How to Make Paper Flower Wall Hanging

in #myanmar5 years ago

ဒီတစ်​ခါမှာ​တော့နံရံအလှဆင်​တစ်​ခုပြုလုပ်​လိုက်​ပါတယ်​။ပန်းပွင့်​နှင့်​သစ်​ရွက်​များဖြင့်​ပုံ​ဖော်​ထားပြီး၊ပန်းပွင့်​ပြုလုပ်​နည်းကတစ်​မျိုးတည်း​ပေမဲ့၊အရွယ်​အစားနှစ်​မျိုးပြုလုပ်​လိုက်​ပါတယ်​။ပြုလုပ်​နည်းကိုပုံနှင့်​စာတွဲ၍​ဖော်​ပြထားတာဖြစ်​ပြီး၊လိုအပ်​တဲ့ပစ္စည်း​တွေက​ရောင်​စုံစာရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊ဖဲကြိုး၊ခဲတံ၊​ပေတံစသဖြင့်​လိုအပ်​ပါတယ်​။

img1543215341424.jpg

img1543215581067.jpg

ပထမဆုံးပန်းပွင့်​ပြုလုပ်​ပါ့မယ်​။ပြုလုပ်​နည်းကပန်းတစ်​ပွင့်​မှာအရွယ်​တူစက်​၀ိုင်းပုံသုံးခုလိုအပ်​ပါတယ်​။ထိုစာရွက်​ကိုအလယ်​မှ​ခေါက်​မယ်​။ထပ်​မံတစ်​၀က်​​ခေါက်​ပါ့မယ်​။ထိုစက္ကူ​ခေါက်​သုံးခုကိုညီညာစွာစီ၍၊အလယ်​မှစက္ကူညှပ်​ကလစ်​ဖြင့်​ညှပ်​လိုက်​တယ်​။ပြီး​နောက်​ပန်းပွင့်​ပုံ​ဖော်​လိုက်​ပါတယ်​။ထိုနည်းအတိုင်းပန်းပွင့်​​လေး​တွေအရွယ်​အစားနှစ်​မျိုးပြုလုပ်​လိုက်​ပါတယ်​။

IMG_20181126_101852.jpg

IMG_20181126_101938.jpg

IMG_20181126_102114.jpg

IMG_20181126_112002.jpg

ဆက်​လက်​ပြီးသစ်​ရွက်​​လေး​တွေ​ခေါက်​ပါ့မယ်​။အစိမ်း​ရောင်​စာရွက်​ကို​ထောင့်​ဖြတ်​အတိုင်း​ခေါက်​ပြီးထပ်​မံ၍​ထောင့်​စွန်းမှအလယ်​ခန့်​အထိအနည်းငယ်​​ခေါက်​လိုက်​တယ်​။ထို့​နောက်​​ခေါက်​ထားတဲ့အနားအထိ၊တစ်​ဘက်​အစွန်းကို​ခေါက်​ကာ၊ပုံပါအတိုင်းအဆင့်​ဆင့်​တွန့်​​ခေါက်​မယ်​။စက္ကူ​ခေါက်​ကိုတစ်​ဘက်​သို့လှည့်​ကာထပ်​မံတွန့်​​ခေါက်​မယ်​။ပြီး​နောက်​စက္ကူ​ခေါက်​ကိုဖြန်.့​ကာအလယ်​မျဉ်းမှအနည်းငယ်​​ခေါက်​ပြီး၊သစ်​ရွက်​ပုံရ​အောင်​ဖြန့်​ကာ၊​ဘေးဘက်​​ထောင့်​စွန်း​တွေကိုပိုပီပြင်​​အောင်​အနည်းငယ်​​ခေါက်​၍ညှိလိုက်​ပါတယ်​။ထိုနည်းအတိုင်းသစ်​ရွက်​​လေး​တွေပြုလုပ်​လိုက်​ပါတယ်​။

