်ရာလေးတွေကတော့ တစ်မျိုးပီးတစ်မျိုး ဂွတ်တယ်ဗျာ့။

ဆက်​လက်​ပြီးမရိုးရ​အောင်​ကြိုးစားပါဦးမယ်​...အား​ပေးလို့​ကျေးဇူးပါ

Good ပါတယ်​ဗျာ ကျွန်​​တော်​တို့က​တော့လိုက်​မမှိ​တော့ပါဘူး

Good တယ်​ဆိုလို့​ပျော်​ပါတယ်​...ဆက်​ကြိုးစားပါ့မယ်

‌တော်‌တယ်‌ညီမ။ဒီဇိုင်း‌ရွေးထားတာ‌တော်‌တယ်‌။

မန့်​ထားတာမမြင်​ရဘူး...​လေး​ထောင့်​ကွက်​​တွေဘဲ​ပေါ်​နေတယ်​😀

Font Error ကြောင့်ထင်တယ် ဘေးလူကတော့ မြင်ရတယ်အမScreenshot_20180806-205826.jpg

ဟုတ်​​တယ်​...font​ကြောင့်​​နေမယ်​...bro
@maha​wခုလိုအား​ပေးလို.​ကျေးဇူးပါ...​မောင်​​လေး@winkoလည်း​ကျေးဇူးပါ.....

ခေါင်းဘီးလေးထည့်ချင်တယ် မှန်တင်ခုံပေါ် တင်ထားချင်တယ်😍

ရပါတယ်​ကြည်​....မှန်​တင်​ခုံ​ပေါ်တင်​ထားရင်​လှမှာဘဲ​နော့...😊

အရမ်းလှပတဲ့ accessories holder လေးပါ။နှင်းဆီပန်းပွင့်လေးတွေလုပ်ထားတာ သပ်ရပ်ပြီး လှပတဲ့ပန်းပွင့်လေးတွေကို မြင်တွေ့နေရပါသည်။လေးစားလျက်

ဟုတ်​ကဲ့...ဆက်​ပြီးမရိုးရ​အောင်​ကြိုးစားပါ့မယ်​...ခုလိုအား​ပေးလို့​ကျေးဇူးပါ.. ..

လိုချင်စရာလေး လှချက်

လှတယ်​ဆိုလို့​ကျေးဇူး​နော့....

အား​ပေးလျက်​ ​လေးစားလျက်​ပါပဲ

အား​ပေးလို့​ပျော်​ပါတယ်​....😊

အားဖြည့်ပေးခဲ့ပါတယ်ဗျာ

ဟုတ်​ကဲ့...​ကျေးဇူးပါ...
ခုလိုအားဖြည့်​​ပေးလို့​ပျော်​ပါတယ်​...

နီးရင် လာလုပ်ခိုင်းတယ် ချစ်စရာလေးတေ ဟိ

နီးရင်​လက်​​ဆောင်​​ပေးပါတယ်​...တကယ်​😊

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 64555.14
ETH 3086.03
USDT 1.00
SBD 3.85