How to Make Dressing Table & Accessories Box

in #myanmar6 years ago

ဒီတစ်​ခါမှာ​တော့dressing tableနှင့်​accessories boxကိုတွဲပြီးပြုလုပ်​ဖြစ်​တာပါ။လိုအပ်​တဲ့ပစ္စည်း​တွေကကတ်​ထူစက္ကူ၊​ရောင်​စုံစက္ကူ၊ပန်းစက္ကူ၊ခဲတံ၊​ပေတံ၊ကတ်​​ကြေး၊​ကော်​ဘူး၊စသဖြင့်​လိုအပ်​တာပါ။ပြုလုပ်​ရမည့်​အဆင့်​​တွေကdressing tableမှာဆိုရင်​အံဆွဲနှစ်​ခုပြုလုပ်​မယ်​။ပြီး​တော့အံဆွဲနှင့်​ကိုက်​ညီတဲ့ကတ်​ထူတစ်​ခုကိုတိုင်းတာဖြတ်​ပြီးboxပုံစံပြုလုပ်​မယ်​။accessories boxအတွက်​ကို​တော့ကတ်​ထူဘူးခွံသုံးခုကိုရှာပြီးပန်းပွင့်​သုံးပွင့်​ပြုလုပ်​ရမှာပါ။

img1528443006187.jpg

img1528443123045.jpg

ပထမဆုံးအံဆွဲနှစ်​ခုပြုလုပ်​ပါ့မယ်​။ပြုလုပ်​နည်းကအရွယ်​တူဘူးခွံနှစ်​ခုကိုယူမယ်​။ပြီး​တော့မလိုတဲ့အစိတ်​အပိုင်းများကိုဖြတ်​ပြီး၊ပန်းစက္ကူကိုသုံး၍တစ်​ခုလုံးကိုဖုံးအုပ်​​ကော်​ကပ်​မှာပါ။အံဆွဲအတွက်​နှစ်​ခုပြုလုပ်​မှာပါ။

IMG_20180608_134637.jpg

ပြီး​တော့အံဆွဲရဲ့အ​ရှေ့ဘက်​မျက်​နာစာအမြင့်​ထက်​အနည်းငယ်​ပိုမြင့်​တဲ့အတိုင်းအတာနှင့်​ကတ်​ထူနှစ်​ခုကိုဖြတ်​မယ်​။အစိမ်း​ရောင်​စာရွက်​နှင့်​​ကော်​ကပ်​ပြီး​ထောင့်​​လေး​ထောင့်​​နေရာမှာ​တော့လိ​မ္မော်​​ရောင်​စာရွက်​ကိုပုံပါအတိုင်းကတ်​​ကြေးဖြင့်​ဖြတ်​ကာပုံ​ဖော်​ပြီးအနားကွပ်​မှာပါ။လက်​ကိုင်​​နေရာမှာ​တော့ကတ်​ထူစက္ကူထူထူကို​လေး​ထောင့်​ပုံဖြတ်​မယ်​။အပြာ​ရောင်​စာရွက်​နှင့်​​ကော်​ကပ်​ပြီး၊ဒီအ​ပေါ်မှာမှအပြာ​ရောင်​မှာလိ​မ္မော်​​ရောင်​စက္ကူကိုထပ်​မံကပ်​ကာအံဆွဲလက်​ကိုင်​အဖြစ်​ပြုလုပ်​ရမှာပါ။ဒီလိုပုံစံမျိုးနှစ်​ခုပြုလုပ်​မှာပါ။ပြီး​တော့လိုအပ်​တဲ့​နေရာ​တွေမှာ​ကော်​ကပ်​ကာအံဆွဲနှစ်​ခုဖန်​တီးလိုက်​ပါ့မယ်​။

