How to Make Paper Mobile Holder

in #myanmar5 years ago

Paper Mobile Holder

img1540732750285.jpg

ဒီတစ်​ခါဖုန်းထည့်​လို့ရတဲ့mobile holderတစ်​ခုပြုလုပ်​လိုက်​ပါတယ်​။ကျောဘက်​မှာကတ်​ထူနှင့်​စက္ကူအလိပ်​​တွေပြုလုပ်​၍သုံးထားတာဖြစ်​ပြီး၊​ဘေးဘက်​နှစ်​ဘက်​မှာ​တော့ပန်း​စက္ကူကိုဖြတ်​၍​ခေါက်​ပြီး၊ထိုစက္ကူ​ခေါက်​များတစ်​ခုနှင့်​တစ်​ခုဆက်​ရင်းပြုလုပ်​ထားတာပါ။ရှေ့ဘက်​ကို​တော့ပန်းပွင့်​​လေးပွင့်​ပြုလုပ်​ပြီးအလှဆင်​ထားပါတယ်​။လိုအပ်​တဲ့ပစ္စည်း​တွေကပန်းစက္ကူ၊​ရောင်​စုံစက္ကူ၊ကတ်​ထူ၊​ကော်​ဘူး၊ကတ်​​ကြေး၊ခဲတံ၊​ပေတံ၊double tapeစသဖြင့်​လိုအပ်​ပါတယ်​။

img1540732888332.jpg

ပထမဆုံးမှာ​တော့​ကျောဘက်​ထားရန်​ကတ်​ထူ၊​ရှေ့ဘက်​ထားရန်​ကတ်​ထူတစ်​ခု၊​အ​ခြေမှာထားရန်​ကတ်​ထူတစ်​ခုလိုအပ်​ပါတယ်​။ကျောဘက်​မှာထားရန်​အတွက်​ကတ်​ထူကိုလိုအပ်​သလိုတိုင်းတာဖြတ်​မယ်​။အ​ပေါ်ဘက်​​အစွန်းနှစ်​ခုကိုအနည်းငယ်​ညှိလိုက်​မယ်​။ပြီး​တော့စက္ကူအလိပ်​များပြုလုပ်​မယ်​။စက္ကူအလိပ်​အနည်းငယ်​ကြီးချင်​တာ​ကြောင့်​သတင်းစာစက္ကူနဲ့ပထမဆုံးအလိပ်​လုပ်​ပြီး၊အ​ပေါ်ဆုံးတွင်​မှပန်းစက္ကူဖြင့်​ပတ်​လိုက်​ပါတယ်​။ထိုစက္ကူအလိပ်​များပြုလုပ်​ပြီး၊ကတ်​ထူမှာ​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​နောက်​အ​ခြေမှာထားရန်​ကတ်​ထူနှင့်​​ရှေ့ဘက်​ထားရန်​ကတ်​ထူကိုဖြတ်​၍၊ပန်းစက္ကူဖြင့်​ထပ်​မံ​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20181028_084755.jpg

IMG_20181028_090815.jpg

ဆက်​လက်​ပြီး​ဘေးဘက်​မှာထားရန်​အတွက်​စက္ကူ​ခေါက်​များပြုလုပ်​ပါ့မယ်​။ပန်းစက္ကူကိုဖြတ်​၍အပိုင်းငယ်​များ​ခေါက်​​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​တော့​ကော်​ဘူးမှာပတ်​၍အဆုံးမှာ​ကော်​ကပ်​လိုက်​ပါတယ်​။အနည်းငယ်​ပုံစံ​ဖော်​လိုက်​ပါတယ်​။ထိုနည်းအတိုင်းစက္ကူ​ခေါက်​အများကြီးပြုလုပ်​လိုက်​ပါတယ်​။ပြီး​နောက်​​ကျောဘက်​၊​ရှေ့ဘက်​၊​ဘေးဘက်​၊အ​ခြေတို့အတွက်​ပြုလုပ်​ပြီးတဲ့ကတ်​ထူ​တွေကိုပုံပါအတိုင်းဆက်​လိုက်​ပါတယ်​။

