How to Make Paper Flower Wall Hanging

in #myanmar6 years ago

Paper Flower Wall Hanging

img1526480331295.jpg

ဒီတစ်​ခုက​တော့နံရံမှာအလှဆင်​လို့ရတဲ့paper wall hangingတစ်​ခုပါ။လေး​ထောင့်​ပုံစံပြုလုပ်​ထားတာဖြစ်​ပြီး​ထောင့်​စွန်းနှစ်​ဘက်​မှာပန်းပွင့်​​တွေနှင့်​အစိမ်း​ရောင်​အရွက်​ပုံစံထည့်​မှာပါ။လိုအပ်​တာ​တွေကကတ်​ထူစက္ကူ၊​ပေတံ၊ခဲတံ၊​ရောင်​စုံစာရွက်​၊​ကော်​ဘူးတို့လိုအပ်​ပါတယ်​။ပြုလုပ်​ရမည့်​အဆင့်​​တွေက​ဘောင်​နှစ်​ခုပြုလုပ်​မယ်​။ပန်းပွင့်​​တွေပြုလုပ်​မယ်​။သစ်​ရွက်​ပုံစံပြုလုပ်​မယ်​။

img1526480917087.jpg

ပထမအဆင့်​မှာ​တော့အရွယ်​အစားတူ​ဘောင်​နှစ်​ခုပြုလုပ်​မှာပါ။ကတ်​ထူစက္ကူကိုညီညာစွာဖြတ်​ပြီးအရွယ်​တူ​ဘောင်​နှစ်​ခုပြုလုပ်​လိုက်​မယ်​။ပြီး​တော့အစိမ်း​ရောင်​စာရွက်​နှင့်​နှစ်​ခုစလုံးဖုံးအုပ်​​ကော်​ကပ်​မယ်​။

IMG_20180512_222049.jpg

frameနှစ်​ခုအနက်​တစ်​ခုမှာအတွင်းဘက်​အနား​လေးခုနှင့်​အပြင်​ဘက်​အနား​လေးခုကိုအနက်​​ရောင်​နှင့်​အနားကွပ်​မယ်​။ကျောဘက်​သို့လှည့်​၍အနက်​​ရောင်​စာရွက်​ကိုဘဲ​ရွယ်​တူအပိုင်းငယ်​များဖြတ်​ပြီးပုံမှာပြထားတဲ့အတိုင်း​လေး​ထောင့်​ကွက်​များ​ဖော်​လိုက်​ပါ့မယ်​။ပြီး​တော့ကျန်​တဲ့​ဘောင်​တစ်​ခုကို​ကျောဘက်​မှာညီညာစွာ​ကော်​ကပ်​လိုက်​မယ်​။

IMG_20180512_152635.jpg

အလှဆင်​ဖို့အတွက်​ပန်းပွင့်​ပြုလုပ်​နည်းကိုဆက်​လက်​​ရေးပါ့မယ်​။ပန်းပွင့်​ကိုသုံးပွင့်​ပြုလုပ်​မှာပါ။ပထမဆုံးစက္ကူကို​ခေါက်​မယ်​။ဒီအ​ပေါ်တွင်​မှာပုံဆွဲလိုက်​မယ်​။ပြီး​တော့ဆွဲထားတဲ့မျဉ်းအတိုင်းကတ်​​ကြေးဖြင့်​ဖြတ်​လိုက်​မှာပါ။စာရွက်​ကိုဖြန့်​လိုက်​တဲ့အခါပန်းပွင့်​ပုံများရမှာပါ။ဒီနည်းအတိုင်းရရှိလာတဲ့ပန်းပွင့်​ပုံစံ​တွေကိုထပ်​စီ၍​ကော်​ကပ်​မှာပါ။ပန်းပွင့်​ရဲ့အနား​တွေကို​တော့​ပေတံသုံးပြီးအနည်းငယ်​​ခေါက်​လိုက်​ပါ့မယ်​။

IMG_20180513_093045.jpg

ဒီအဆင့်​က​တော့ပန်းပွင့်​ပြုလုပ်​ရန်​စက္ကူ​ခေါက်​နည်းအဆင့်​ဆင့်​ပါ။

IMG_20180513_093527.jpg

စက္ကူ​ခေါက်​မှာပုံဆွဲပြီးကတ်​​ကြေးဖြင့်​ဖြတ်​ကာပန်းပွင့်​ပုံဖြစ်​​အောင်​ဆက်​လက်​ပုံ​ဖော်​ပါ့မယ်​။

