How to Make Paper Flower Vase

in #myanmar5 years ago

ဒီတစ်​ခါ​တော့ပန်းအိုး​လေးတစ်​လုံးပြုလုပ်​လိုက်​ပါတယ်​။ပြုလုပ်​နည်းပုံစံတစ်​မျိုးနဲ့ပါ။စက္ကူအလိပ်​​တွေနဲ့ပုံ​ဖော်​ထားတာဖြစ်​ပြီး၊ပန်းပွင့်​​တွေနဲ့အလှဆင်​​ကော်​ကပ်​ထားသလို၊အပြာ​ရောင်​ဖဲကြိုးဖြင့်​လည်းစည်းထားပါတယ်​။လိုအပ်​တဲ့ပစ္စည်း​တွေက​ရောင်​စုံစာရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊ဖဲကြိုး၊ခဲတံ၊​ပေတံစသဖြင့်​လိုအပ်​ပါတယ်​။

img1543295032025.jpg

img1543294969421.jpg

ပထမအဆင့်​မှာအဖြူ​ရောင်​စက္ကူအလိပ်​များပြုလုပ်​လိုက်​ပါတယ်​။ပြီးနောက်​စက်​၀ိုင်းပုံစံကတ်​ထူနှစ်​ခုဖြတ်​လိုက်​ပါတယ်​။ထိုစက်​၀ိုင်းပုံကတ်​ထူရဲ့အနားပတ်​လည်​မှာ​တော့အရွယ်​တူအ​ပေါက်​​လေး​တွေအကွာအ​ဝေးညီစွာ​ဖောက်​လိုက်​ပါတယ်​။ပြီး​နောက်​ထိုကတ်​ထူနှစ်​ခုနှင့်​စက္ကူအလိပ်​​တွေကိုပုံပါအတိုင်းဆက်​လိုက်​ပါတယ်​။ပန်းအိုးရဲ့အ​ခြေမှာ​တော့ကတ်​ထူတစ်​ခုကိုတိုင်းတာဖြတ်​၍​ကော်​ကပ်​ပြီးပိတ်​လိုက်​ပါတယ်​။စက္ကူလိပ်​ရဲ့အစွန်းထွက်​အစ​တွေကိုလည်း​ခေါက်​ပြီး၊အခြားစက်​၀ိုင်းပုံကတ်​ထူဖြင့်​ပိတ်​၍​ကော်​ကပ်​၊ကလစ်​ညှပ်​လိုက်​ပါတယ်​။ပန်းအိုးကိုလည်းစက္ကူအလိပ်​များတစ်​​စောင်း​လေးဖြစ်​သွား​အောင်​လှည့်​လိုက်​ပါတယ်​။

IMG_20181126_170917.jpg

IMG_20181126_221323.jpg

IMG_20181126_221739.jpg

IMG_20181126_222647.jpg

img1543294864908.jpg

ပန်းပွင့်​ပြုလုပ်​ရန်​အတွက်​လွယ်​ကူတဲ့ပြုလုပ်​နည်းကိုအသုံးပြုထားပါတယ်​။ပန်းပွင့်​ကို​ရောင်​စုံပြုလုပ်​ချင်​တာ​ကြောင့်​စာရွက်​​တွေကိုအလျား၊အနံတူညီစွာဖြတ်​လိုက်​ပါတယ်​။ပြီး​နောက်​​ထောင့်​ဖြတ်​အတိုင်း​ခေါက်​မယ်​။နောက်​တစ်​ဆင့်​ထပ်​မံ​ခေါက်​မယ်​။ဒီအ​ပေါ်မှာပုံဆွဲပြီးကတ်​​ကြေးဖြင့်​ဖြတ်​ကာ၊ပန်းပွင့်​ပုံရရင်​​ဘောလ်​ပင်​နဲ့အနား​တွေကိုအနည်းငယ်​လိပ်​လိုက်​ပါတယ်​။ပန်းပွင့်​​တွေကို​တော့ပန်းအိုးမှာပုံပါအတိုင်း​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​နောက်​ဖဲကြိုးနဲ့ချည်​လိုက်​ပါတယ်​။

IMG_20181127_093147.jpg

IMG_20181127_094532.jpg

IMG_20181127_095427.jpg

img1543294689100.jpg

img1543294643750.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you so much

Posted using Partiko Android

ဟုတ်​ကဲ့...​ကျေးဇူးပါ...

Posted using Partiko Android

မတ်တယ်

မတ်​မတ်​​လေး​ပေါ့...😀

Posted using Partiko Android

တစ်ခါလောက်တော့ ခေါက်ကြည့်ဦးမယ်အမရေ...
ခွင့်ပြုပါဗျ။

ရပါတယ်​...​ခေါက်​ကြည့်​ပါ...​ကျေးဇူးပါ...

Posted using Partiko Android

ဒါက ပန်းထိုးဖို့ ပန်းအိုး​လေး​ပေါ့

အင်း...ဟုတ်​တယ်​...ပန်းအိုး​လေးပါ...

Posted using Partiko Android

အမြဲအားပေးနေတယ်@aster

Posted using Partiko Android

ဟုတ်​ကဲ့...အား​ပေးလို့​ကျေးဇူးပါ

Posted using Partiko Android

ဒါလေးက နည်းနည်းလွယ်မယ်နော် ဒါပေမဲ့ စက္ကူ လေးတွေ သေချာလိပ်မှ လှမယ်

Posted using Partiko Android

ဟုတ်​ပါတယ်​...အဆင့်​လည်းနည်းပြီးလွယ်​​ပေမဲ့၊နည်းနည်းလက်​၀င်​ပါတယ်​...

Posted using Partiko Android

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 61645.58
ETH 3013.85
USDT 1.00
SBD 3.71