How to Make Paper Photo Frame

in #myanmar5 years ago

ဒီတစ်​ခါမှာ​တော့စက္ကူများဖြင့်​ပြုလုပ်​ထားတဲ့ပုံ​လေး​တွေထည့်​လို့ရ​အောင်​paper photo frameတစ်​ခုပြုလုပ်​ထားပါတယ်​။ပုံ​လေး​တွေနှစ်​ခုထည့်​လို့ရ​အောင်​ပြုလုပ်​ထားပြီး၊စက္ကူ​ခေါက်​များ၊ပန်းပွင့်​များဖြင့်​အလှဆင်​ထားပါတယ်​။

ပြုလုပ်​နည်းက​လေး​ထောင့်​ပုံကတ်​ထူတစ်​ခုပထမဆုံးဖြတ်​မယ်​။ထိုကတ်​ထူကိုအ၀ါနှင့်​ခရမ်း​ရောင်​စာရွက်​​တွေနှင့်​​ကော်​ကပ်​ပြီး၊​ကျောဘက်​ကို​တော့လိ​မ္မော်​​ရောင်​စာရွက်​ကပ်​မယ်​။ဆက်​လက်​ပြီးcdချပ်​တစ်​ခုကိုအ၀ါ​ရောင်​စာရွက်​ဖြင့်​​ကော်​ကပ်​ထားလိုက်​မယ်​။ပြီး​နောက်​စက္ကူ​ခေါက်​များပြုလုပ်​ပါ့မယ်​။စက္ကူ​ခေါက်​နည်းကအလျားအနံ8cm,5cmရှိတဲ့စာရွက်​ကိုဖြတ်​မယ်​။အလယ်​မှ​ခေါက်​ချိုးလိုက်​မယ်​။ထပ်​မံ၍အလယ်​မှ​ခေါက်​ပြီး၊ထိုအလယ်​မျဉ်းထိတစ်​ဘက်​စီမှ​ခေါက်​မယ်​။စက္ကူ​ခေါက်​ကို​ကျောဘက်​လှည့်​၍ပုံပါအတိုင်းဆက်​လက်​​ခေါက်​လိုက်​တယ်​။ထိုစက္ကူ​ခေါက်​များကိုတစ်​ခုနှင့်​တစ်​ခုဆက်​ပြီး၊အ၀ါ​ရောင်​cdချပ်​ရဲ့အနား​တွေမှာ​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​နောက်​​ဘောင်​နှစ်​ခုကိုဆက်​၍​ကော်​ကပ်​လိုက်​ပါတယ်​။

ပြီး​နောက်​အနီ​ရောင်​နှင့်​အ၀ါ​ရောင်​ပန်းပွင့်​များပြုလုပ်​ပါ့မယ်​။ပြုလုပ်​နည်းကစာရွက်​ကိုအလျားအနံတူညီစွာဖြတ်​ပြီး၊ပုံပါအတိုင်းအဆင့်​ဆင့်​​ခေါက်​၍ဖြတ်​မယ်​။ပန်းပွင့်​ပုံရလာရင်​ထပ်​မံ၍​ဆေးခြယ်​လိုက်​ပါတယ်​။အ၀ါနှင့်​အနီ​ရောင်​ပန်းပွင့်​များကိုအလှဆင်​​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​နောက်​ကတ်​ထူကိုသုံး​ခေါက်​ချိုး၍frameရဲ့​ကျောဘက်​မှာ​ကော်​ကပ်​လိုက်​ပါတယ်​။


Written by @asterkame
MSC-008
By my photos & made by me

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you

Posted using Partiko Android

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64266.94
ETH 3077.24
USDT 1.00
SBD 3.87