IMG_20181026_130252.jpg

IMG_20181028_123905.jpg

IMG_20181028_123949.jpg

အလှဆင်​ရန်​ပန်းပွင့်​ပြုလုပ်​ချင်​ပါတယ်​။အလျားအနံတူညီတဲ့စာရွက်​ကို​ထောင့်​ဖြတ်​အတိုင်း​ခေါက်​လိုက်​တယ်​။ပြီး​နောက်​အလယ်​အထိကိုတစ်​ဘက်​စီမှ​ခေါက်​ပါမယ်​။ထို့​နောက်​တစ်​၀က်​ထပ်​မံ​ခေါက်​ပြီး၊အလယ်​မျဉ်းထိကိုတစ်​ဘက်​စီမှဆက်​​ခေါက်​ပါတယ်​။ပြီး​တော့ပုံပါအတိုင်းအလယ်​သို့​ခေါက်​ပါဦးမယ်​။နောက်​တစ်​ဆင့်​မှာရရှိထားတဲ့​ခေါက်​ချိုးမျဉ်းအတိုင်းပုံစံအ​နေအထား​ပြောင်းလိုက်​ပါတယ်​။ထောင့်​​တွေကို​လေး​ထောင့်​ပုံစံ​ခေါက်​လိုက်​ပါ့မယ်​။ဆက်​ပြီးအနား​တွေကို​ခေါက်​ပါ့မယ်​။ထောင့်​​လေး​ထောင့်​ကို​ကျောဘက်​သို့​ခေါက်​ချိုးပြီး၊ပုံပါအတိုင်းထပ်​မံ​ခေါက်​လိုက်​ပါတယ်​။ပြီး​နောက်​အတွင်းသို့​ခေါက်​ပြီး၊​ဘေးဘက်​အစွန်း​တွေကိုအတွင်းသို့​ခေါက်​လိုက်​တယ်​။ကျန်​တစ်​ဘက်​ကိုလည်း​ခေါက်​ရမယ်​။အ​ပေါ်ဘက်​ပွင့်​ဖတ်​ပုံစံ​တွေကို​တော့ခဲတံသုံးပြီးအလိပ်​ပုံစံ​ခေါက်​လိုက်​ပါတယ်​။ပန်းပွင့်​​လေးပွင့်​ပြုလုပ်​ထားပါတယ်​။

IMG_20181028_205023.jpgIMG_20181028_205112.jpg

img1540732636292.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

အမြဲအားပေးလျက်ပါ@aster

Posted using Partiko Android

ဟုတ်​ကဲ့....ခုလိုအား​ပေးတာ​ကျေးဇူးပါ...

Posted using Partiko Android

ဖုန်းထည့်လို့ရတော့ အရမ်းအသုံးဝင်တာပေါ့ ညီမရေ

ဟုတ်​ပါတယ်​...ဒီတစ်​ခါ​တော့ဖုန်းအတွက်​အသုံးဝင်​တာ​လေးပြုလုပ်​ဖြစ်​တာပါ...

Posted using Partiko Android

ဟုတ်​ပါတယ်​...ဒီတစ်​ခါ​တော့ဖုန်းအတွက်​အသုံးဝင်​တာ​လေးပြုလုပ်​ဖြစ်​တာပါ...

Posted using Partiko Android

ဟုတ်​ပါတယ်​...ဒီတစ်​ခါ​တော့ဖုန်းအတွက်​အသုံးဝင်​တာ​လေးပြုလုပ်​ဖြစ်​တာပါ...

Posted using Partiko Android

လှတယ်‌ဗျာ၊တစ်‌မျိုးပြီး တစ်‌မျိုး မရိုးပါလား။

အဟီး😁
နောက်​လည်းမရိုးရ​အောင်​အသစ်​အဆန်းများကြိုးစားပါ့မယ်​...

Posted using Partiko Android

ချစ်​စရာ​လေးဗျာ

Posted using Partiko Android

ချစ်​စရာ​လေးဆိုလို့​ကျေးဇူးပါ...​နောက်​လည်းလာပါဦးမယ်​...

Posted using Partiko Android

အရမ်းအသုံးဝင်ပါတယ် ညီမရေ။

Your post has been chosen by C2 myanmar curation team.Members: @mmunited, @aggamun @nayhlaingsoe and @lwanwai.

ဟုတ်​ကဲ့...ခုလိုအား​ပေးလို့​ကျေးဇူးပါ....

Posted using Partiko Android


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.

ဟုတ်​ကဲ့...​ကျေးဇူးပါ....

Posted using Partiko Android

လုပ်​တပ်​တဲ့သူ လုပ်​​တော့လည်း လှတယ်​​နော်

လှတယ်​ဆို​တော့လည်းဆက်​ကြိုးစားဖို့အားဖြစ်​​စေပါတယ်​...​ကျေးဇူးပါ

Posted using Partiko Android

ချစ်စရာကောင်းတဲ့လက်မှုလုပ်ငန်းလေး။

ဟုတ်​ကဲ့...​ကျေးဇူးပါ

Posted using Partiko Android

ဟာ😱😱ဖုန်းတင်စရာလေး အလုပ်စားပွဲပေါ် တင်ထားချင်မိ😁

Posted using Partiko Android

ဒါဆို...တင်​လိုက်​​တော့​လေ...😀

Posted using Partiko Android

မိုက်တယ် မိုက်တယ်

မိုက်​မိုက်​​လေးလုပ်​ထားတာပါ...😊

Posted using Partiko Android

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.040
BTC 70446.49
ETH 3571.68
USDT 1.00
SBD 4.73