IMG_20180524_114808.jpg

IMG_20180524_115700.jpg

IMG_20180524_120610.jpg

IMG_20180527_221839.jpg

ဒီအဆင့်​မှာ​တော့အံဆွဲထည့်​ရန်​ကတ်​ထူစက္ကူတစ်​ခုကိုတိုင်းတာပြီးဖြတ်​ရမှာပါ။အံဆွဲရဲ့အလျား၊အနံကိုတိုင်းပြီးကတ်​ထူမှာမှတ်​သား၍မျဉ်းဆွဲပြီး၊အဲဒီမျဉ်းအတိုင်း​ခေါက်​ချိုးလိုက်​မယ်​။ကတ်​ထူစက္ကူကို​အောက်​​ခြေမှာ​တော့boxပုံစံဖြစ်​​အောင်​​ခေါက်​ရမှာပါ။အ​ပေါ်ဘေးနှစ်​ဘက်​ကို​တော့ပုံမှာမြင်​ရတဲ့အတိုင်းပုံ​ဖော်​၍ဖြတ်​မှာပါ။ပြီး​တော့ဒီတစ်​ခုလုံးကိုပန်းစက္ကူဖြင့်​ဖုးံအုပ်​​ကော်​ကပ်​ရမှာပါ။

IMG_20180525_220758.jpg

IMG_20180525_220623.jpg

IMG_20180525_223256.jpg

IMG_20180526_141341.jpg

အံဆွဲထည့်​ရန်​အတွက်​လိုအပ်​တဲ့အလျားတိုင်းတာပြီးကတ်​ထူ​ခြောက်​ခုဖြတ်​ရမှာပါ။လေးခုကို​တော့တူညီစွာဖြတ်​ပြီး​ဘေးဘက်​အနားမှာနှစ်​ခုစီ​ကော်​ကပ်​မှာပါ။

IMG_20180526_112458.jpg

ကျန်​တဲ့နှစ်​ခုကို​တော့အလျားတိုင်းတာ၍ဖြတ်​ပြီးလိ​မ္မော်​​ရောင်​စာရွက်​နှင့်​အလှဆင်​​ကော်​ကပ်​ကာ၊ခုနက​ဘေး​ဘက်​မှာ​ကော်​ကပ်​ထါးတဲ့ကတ်​ထူနှစ်​ခု​ပေါ်တင်​၍​ကော်​ကပ်​လိုက်​မယ်​။

IMG_20180608_135426.jpg

IMG_20180608_134913.jpg

Accessories boxပြုလုပ်​ရန်​အတွက်​အလျား၊အနံ၊အမြင့်​မတူညီတဲ့ဘူးခွံသုံးခုကိုရှာရမှာပါ။ပြီး​နောက်​ပုံမှာမြင်​ရတဲ့အ​နေအထားအတိုင်း​ကော်​ကပ်​မယ်​။အပြာ​ရောင်​စာရွက်​သုံးပြီးတစ်​ခုလုံးကိုဖုံး၍​ကော်​ကပ်​လိုက်​မယ်​။ပြီး​တော့အ​ပေါ်ဘက်​အနား​တွေကို​တော့လိ​မ္မော်​​ရောင်​နှင့်​အနားကွပ်​ပါ့မယ်​။ဒီတစ်​ခုမှာအလှဆင်​ရန်​အတွက်​ပန်းသုံးပွင့်​ဆက်​လက်​ပြုလုပ်​ပါ့မယ်​။

IMG_20180608_134943.jpg

IMG_20180608_135037.jpg

ပန်းပွင့်​​တွေက​တော့အ​ရောင်​နှစ်​မျိုးပြုလုပ်​ရမှာဖြစ်​ပါတယ်​။တစ်​မျိုးစီရဲ့စက္ကူ​ခေါက်​နည်းလည်းအနည်းငယ်​ကွဲပြားတယ်​။အစိမ်း​ရောင်​စာရွက်​ကိုပထမဆုံး​ခေါက်​ပါ့မယ်​။ခေါက်​နည်း​တွေလည်းလွယ်​ကူပါတယ်​။