IMG_20180513_094619.jpg

IMG_20180513_094840.jpg

IMG_20180513_101013.jpg

ဒီအဆင့်​မှာ​တော့အစိမ်း​ရောင်​စာရွက်​ကိုသုံးပြီးအရွက်​ပုံစံ​ဖော်​ချင်​တာ​ကြောင့်​စာရွက်​ကို​ခေါက်​ပြီး၊​ဒီအ​ပေါ်မှာပုံမှာမြင်​ရတဲ့အတိုင်းပုံဆွဲလိုက်​မယ်​။ပြီး​တော့ကတ်​​ကြေးဖြင့်​ဖြတ်​၍စာရွက်​ကိုဖြန့်​လိုက်​မယ်​။ပြီး​တော့တွန့်​​ခေါက်​လိုက်​မှာပါ။စာရွက်​​ခေါက်​ကိုအလယ်​မှ​ခေါက်​ချိုးပြီးအနားနှစ်​ဘက်​ကို​ကော်​ကပ်​လိုက်​ပါ့မယ်​။ဒီလိုနည်းအတိုင်းသုံးခုပြုလုပ်​ပါ့မယ်​။

IMG_20180513_113725.jpg

IMG_20180513_114101.jpg

IMG_20180513_114952.jpg

Paper wall hangingအတွက်​လိုအပ်​တဲ့အရာ​တွေပြုလုပ်​ပြီးပြီဆို​တော့ခုနကပြုလုပ်​ပြီးတဲ့​ဘောင်​​ပေါ်မှာပုံမှာပြထားတဲ့အ​နေအထားအတိုင်း​ကော်​ကပ်​လိုက်​ပါ့မယ်​။

IMG_20180514_094711.jpg

IMG_20180514_094722.jpg

My Paper Flower Wall Hanging

IMG_20180514_094649.jpg

Thank you
Written by @asterkame
MSC-008
By my photos & made by me

Sort:  

အစ်မ idea တွေ တအားကောင်းတယ်နော်

လိုအပ်​တာရှိလည်း​ပြောပြပါ​နော့...အား​ပေးတာ​ကျေးဇူးပါ.. ..

မရိုးတဲ့ပညာပါဗျာ
တစ်ခုနဲ့တစ်ခုလည်းမထပ်ဘူး

ဟုတ်​ကဲ့...​ကျေးဇူးပါ...လိုအပ်​တာရှိလည်း​ပြောပြ​ပေးပါ...

နံရံကပ်လေးကို ပန်းပွင်းလေးတွေနဲ့ အလှဆင်ထားတာ အရမ်းလှပပြီးသပ်ရပ်ပါတယ်။Home decoration အတွက်တော့ အစ်မကိုပဲ ဒီဇိုင်းအပ်ရင်ကောင်းမယ်ဗျာ။creation လေးတွေကြိုက်လို့ပါ။

ခုလိုအား​ပေးတာ​ပျော်​ပါတယ်​...​ကျေးဇူးပါ...လိုအပ်​တာဆိုလည်း​ပြောပြ​ပေးပါ...

မရိုးရဘူးဗျာ

Oki, thanks par

အိမ်နံရံမှာကပ်တာလေးတွေ သဘောကျတယ်
ပုံဆန်းလေးတွေတင်ပေးပါ

ဟု...တင်​​ပေးမယ်​​နော့...အား​ပေးတာ​ကျေးဇူးပါ 😊

wall hanging က တစ်ကယ်တော့ ခက်တယ်ဗျ
တော်ပါတယ် အမိရယ်

ခုလိုအား​ပေးတာthanks par...

တစ်ခုနဲ့ တစ်ခု မရိုးအောင်ပါလားဗျာ 😊😊

ဆက်​ပြီလည်းမရိုး​အောင်​ကြိုးစားပါ့မယ်​...thanks😊

Congratulations @asterkame! You have completed some achievement on Steemit and have been rewarded with new badge(s) :

You published a post every day of the week

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Thank you so much

နံရံကပ်ပန်းလေးတွေ လှနေရော ယွန်းရေ😍

အိုခီ...ကြည်
အား​ပေးလို့​ပျော်​ပါတယ်​😊😍

လှလိုက်တာ sisရယ်

ဆက်​ပြီးလှလှ​လေး​တွေပြုလုပ်​ပါ့မယ်​...​ကျေးဇူးပါ😊😍

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.032
BTC 61914.69
ETH 3017.71
USDT 1.00
SBD 3.79