img1543294600447.jpg

ဒီအဆင့်​မှာ​တော့A4sizeစာရွက်​ကိုပုံပါအတိုင်းတွန့်​​ခေါက်​လိုက်​ပါတယ်​။ပြီး​နောက်​အလယ်​မှ​ခေါက်​ချိုးပြီး၊အနားနှစ်​ဘက်​ဆက်​၍​ကော်​ကပ်​လိုက်​ပါတယ်​။နောက်​တစ်​ဆင့်​မှာသုံး​ထောင့်​ပုံကတ်​ထူတစ်​ခုဖြတ်​၍လိ​မ္မော်​​ရောင်​စာရွက်​ဖြင့်​​ကော်​ကပ်​မယ်​။ကတ်​ထူကိုဖဲကြိုးဖြင့်​ဆက်​ချင်​တာ​ကြောင့်​၊ပုံပါအတိုင်းစက္ကူ​ဖောက်​စက်​ဖြင့်​​ဖောက်​၍ဖဲကြိုးထည့်​ချည်​လိုက်​ပါတယ်​။ဖဲကြိုးရဲ့ကျန်​တစ်​စကို၊ခုနကစက္ကူ​ခေါက်​နှင့်​ဆက်​လိုက်​ပါတယ်​။ပန်းပွင့်​၊အရွက်​​တွေကိုပုံပါအတိုင်း​သပ်​ရပ်​စွာ​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20181125_080036.jpg

IMG_20181126_103159.jpg

img1543215037948.jpg

img1543215108340.jpg

img1543215000142.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you so much

Posted using Partiko Android

ဒေါင်းမြီးလေးနဲ့တူတယ်

ဟုတ်​တယ်​...​ဒေါင်းပုံစံလိုမျိုး😊

Posted using Partiko Android

လေသလပ်ပြီး မပျော့နိုင်ဘူးလားဗျ

Posted using Partiko Android

မ​ပျော့ပါဘူး....​ရှေ့မှာပြုလုပ်​ထားတဲ့paper art​တွေလည်း...ဒီအတိုင်းပါပဲ...

Posted using Partiko Android

ဒီဇိုင်းလေး လှတယ်။

ဟုတ်​ကဲ့...အား​ပေးလို့​ပျော်​ပါတယ်​...​ကျေးဇူးပါ....

Posted using Partiko Android

ဒါ​လေးက တမျိုးလှတယ်​​နော်

လှတယ်​ဆိုလို့​ပျော်​ပါသည်​....😀

Posted using Partiko Android

ကြိုက်တယ် ကြိုက်တယ်😁

Posted using Partiko Android

ကျေးဇူး...​ကျေးဇူးပါ...ကြိုက်​တယ်​ဆိုလို့...😀

Posted using Partiko Android

တဖြည်းဖြည်း ဆရာကျတဲ့ အပိုင်းတွေ ဖြစ်လာပြီ။

ပုံမှန်​အ​လေ့အကျင့်​လုပ်​ရင်းတဖြည်းဖြည်း​​တိုးတက်​လာတာပါ...အား​ပေးလို့​ကျေးဇူးပါ.. ....

Posted using Partiko Android

တကယ်လှတယ်

Posted using Partiko Android

ဟုတ်​ကဲ့...​ကျေးဇူးပါ....

Posted using Partiko Android

ယက်တောင်လေး လုပ်ထားတာ လှလိုက်တာ ညီမရေ

Posted using Partiko Android

လှတယ်​ဆိုလို့​ပျော်​ပါတယ်​...😊​ကျေးဇူးပါ....

Posted using Partiko Android

လှပသေသပ်တယ်ဗျာ။

ဟုတ်​ကဲ့..​ကျေးဇူးပါ...

Posted using Partiko Android

Coin Marketplace

STEEM 0.32
TRX 0.12
JST 0.033
BTC 64647.16
ETH 3160.49
USDT 1.00
SBD 4.13