How to Make Paper Flower Vase

in #myanmar5 years ago

ဒီတစ်​ခါမှာ​တော့နံရံမှာချိတ်​ဆွဲလို့လည်းရသလိုပန်းအိုးအ​နေနှင့်​ထားလို့လည်းရ​အောင်​ပန်းအိုးတစ်​လုံးပြုလုပ်​လိုက်​ပါတယ်​။ဒီတစ်​ခုမှာ​တော့ပလတ်​စတစ်​ဘူးခွံနှင့်​အ၀တ်​စကိုတွဲ၍ပန်းအိုးပြုလုပ်​ထားတာပါ။ပုံစံတစ်​မျိုးနှင့်​​ပေါ့။

img1552114224507.jpg

img1552114135647.jpg

img1552114012776.jpg

ပန်းအိုးပြုလုပ်​ရန်​​ရေသန့်​ဘူးကိုတစ်​၀က်​ဖြတ်​ပြီး၊အနီ​ရောင်​ပိတ်​စနှင့်​​ကော်​ကပ်​ပြီး၊ပြုလုပ်​လိုက်​ပါတယ်​။ဘူးခွံရဲ့​အောက်​​ခြေမှာ​တော့​ကော်​ကပ်​ပြီးပိုခိုင်​ခံ့​အောင်​အပ်​ချည်​နှင့်​ချုပ်​လိုက်​ပါတယ်​။နောက်​တစ်​ဆင့်​မှာအစိမ်း​ရောင်​စာရွက်​ကိုတွန့်​​ခေါက်​ကာ၊တစ်​၀က်​ခန့်​အချွန်​ပုံစံဖြတ်​ပြီး၊အရွက်​ပုံစံပြုလုပ်​လိုက်​ပါတယ်​။အရွက်​ရဲ့အနား​တွေကို​ပေတံသုံးပြီး​ခေါက်​လိုက်​ပါတယ်​။

IMG_20190309_131401.jpg

IMG_20190309_131516.jpg

IMG_20190309_131418.jpg

ပန်းပွင့်​ပြုလုပ်​ရန်​အတွက်​A4sizeစာရွက်​ကိုတစ်​၀က်​ဖြတ်​လိုက်​ပါတယ်​။အလယ်​မှ​ခေါက်​ချိုးပြီး၊​ကော်​ကပ်​ဖို့​နေရာချန်​၍အပိုင်း​လေး​တွေဖြတ်​လိုက်​ပါတယ်​။ပြီး​တော့စာရွက်​ကိုပြန်​ဖြန့်​ကာ၊တစ်​ဘက်​သို့ပြန်​​ခေါက်​ချိုးပြီး၊အနား​တွေကို​ကော်​ကပ်​ပါ့မယ်​။ပြီး​နောက်​ရိုးတံအတွက်​စက္ကူအလိပ်​များ​ခေါက်​ကာ၊ပန်းပွင့်​ပုံဖြစ်​​အောင်​ပုံစံ​ဖော်​၍​ကော်​ကပ်​လိုက်​ပါတယ်​။ထိုနည်းအတိုင်းပန်းပွင့်​သုံးပွင့်​ပြုလုပ်​လိုက်​ပါတယ်​။ပြီး​တော့ပန်းအိုးမှာအရွက်​နှင့်​ပန်းပွင့်​​လေး​တွေထည့်​လိုက်​ပါတယ်​။တကယ်​လို့နံရံမှာချိတ်​ဆွဲချင်​ရင်​​ဘေးနှစ်​ဘက်​မှာအ​ပေါက်​​ဖောက်​ပြီး၊ဖဲကြိုးချည်​လိုက်​ပါတယ်​။

IMG_20190309_122230.jpg

IMG_20190309_122434.jpg

IMG_20190309_131226.jpg

img1552114264099.jpg

img1552114061144.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

စားပွဲတင်ရော နံရံကပ်ရော ကြိုက်သလိုအသုံးပြုနိုင်အောင် ပြုလုပ်ပေးထားတာ ကောင်းမွန်လှပတဲ့ ပန်းအိုးလေးတစ်ခုဖြစ်ပါတယ်ခင်ဗျာ။

Posted using Partiko Android

ဟုတ်​ကဲ့....အား​ပေးလို့​ကျေးဇူးပါ.. ..
နောက်​လည်းလှပဆန်းသစ်​တာ​တွေပြုလုပ်​ဖို့ကြိုးစားပါဦးမယ်​.....

Posted using Partiko Android

@asterkame, အီး စ တင်း ကို အ သုံး ပြု သည့် အတွက် ကျေး ဇူး တင် ရှိ ပါ သည်။

ဟုတ်​ကဲ့...​ကျေးဇူးပါ....

Posted using Partiko Android

အဝေးကကြည့်ရင် စတော်ဘယ်ရီသီးလေးနဲ့တူတယ်

ဟုတ်​တယ်​....အနီ​ရောင်​နဲ့ဆို​တော့....စ​တော်​ဘယ်​ရီသီးလိုဖြစ်​​နေတယ်​...

Posted using Partiko Android

စားတောင် စားချင်လာပီ

😁😁
ဘယ်​လိုဘယ်​လိုတူသွားလဲမသိဘူး....အသီးနဲ့

Posted using Partiko Android

လှလိုက်​တာဟယ်​ ကျန်​ကျန်​ဖန်​ဖန်​လုပ်​တပ်​တယ်

လှတယ်​ဆိုလို့​ကျေးဇူးပါ....

Posted using Partiko Android

လှပါတယ်

Posted using Partiko Android

ကျေးဇူးပါ...ဆက်​ကြိုးစားဦးမယ်​...

Posted using Partiko Android

လှပတဲ့လက်ရာလေးတစ်ခုပါပဲဗျာ

ဟုတ်​ကဲ့...လက်​ရာပို​ကောင်း​အောင်​ဆက်​ကြိုးစားပါ့မယ်​...

Posted using Partiko Android

စားပွဲတင်ပန်းအိုးလေး…လုပ်နည်းပါလား…

ဟုတ်​ပါတယ်​....စားပွဲတင်​လို့လည်းရတယ်​....ချိတ်​ဆွဲထားလည်းရပါတယ်​...​ကျေးဇူးပါ....

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you so much

Posted using Partiko Android

Congratulations @asterkame! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You made more than 7000 comments. Your next target is to reach 7500 comments.

Click here to view your Board
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Vote for @Steemitboard as a witness and get one more award and increased upvotes!

Thank you

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64320.07
ETH 3154.23
USDT 1.00
SBD 4.34