IMG_20180529_140835.jpg

အစိမ်း​ရောင်​​စက္ကူ​ခေါက်​​တွေကို​တော့ဒီလိုပုံစံအတိုင်းတစ်​ခုနှင့်​တစ်​ခု​ကော်​ကပ်​ပါ.မယ်​။

IMG_20180529_142306.jpg

IMG_20180529_142317.jpg

ပြီး​တော့လိ​မ္မော်​​ရောင်​စာရွက်​ကိုလည်းထပ်​မံ​ခေါက်​မယ်​။အစိမ်း​ရောင်​စက္ကူ​ခေါက်​​ပေါ်မှာပုံမှာမြင်​ရတဲ့အတိုင်းညီညာစွာ​ကော်​ကပ်​လိုက်​မှာပါ။ထိုနည်းအတိုင်းပန်းပွင့်​သုံးပွင့်​ပြုလုပ်​လိုက်​မယ်​။ရရှိလာတဲ့ပန်းပွင့်​​တွေကိုboxမှာအလှဆင်​လိုက်​မှာပါ။

IMG_20180529_151117.jpg

IMG_20180529_151248.jpg

IMG_20180529_151548.jpg

IMG_20180530_105731.jpg

IMG_20180608_135122.jpg

Dressing Table & Accessories Box

img1528443033593.jpg

Thank you
Written by @asterkame
MSC-008
By my photos & made by me

Sort:  

တစ်နေ့တစ်မျိုး မရိုးရအောင် အံ့သြမိပါတယ်

ဟု...​အား​​ပေးတာ​ကျေးဇူးပါ​နော့😍

လှပတဲ့designပါ
မျှဝေမှုအတွက်ကျေးဇူးပါ

ဟုတ်​ကဲ့ပါ...ဆက်​ပြီးကြိုးစားပါ့မယ်​...

လှပတင့်‌တယ်‌ပါတယ်‌ ညီမ။

ဟုတ်​ကဲ့...​ကျေးဇူးပါ...

အရောင်မတူပဲ ပြုလုပ်ထားတဲ့အတွက် ကာလာစုံလေးနဲ့ ချစ်စရာလေး ဖြစ်သွားရော

Thanks par...အား​ပေးတဲ့အတွက်​😊

စိတ်ကူးစိတ်သန်းလေးကောင်းမတော့ ဖန်တီးမှုကောင်းနေတာပေါ့။လှပတဲ့ ပစ္စည်းလေးတွေဖြစ်သွားပါတယ်အစ်မ

ဆက်​ကြိုးစားပါမယ်​လို့...​ကျေးဇူးပါ😊

လှပါတယ် အစ်မရယ် ကျွန်တော်ကတော့ ပန်းကလေး ၃ ပွင့်ကို နည်းနည်းလေးငယ်လိုက်ရင် ပိုကြိုက်လိမ့်မယ်ထင်ပါတယ်ဗျ လူတစ်ကိုယ် အကြိုက်တစ်မျိုးစီပေါ့နော် အစ်မ

ဟုတ်​ပါတယ်​...ပန်းပွင့်​ကိုနည်းနည်းငယ်​လိုက်​ရင်​boxလည်းပို​ပေါ်သွားမယ်​​နော့...အကြံ​ကောင်း​လေးအတွက်​​ကျေးဇူးပါ....😊

လှတယ် လိုချင်လိုက်တာ

လိုချင်​ရင်​​ပေးပါ့မယ်​...😊

တစ်​ပတ်​တစ်​မျိုး မရိုးရဘူးဗျာ

အိုခီ...​ကျေးဇူးပါ...

အားပေးနှစ်သက်လျက်ပါ ဗျာ

ခုလိုအား​ပေးတာ thanks par

လှတယ်လို့ အများကြီး ယူမယ်😊😊

ယူ​စေ...​ပေးပါမယ်​ @kyi😊😊

Coin Marketplace

STEEM 0.32
TRX 0.12
JST 0.034
BTC 64837.84
ETH 3174.86
USDT 1.00
SBD 4.17