How to Make Paper Pencil Holder

in #myanmar5 years ago

ဒီတစ်​ခါပြုလုပ်​ဖြစ်​တာကခဲတံ၊​ဘောလ်​ပင်​၊​ပေတံ၊စသဖြင့်​စာ​ရေးကိရိယာ၊ပြီး​တော့အခြားအတိုအထွာ​လေးများထည့်​နိုင်​တဲ့အခန်းနှစ်​ခုပါတဲ့pencil holderတစ်​ခုပြုလုပ်​လိုက်​ပါတယ်​။လိုအပ်​တဲ့ပစ္စည်း​တွေက​ရောင်​စုံစာရွက်​၊ကတ်​ထူဘူးခွံ၊ကတ်​​ကြေး၊​ကော်​ဘူး၊ခဲတံ၊​ပေတံ၊စသဖြင့်​လိုအပ်​ပါတယ်​။ပြုလုပ်​ရမည့်​အဆင့်​များက​တော့ဘူးခွံနှစ်​ခုကို​ကော်​ကပ်​၍ဖြတ်​ကာ၊ဆက်​လက်​ပြီး​ဘေးဘက်​နှစ်​ဘက်​မှာကတ်​ထူကိုပုံ​ဖော်​ကာအလှဆင်​ပြီး၊ဘိုးပွင့်​​လေးပွင့်​ထပ်​မံပြုလုပ်​​ကော်​ကပ်​ရမှာပါ။ပြလုပ်​နည်းကိုပုံများဖြင့်​ပြထားပါတယ်​။

img1541083123674.jpg

img1541082829398.jpg

ပထမဆုံးကတ်​ထူဘူးခွံနှစ်​ခုယူပြီး၊လိုအပ်​တဲ့အတိုင်းဖြတ်​ကာ၊​ရောင်​စုံစာရွက်​ဖြင့်​ဖုံးအုပ်​​ကော်​ကပ်​လိုက်​ပါတယ်။ဆက်​လက်​ပြီးအသည်းပုံစံလိုကတ်​ထူနှစ်​ခုဖြတ်​ပါ့မယ်​။အရွယ်​တူကတ်​ထူနှစ်​ခုဖြတ်​ရမှာပါ။ဘေးဘက်​မှ​ကော်​ကပ်​အလှဆင်​ရန်​ပါ။ကတ်​ထူကိုဖြတ်​၍ထိုအ​ပေါ်မှာပန်း​​ရောင်​စာရွက်​များဖြင့်​​ကော်​ကပ်​ပြီး၊အလယ်​မှာ​တော့ညီညာစွာအနက်​​ရောင်​​ဆေးခြယ်​လိုက်​ပါတယ်​။ကတ်​ထူနှစ်​ခုလုံးကိုထိုပုံစံအတိုင်းပြုလုပ်​ရမှာပါ။ပြီး​တော့ခုနကပြုလုပ်​ထားတဲ့ဘူးခွံမှာလည်း​ရှေ.ဘက်​မှာအခြားစက္ကူအပိုင်း​လေးများဖြင့်​​ကော်​ကပ်​လိုက်​ပါ​သေးတယ်​။

IMG_20181102_081337.jpg

IMG_20181101_102111.jpg

ဆက်​လက်​ပြီးဘိုးပွင့်​များပြုလုပ်​ပါ့မယ်​။ခရမ်း​ရောင်​စာရွက်​​တွေကိုပုံစံနှစ်​မျိုးဖြတ်​ရမှာပါ။ဘိုးပွင့်​စုစု​ပေါင်း​လေးခုပြုလုပ်​မှာဖြစ်​ပြီး၊စာရွက်​ကိုလည်းပုံစံနှစ်​မျိုးဖြင့်​ပုံစံတစ်​မျိုးလျှင်​​လေးခုစီဖြတ်​ပါ့မယ်​။ပြီး​နောက်​စာရွက်​ပုံစံတစ်​ခုကိုအလယ်​သို.တစ်​ဘက်​စီမှ​ခေါက်​ပြီး၊ကျန်​တစ်​ခုနှင့်​တွဲ၍​ကော်​ကပ်​လိုက်ပါတယ်​။အလယ်​မှာအခြားစက္ကူအပိုင်းဖြင့်​​ကော်​ကပ်​လိုက်​ပါ​သေးတယ်​။ဘိုးပွင့်​​လေးခုရရင်​​တော့ခုနကပြုလုပ်​ထားတဲ့အသည်းပုံစံနှစ်​ခုမှာတစ်​ခုနှစ်​ပွင့်​စီ​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​တော့ခုနကပြုလုပ်​ထားတဲ့အစိမ်း​ရောင်​စက္ကူဘူးမှာတစ်​ဘက်စီ​​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20181101_103514.jpg

IMG_20181101_103744.jpg

IMG_20181101_104359.jpg

img1541082941097.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

Thank you so much

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you so much

Posted using Partiko Android

အစိမ်းကို အသဲကွဲနဲ့ ကာထားတယ်ပေါ့

ဟုတ်​တယ်​😀...ပြီး​တော့ဘိုးပွင့်​နဲ့ပြန်​ဖုံးလိုက်​တယ်​....

Posted using Partiko Android

ဗူးလေးက ချစ်စရာလေးပါဗျာ
အသေးအဖွဲ့ လေးတွေ ထည့်လို့ ကောင်းသားနော်

ဟုတ်​ပါတယ်​.. ..အတိုအထွာ​ပေါ့​ပေါ့ပါးပါး​လေး​တွေထည့်​လို့ရပါတယ်​...

Posted using Partiko Android

တော်​ပါ​ပေတယ်​ မယွန်းရယ်

ဟုတ်​ကဲ့...ဆက်​ကြိုးစားပါ့မယ်​...​ကျေးဇူး​နော့....

Posted using Partiko Android

ဝိုး !လှချက်‌က လန်‌ထွက်‌။အ‌တွေး ဉာဏ်‌‌တွေ‌ကောင်းပါ့။

အဟီး😀....​ခုလိုအား​ပေးလို့​ပျော်​ပါတယ်​...

Posted using Partiko Android

အလှလေးတွေချည်းပဲ

လှတယ်​ဆိုလို့​ကျေးဇူးပါ...😊

Posted using Partiko Android

ကြာလေ ကြာလေ မျက်စိလည်လေပဲ ☺

😀ဆက်​ပြီးပိုလည်​ရ​အောင်​ကြိုးစားပါဦးမယ်​...

Posted using Partiko Android

လှပ​အောင်​ လုပ်​တတ်​ပါ​ပေ့

ဟုတ်​ကဲ့...​ကျေးဇူးပါ....

Posted using Partiko Android

အယ်လဲ့
မူကြိုဖွင့်ရင်တော့
စမ်းကြည့်ဦးမှ

ဟုတ်​ကဲ့...စမ်းကြည့်​ပါ...😊

Posted using Partiko Android

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.031
BTC 60936.15
ETH 2921.43
USDT 1.00
SBD 3.70