How to Make Paper Flower Vase

in #myanmar6 years ago

Paper Flower Vase

img1533627904104.jpg

ဒီတစ်​ခါမှာ​တော့စက္ကူပန်းအိုးတစ်​လုံးပြုလုပ်​ဖြစ်​တာပါ။ပန်းပွင့်​​လေး​တွေကိုလည်းဆန်းဆန်းပြားပြားနှင့်​လှပစွာပြုလုပ်​ထားတာပါ။လိုအပ်​တဲ့ပစ္စည်းများက​တော့​ရောင်​စုံစာရွက်​၊ကတ်​ထူစက္ကူ၊ကတ်​​ကြေး၊​ကော်​ဘူး၊စသဖြင့်​လိုအပ်​တာပါ။ပြုလုပ်​ရမည့့်​အဆင့်​​တွေကပန်းအိုးတစ်​လုံးပုံ​ဖော်​ပြီး၊ပန်းပွင့်​အတွက်​စက္ကူ​ခေါက်​ကာအရွက်​များပုံစံ​ဖော်​ဖြတ်​ရမှာပါ။

img1533628175058.jpg

ပထမအဆင့်​မှာ​တော့ပန်းအိုးပြုလုပ်​ရန်​အရွယ်​တူစက်​၀ိုင်းပုံစံအခု20ဖြတ်​ပါ့မယ်​။ပြီး​တော့ဒီစက်​၀ိုင်းပုံစံစာရွက်​​ပေါ်​ကော်​ကပ်​ရန်​အနားညီတဲ့တြိဂံပုံစံများတိုင်းတာဖြတ်​မှာပါ။ပြီး​နောက်​စက်​၀ိုင်း​ပေါ်မှာညီညာစွာ​ကော်​ကပ်​မှာပါ။ဆက်​လက်​ပြီးတြိဂံရဲ့အနားအတိုင်းစာရွက်​ကို​ခေါက်​ချိုးမှာပါ။စာရွက်​​ခေါက်​အခု20ရရှိပြီး၊​နောက်​တစ်​ဆင့်​မှာတစ်​ခုနှင့်​တစ်​ခုကို​ညီညာခိုင်​ခံ့စွာ​ကော်​ကပ်​ရမှာပါ။ပြီး​တော့အဖျားစွန်းနှစ်​ခုကိုလည်းဆက်​ပြီး၊အ​ခြေမှာ​တော့ကတ်​ထူစက္ကူနှင့်​​ကော်​ကပ်​၍ပိတ်​လိုက်​ပါ့မယ်​။အတွင်းဘက်​ကို​တော့ပန်းပွင့်​များထည့်​ရန်​နှင့်​ပို၍ခိုင်​ခံ့​စေရန်​ကတ်​ထူစက္ကူလိပ်​ကိုတိုင်းတာဖြတ်​၍အတွင်းဘက်​မှာ​ကော်​ကပ်​ထားလိုက်​မှာပါ။

IMG_20180805_123336.jpg

IMG_20180806_103332.jpg

IMG_20180808_105949.jpg

IMG_20180808_110000.jpg

IMG_20180808_110028.jpg

ပန်းပွင့်​ပြုလုပ်​ရန်​အတွက်​အပြာ​ရောင်​နှင့်​လိ​မ္မော်​​ရောင်​စာရွက်​ကို​ရွေးချယ်​လိုက်​ပါတယ်​။ပြီး​တော့အရွယ်​တူစက်​၀ိုင်းပုံများဖြတ်​ပြီး၊အလယ်​မှတစ်​၀က်​ထပ်​မံဖြတ်​ကာ၊​ကော်​ကပ်​၍က​တော့ပုံစက္ကူ​ခေါက်​​လေး​တွေအများကြီးပြုလုပ်​လိုက်​မှာပါ။ဆက်​လက်​ပြီးpaper stickများ​ခေါက်​ရပါဦးမယ်​။ပြီး​နောက်​paper stick​ပေါ်မှာက​တော့ပုံစက္ကူ​ခေါက်​များကို​ကော်​ကပ်​လိုက်​မှာပါ။ဒီအဆင့်​ထိပုံများနှင့်​ပြထားပါတယ်​။

