How to Make Paper Photo Frame

in #myanmar5 years ago

ဒီတစ်​ခါမှာ​တော့​ရောင်​စုံစက္ကူများဖြင့်​ပုံ​လေး​တွေထည့်​နိုင်​​အောင်​photo frameတစ်​ခုပြုလုပ်​လိုက်​ပါတယ်​။ကတ်​ထူကိုပန်းသီးပုံစံ​ဖော်​၍အရွက်​အခက်​​လေးများဖြင့်​အလှဆင်​ထားပါတယ်​။ပြုလုပ်​နည်းကိုပုံနှင့်​စာတွဲ၍​ဖော်​ပြထားပါတယ်​။

ပထမအဆင့်​မှာကတ်​ထူကိုနှစ်​ခုဖြတ်​ရမယ်​။ကတ်​ထူကိုပန်းသီးပုံစံဆွဲ၍အလယ်​မှာပုံထည့်​လို့ရ​အောင်​​လေး​ထောင့်​ပုံထပ်​မံဖြတ်​ကာ၊​ကျောဘက်​မှာ​တော့ပန်းသီးပုံစံအခြားကတ်​ထူတစ်​ခုကိုပြုလုပ်​ကာအပြာ​ရောင်​စာရွက်​​ကော်​ကပ်​ပါတယ်​။ရှေ့ဘက်​ကတ်​ထူကို​တော့အ၀ါ​ရောင်​စာရွက်​ဖြင့်​​ကော်​ကပ်​ပါတယ်​။ပြီး​နောက်​ပန်းပွင့်​​တွေကိုအ၀ါ​ရောင်​စာရွက်​ဖြင့်​ပြုလုပ်​မှာပါ။ပန်းပွင့်​ပြုလုပ်​နည်းကပထမဆုံးတူညီတဲ့အ၀ါ​ရောင်​အသည်းပုံများဖြတ်​မယ်​။ပြီး​နောက်​အခြားစာရွက်​ငယ်​တစ်​ခု​ပေါ်စက္ကူ​ခေါက်​​တွေကိုစီ၍​ကော်​ကပ်​လိုက်​ပါတယ်​။ရရှိလာတဲ့အ၀ါ​ရောင်​အပွင့်​​တွေကို​ဘောင်​​ပေါ်မှာပုံပါအတိုင်း​ကော်​ကပ်​ပါတယ်​။

ဆက်​လက်​ပြီးအရွက်​အခက်​များပြုလုပ်​ပါ့မယ်​။အစိမ်း​ရောင်​စာရွက်​ကိုအရွက်​ပုံဖြတ်​၍​ဆေးခြယ်​ကာအရွက်​များပြုလုပ်​ပြီး၊ပုံပါအတိုင်း​ကော်​ကပ်​ပါတယ်​။ပြီး​နောက်​ကတ်​ထူကိုသုံး​ခေါက်​ချိုးပြီး၊​ဘောင်​ကို​ကော်​ကပ်​ရန်​အတွက်​photo standတစ်​ခုပြုလုပ်​လိုက်​ပါတယ်​။

Written by @asterkame
MSC-008
By my photos & made by me

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

photo frame လေး အရမ်းလှပါတယ်အစ်မ။

Posted using Partiko Android

ဟုတ်​ကဲ့...ခုလိုအား​ပေးတာ ​ကျေးဇူးပါ...

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.034
BTC 63997.36
ETH 3133.23
USDT 1.00
SBD 4.15