How to Make Paper Pencil Holder

in #myanmar5 years ago

ဒီတစ်​ခါမှာလည်းpaper pencil holderတစ်ခုထပ်​မံပြုလုပ်​ထားပါတယ်​။ရောင်​စုံစာရွက်​​တွေကိုမသုံးထားပဲ၊သတင်းစာစက္ကူ​တွေကိုစက္ကူအလိပ်​များ​ခေါက်​ပြီး၊အရွယ်​တူboxနှစ်​ခု၊အခြားboxပုံစံတစ်​ခု၊စုစု​ပေါင်းသုံးခုပုံစံ​ဖော်​ထားတာပါ။အ၀ါ​ရောင်​ဘိုးပွင့်​များဖြင့်​လည်းအလှဆင်​ထားပါတယ်​။

အဆင့်​၁မှာ​တော့သတင်းစာစက္ကူ​တွေကိုဖြတ်​ပြီး၊တူညီတဲ့စက္ကူအလိပ်​များပြုလုပ်​ပါတယ်​။ပြီး​နောက်​အရွယ်​တူဘူးခွံနှစ်​ခုယူပြီး၊ထိုဘူးခွံ​တွေ​ပေါ်စက္ကူအလိပ်​များညီညာစွာ​ကော်​ကပ်​ပါတယ်​။ထို့​နောက်​ပန်း​ရောင်​စာရွက်​ကိုဘူးခွံရဲ့အ​ပေါ်၊​အောက်​အနားနှစ်​ဘက်​မှာပုံပါအတိုင်း​ကော်​ကပ်​လိုက်​ပါတယ်​။အရွယ်​တူဘူးခွံနှစ်​ခုပြုလုပ်​ပြီးလျှင်​၊အခြားအရွယ်​တူကတ်​ထူနှစ်​ခုဖြတ်​၍၊၎င်းအ​ပေါ်မှာစက္ကူအလိပ်​​တွေကိုညီညာစွာစီ၍​ကော်​ကပ်​ပါတယ်​။ပြီး​နောက်​ဘူးခွံနှစ်​ခုနှင့်​အခြားကတ်​ထူနှစ်​ခုကိုပုံပါအတိုင်းဆက်​လိုက်​ပါတယ်​။ပြီး​နောက်​ကတ်​ထူအရှည်​တစ်​ခုဖြတ်​ရပါ့မယ်​။ထိုကတ်​ထူကို​တော့ခရမ်း​ရောင်​စာရွက်​​ကော်​ကပ်​ပြီး၊ပုံပါအတိုင်းbox​တွေနှင့်​ဆက်​လိုက်​ပါတယ်​။

ဒီအဆင့်​မှာ​တော့အ၀ါ​ရောင်​ဘိုးပွင့်​သုံးခုပြုလုပ်​ရမယ်​။ပြုလုပ်​နည်းကစာရွက်​ကိုအပိုင်းငယ်​များဖြတ်​မယ်​။ပြီး​တော့အနားနှစ်​ဘက်​​ကော်​ကပ်​လိုက်​ပါတယ်​။အလျားမတူညီတဲ့ထိုအ၀ါ​ရောင်​စာရွက်​​ခေါက်​​တွေကိုတစ်​ခုနှင့်​တစ်​ခုဆက်​၍​ကော်​ကပ်​လိုက်​တယ်​။အခြားအ၀ါ​ရောင်​စာရွက်​အပိုင်းငယ်​တစ်​ခုဖြတ်​ပြီး၊အလယ်​မှထပ်​မံ​ကော်​ကပ်​လိုက်​ပါတယ်​။ဘိုးပွင့်​သုံးခုကို​တော့boxတစ်​ခုစီမှာ​ကော်​ကပ်​ပါတယ်​။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

ချစ်စရာ ညီနောင်

ဟုတ်​ပါတယ်​.. ..​ကျေးဇူးပါ...

Posted using Partiko Android

Coin Marketplace

STEEM 0.32
TRX 0.12
JST 0.034
BTC 64837.84
ETH 3174.86
USDT 1.00
SBD 4.17