IMG_20180806_163021.jpg

IMG_20180807_093109.jpg

ပြီး​နောက်​အရွက်​ပုံစံများပြုလုပ်​ချင်​တာ​ကြောင့်​အစိမ်း​ရောင်​စာရွက်​ကို1cmအကျယ်​ခန့်​အဆင့်​ဆင့်​​ခေါက်​လိုက်​ပါ့မယ်​။ပြီး​တော့ပုံမှာပြထားတဲ့အတိုင်းပုံစံ​ဖော်​၍ဖြတ်​မှာပါ။စက္ကူ​ခေါက်​ကိုဖြန်.့​လိုက်​ပါ့မယ်​။ရရှိလာတဲ့စက္ကူ​ခေါက်​ရဲ့အနားစွန်း​တွေကို​ပေတံကိုအသုံးပြုပြီးအတွင်းသို့လိမ့်​လိုက်​ပါ့မယ်​။ပြီး​နောက်​ပန်းပွင့်​​တွေမှာ​တပတ်​လည်​လုံး​ကော်​ကပ်​လိုက်​ပါ့မယ်​။

IMG_20180807_093442.jpg

IMG_20180807_093532.jpg

My paper flower vase

IMG_20180807_141123.jpg

Thank you
Written by @asterkame
MSC-008
By my photos & made by me

Sort:  

ညီမ လုပ်‌ပြီးသား‌တွေ ဘယ်‌လိုထားလဲ။‌တော်‌‌တော်‌ များ‌နေပြီ။ဒီ ဒီဇိုင်းက တစ်‌မျိုးဆန်းတယ်‌။

ကိုယ်​အသုံးလိုတာဆိုယူထားပြီး၊ကျန်​တာကို​တော့ညီမ၊တူမ​လေး​တွေလာရင်​​ပေးလိုက်​ပါတယ်​....​တော်​​တော်​လည်းများ​နေပါပြီ...အား​ပေးလို့​ကျေးဇူးပါ.. ..

ဟုတ်ပါ့ဗျာ။အစ်မလုပ်ပြီးသားလေးတွေ အရမ်းလှပြီး လိုချင်လိုက်တာဗျာ။ပစ္စည်းလေးကြည့်လိုက်တာနဲ့ နှစ်သက်စရာ ဖြစ်နေတာဆိုတော့ အစ်မအရည်အချင်းကိုတော့ ပြောစရာတောင်မလိုလောက်တော့ပါခင်ဗျာ။

ဟုတ်​ကဲ့...တကယ်​လို့နီးရင်​လည်းလက်​​ဆောင်​​ပေးချင်​ပါတယ်​...အား​ပေးလို့​ကျေးဇူးပါ.. ..

လှလိုက်တာ

ဟုတ်​ကဲ့...​ကျေးဇူးပါ...

လှတယ် ယွန်းရေ😁

လှတယ်​ဆိုလို့​ပျော်​ပါတယ်​ကြည်​....

မျက်​စိထဲ မြင်​​ယောင်​တယ်​ ပိုစ်​တင်​ကာနီး အမှိုက်​ရှူပ်​​တော့မှာ ခ်​ခ်

အမှန်​ဘဲ...😁စက္ကူဖြတ်​စ​တွေနှင့်​​ဘေးမှာရှုပ်​ပွ​နေတာ...ခ်​ခ်

ခုလိုအား​ပေးတာ​ကျေးဇူးပါ....

စက္ကူပန်းအိုးလေး လှလိုက်တာဗျာ ကြိုက်တယ်

ဆက်​ပြီးလည်းလှတာ​တွေပြုလုပ်​ပါဦးမယ်​...

အမြဲတမ်းအားပေးလျက်ပါ@aster

ဟုတ်​ကဲ့...အား​ပေးလို့​ကျေးဇူးပါ.. .

စာအုပ်ထုတ်ရင် ထည့်သင့်ပါတယ်

ဟုတ်​ကဲ့....ခုလိုအား​ပေးလို့​ကျေးဇူးပါ...​နောက်​လည်းအသစ်​အဆန်းများအတွက်​ကြိုးစားပါ့မယ်​...

လှလှ

လှတယ်​ဆိုလို့​ကျေးဇူးပါ...

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 64555.14
ETH 3086.03
USDT 1.00
SBD 3.85