How to Make Paper Photo Frame

in #myanmar5 years ago

ဒီတစ်​ခါမှာ​တော့ပုံ​လေး​တွေထည့်​နိုင်​​အောင်​paper photo frameတစ်​ခုပြုလုပ်​ထားပါတယ်​။စက္ကူ​ခေါက်​အ​ရောင်​နှစ်​မျိုးကိုရိုးရှင်းစွာ​ဘောင်​​ပေါ်​ကော်​ကပ်​ပြီးပြုလုပ်​ထားတာပါ။လိုအပ်​တာ​တွေက​ရောင်​စုံစာရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊ခဲတံ၊​ပေတံစသဖြင့်​လိုအပ်​ပါတယ်​။

img1549772192007.jpg

img1549772137146.jpg

အပြာနှင့်​ပန်း​ရောင်​စာရွက်​ကိုအလျား12cmအနံ4cmအရွယ်​တိုင်း၍ဖြတ်​လိုက်​ပါတယ်​။ပြီး​တော့အ​ပေါ်ဘက်​​ထောင့်​စွန်းကိုပုံပါအတိုင်း​ခေါက်​ပြီး၊ကျန်​တစ်​ဘက်​​ထောင့်​စွန်းကိုလည်းဆန့်​ကျင်​ဘက်​ဆက်​လက်​​ခေါက်​လိုက်​ပါတယ်​။ထို​ခေါက်​ထားတဲ့​နေရာအထိနှစ်​ဘက်​စလုံးကို​ခေါက်​ချိုးလိုက်​တယ်​။အပြာနှင့်​ပန်း​ရောင်​စက္ကူ​ခေါက်​ကိုပုံပါအတိုင်း​နေရာချကာအကွက်​​လေး​တွေ​ဖော်​လိုက်​ပါတယ်​။ပြီး​နောက်​​လေး​ထောင့်​ပုံကတ်​ထူ​ဘောင်​​ပေါ်ညီညာစွာ​ကော်​ကပ်​လိုက်​ပါတယ်​။ထိုကတ်​ထူ​ဘောင်​အရွယ်​အစားအတိုင်းအခြားကတ်​ထူတစ်​ရွက်​ဖြတ်​ကာ၊​ဘောင်​ရဲ့တစ်​၀က်​ခန့်​ကိုပဲ​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20190206_115515.jpg

IMG_20190206_115602.jpg

IMG_20190206_115644.jpg

IMG_20190206_115732.jpg

IMG_20190208_140829.jpg

IMG_20190206_150350.jpg

IMG_20190206_150726.jpg

ဆက်​လက်​ပြီးphoto standတစ်​ခုပြုလုပ်​ချင်​ပါတယ်​။ကတ်​ထူကိုအလျားအနံ16cm7cmဖြတ်​ကာ၊16cmမှာတစ်​ဘက်​စီ3cmတိုင်း၍မှတ်​လိုက်​ပါ့မယ်​။7cmမှာတစ်​ဘက်​ကို2cmစီတိုင်းမယ်​။3cmတိုင်းထားတဲ့တစ်​ဘက်​မှာပုံပါအတိုင်း​အချွန်​ပုံစံဖြတ်​မယ်​။ကျန်​တစ်​ဘက်​မှာလည်း2cmစီပုံပါအတိုင်းဖြတ်​ကာ၊ကျန်​3cmတိုင်းတဲ့​နေရာကို​ခေါက်​ချိုးလိုက်​မယ်​။ပြီး​နောက်​အခြားကတ်​ထူအ​ပျော့ကို16cmတိုင်း၍4cm​လေးကွက်​ယူ၍​ခေါက်​လိုက်​ပါတယ်​။ထိုစက္ကူ​ခေါက်​ရဲ့4cmတစ်​ကွက်​မှာ​ကော်​ကပ်​ပြီး၊ခုနကစက္ကထူမှာပုံပါအတိုင်း​နေရာချ​ကော်​ကပ်​လိုက်​တယ်​။အခြားတစ်​ဘက်​4cmအကွက်​နှင့်​3cmတိုင်း၍​ခေါက်​ထားတဲ့​နေရာနှစ်​ခုမှာ​ကော်​သုတ်​ပြီး​ဘောင်​ရဲ့​ထောင့်​စွန်းတစ်​ဘက်​မှာ​ကော်​ကပ်​လိုက်​ပါတယ်​။ရိုးရှင်းလှပတဲ့photo frame​လေးပါ။

IMG_20190206_152653.jpg

IMG_20190206_152920.jpg

IMG_20190206_153135.jpg

IMG_20190206_153549.jpg

IMG_20190206_154816.jpg

IMG_20190206_154949.jpg

img1549772078418.jpg

img1549772047988.jpg

Written by @asterkame
MSC-008
By my photos & made by me

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you

Posted using Partiko Android

ဓာတ်ပုံထည့်တာလေးလား အရောင်တွေက မိုက်တယ်

ဟုတ်​ပါတယ်​....ဓာတ်​ပုံထည့်​ဖို့ပါ....​ကျေးဇူးပါ.....

Posted using Partiko Android

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63457.41
ETH 3119.12
USDT 1.00
SBD 3.94