How to Make Paper Pencil Holder

in #myanmar5 years ago

ဒီတစ်​ခါမှာ​တော့စာ​ရေးကိရိယာအတိုအထွာများထည့်​နိုင်​​အောင်​paper pencil holderတစ်​ခုပြုလုပ်​ထားပါတယ်​။အ​ရောင်​နှစ်​မျိုးဖြင့်​အကွက်​များ​ပုံ​ဖော်​လိုက်​ပါတယ်​။လေး​ထောင့်​ပုံအခြားကတ်​ထူတစ်​ခုကိုလည်းနှစ်​​ရောင်​စပ်​အကွက်​​လေးများ​ပုံဖော်​ထားလိုက်​တယ်​။ပြီး​နောက်​ပန်းပွင့်​​လေးပွင့်​ဖြင့့်​အလှဆင်​ထားပါတယ်​။လိုအပ်​တဲ့ပစ္စည်း​တွေကကတ်​ထူဘူးခွံ၊အခြားကတ်​ထူတစ်​ရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊​ရောင်​စုံစာရွက်​၊ခဲတံ၊​ပေတံစသဖြင့်​လိုအပ်​ပါတယ်​။

img1543112350678.jpg

img1543111921572.jpg

ပထမအဆင့်​မှာမိမိပြုလုပ်​ချင်​တဲ့အရွယ်​အစားအတိုင်းကတ်​ထူဘူးခွံတစ်​ခုယူပြီးအ၀ါ​ရောင်​စာရွက်​ဖြင့်​​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​နောက်​အကွာအ​ဝေးတူညီစွာဖြင့်​၊ဘူးခွံရဲ့အလျားတစ်​​လျောက်​အပိုင်းငယ်​များဖြတ်​လိုက်​ပါတယ်​။ဆက်​လက်​ပြီးအပြာ​ရောင်​စာရွက်​ဖြင့်​တူညီတဲ့စက္ကူအပိုင်းများပြုလုပ်​ကာပုံပါအတိုင်းတစ်​ကွက်​စီခြားပြီး၊ပုံ​ဖော်​လိုက်​ပါတယ်​။အပြာ​ရောင်​စာရွက်​အပိုင်းကိုတစ်​တန်းစီ၊တစ်​ကွက်​စီခြား၍အဆုံးမှာ​ကော်​ကပ်​ရင်း၊အဆင့်​ဆင့်​ပြုလုပ်​လိုက်​ပါတယ်​။အ​ပေါ်ဆုံးမှာ​တော့အနားသတ်​ရန်​စက္ကူစ​တွေကိုအတွင်းသို့​ခေါက်​ချိုးပြီး​ကော်​ကပ်​လိုက်​ပါတယ်​။ဆက်​လက်​ပြီးအစိမ်းနှင့်​လိ​မ္မော်​အကွက်​များပုံ​ဖော်​ချင်​တာ​ကြောင့်​တူညီတဲ့အပိုင်းများဖြတ်​လိုက်​ပါတယ်​။လိ​မ္မော်​​ရောင်​စာရွက်​အပိုင်းတစ်​ခု​ပေါ်ပုံပါအတိုင်းလိ​မ္မော်​​ရောင်​စာရွက်​အပိုင်းများညီညာစွာ​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​နောက်​အစိမ်း​ရောင်​စာရွက်​အပိုင်းများဖြင့်​တစ်​ကွက်​စီခြား၍ပုံ​ဖော်​ကာအနားသတ်​​တွေမှာ​ကော်​ကပ်​လိုက်​တယ်​။ထိုနည်းအတိုင်းအဆုံးထိပြုလုပ်​ပြီးရင်​​ဘေးဘက်​မှမလိုတဲ့အပိုင်း​တွေကိုညှိလိုက်​ပါတယ်​။ပြီး​နောက်​အခြားကတ်​ထူတစ်​ခုယူ၍​ကော်​ကပ်​လိုက်​ပါတယ်​။ဒီအ​ပေါ်မှာခုနကပြုလုပ်​ထားတဲ့ဘူးခွံကိုဆက်​၍​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20181124_161051.jpg

IMG_20181124_162044.jpg

IMG_20181125_084450.jpg

IMG_20181124_220023.jpg

IMG_20181124_170910.jpg

IMG_20181124_171545.jpg

IMG_20181125_084430.jpg

ထို့​နောက်​ပန်းပွင့်​​လေး​တွေပြုလုပ်​ပါ့မယ်​။ပန်းပွင့်​ပြုလုပ်​ရန်​ပန်း​ရောင်​စာရွက်​ကိုပထမဆုံးဖြတ်​ပါ့မယ်​။စာရွက်​ကိုအလျား၊အနံတူညီစွာဖြတ်​ပြီး၊ပုံပါအတိုင်းအဆင့်​ဆင့်​​ခေါက်​၍ဖြတ်​ပါမယ်​။ထို့​နောက်​စက္ကူ​ခေါက်​ကိုဖြန့်​လိုက်​တဲ့အခါပန်းပွင့်​ပုံရလာမှာပါ။ဆက်​လက်​ပြီးအစိမ်း​ရောင်​စာရွက်​ကိုစက်​၀ိုင်းပုံဖြတ်​ပြီး၊အဆင့်​ဆင့်​​ခေါက်​လိုက်​တယ်​။ထို့​နောက်​ပုံပါအတိုင်းဖြတ်​ပြီး၊စက္ကူ​ခေါက်​ကိုဖြန့်​လိုက်​ရင်​အစိမ်း​ရောင်​ပန်းပွင့်​​သေး​သေး​လေးရမှာပါ။ပြီး​နောက်​ပန်းပွင့်​နှစ်​ပွင့်​ကို​ကော်​ကပ်​လိုက်​ပါတယ်​။စုစု​ပေါင်းပန်းပွင့်​​လေးပွင့်​ပြုလုပ်​ရမှာပါ။ထို့​နောက်​ဘူးခွံမှာ​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20181125_174124.jpgIMG_20181125_174108.jpg

img1543112231457.jpg

img1543111535748.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

Thank you so much

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you so much

Posted using Partiko Android

ငယ်​ငယ်​တုန်းက ထန်းရွက်​က​လေး​တွေ ထန်း​ခေါက်​ဖာရက်​တာသွားသတိယမိတယ်

ငှက်​​ပျောရွက်​နဲ့လည်းလုပ်​လို့ရတယ်​​လေ...😀

Posted using Partiko Android

စမ်းလုပ်ကြည့်အုံးမယ် ညီမရေ

Posted using Partiko Android

ဟုတ်​ကဲ့...စမ်းကြည့်​ပါ....​ကျေးဇူးပါ....😊

Posted using Partiko Android

လှလှပပလေး ဖြစ်သွားတာပေါ့

ဟုတ်​ပါတယ်​...​ကျေးဇူးပါ...

Posted using Partiko Android

အနုစိတ်တယ်နော် ဒါလေးက

ဟုတ်​ပါတယ်​...နည်းနည်းအနုစိတ်​ကျပါတယ်​...​ကျေးဇူးပါ...

Posted using Partiko Android

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.033
BTC 64275.02
ETH 3139.81
USDT 1.00
SBD 4.14