How to Make Paper Flower Vase

in #myanmar5 years ago

ဒီတစ်​ခါမှာ​တော့ပန်းအိုးလှလှ​လေးတစ်​ခုပြုလုပ်​ထားပါတယ်​။ပြုလုပ်​နည်းကိုပုံနှင့်​စာတွဲ၍ပြထားပြီး၊လိုအပ်​တာ​တွေကကတ်​ထူ၊​ရောင်​စုံစာရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊ခဲတံ၊​ပေတံစသဖြင့်​လိုအပ်​ပါတယ်​။

အဆင့်​၁မှာ​တော့အရွယ်​တူကတ်​ထူ​လေးခုဖြတ်​မယ်​။ထိုကတ်​ထူများကိုဖြတ်​တဲ့အခါတစ်​ခုနှင့်​တစ်​ခုဆက်​၍​ကော်​ကပ်​ရန်​​နေရာလွတ်​အနည်းငယ်​ချန်​ရပါ့မယ်​။ပြီး​နောက်​ကတ်​ထူ​လေးခုကို​ကော်​ကပ်​ပြီးဆက်​လိုက်​ရင်​ဘူးခွံပုံရမှာပါ။အခြား​လေး​ထောင့်​ပုံကတ်​ထူတစ်​ခုထပ်​မံဖြတ်​ပြီး၊နှစ်​ခုစလုံးကိုခရမ်း​ရောင်​စာရွက်​​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​နောက်​ဆက်​၍​ကော်​ကပ်​လိုက်​တယ်​။ဆက်​လက်​ပြီးအနီ​ရောင်​ပန်းပွင့်​များပြုလုပ်​ရမှာပါ။စာရွက်​မှာပန်းပွင့်​ပုံဆွဲပြီးဖြတ်​လိုက်​ပါတယ်​။ပြီး​နောက်​ပုံပါအတိုင်းအနီ​ရောင်​ပန်းပွင့်​များ​ကော်​ကပ်​အလှဆင်​ပါတယ်​။


ဒီအဆင့်​မှာ​တော့ခုနကပြုလုပ်​တဲ့​လေး​ထောင့်​ပုံကတ်​ထူအရွယ်​အစားအတိုင်း​ဖော့ပြားတစ်​ခုဖြတ်​၍အနီ​ရောင်​စာရွက်​​ကော်​ကပ်​လိုက်​တယ်​။ပြီး​နောက်​ပို၍မြင့်​သွား​အောင်​ဘူးခွံနှင့်​ဆက်​၍​ကော်​ကပ်​လိုက်​တယ်​။ထို​ဖော့ပြားရဲ့အနား​လေးဘက်​မှာလည်းအနီ​ရောင်​ပန်းပွင့်​များ​ကော်​ကပ်​ပါ့မယ်​။ထို့​နောက်​အစိမ်း​ရောင်​ပန်းတစ်​ပွင့်​ပြုလုပ်​ပါ့မယ်​။စာရွက်​ကိုအလျားအနံတူညီစွာဖြတ်​ပြီးအဆင့်​ဆင့်​​ခေါက်​ကာ၊ပုံပါအတိုင်းဖြတ်​၍အနားမှာကတ်​​ကြေးဖြင့်​အပိုင်းငယ်​များဖြတ်​လိုက်​တယ်​။ထိုနည်းအတိုင်းအရွယ်​မတူတဲ့ပန်းပွင့်​​လေး​တွေပြုလုပ်​ပြီး၊အစိမ်း​ရောင်​ပန်းတစ်​ပွင့်​ပုံ​ဖော်​လိုက်​ပါတယ်​။


Written by @asterkame
MSC-008
By my photos & made by me

Sort:  

ပန်းအိုးနှင့် ပန်းပွင့် အမြင်တင့်လှပါဘိ

ဟုတ်​ကဲ့​.. .​ကျေးဇူးပါ...

Posted using Partiko Android

ဖောင်တိန်လေးတွေထည့်လို့ရတာပေါ့

ရပါတယ်​....ပန်းအိုး​လည်းလုပ်​လို့ရပါတယ်​....

Posted using Partiko Android

လှတယ်ဗျ အားပေးပါတယ် ဒီတစ်ခါအဖြူရောင်လား
မိုးပြာလား

အား​ပေးလို့​ကျေးဇူးပါ.. ..
ခရမ်း​ရောင်​ အ​ဖျော့ပါ...😊

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 63994.25
ETH 3062.19
USDT 1.00
SBD 3.94